bnr_tob_1

2020.04.23SOCIAL

Nike ဖိနပ် ဖန်တီးသူ၏ ဘ၀ဇာတ်ကြောင်း

သူ့နာမည်ကတော့ Phil Knight ပါ။ အိမ်နာမည်ကတော့  ဘတ်လို့ ခေါ်ကြတယ်။ အခု ကျွန်တော် reviewရေးမယ့်စာအုပ်ဟာ Nike ဆိုတဲ့ International Brand တစ်ခု ဖြစ်ပေါ်လာပုံကို အသေးစိတ်ရေးသားထားတာ ဖြစ်တဲ့အတွက် တိုးတက်ချင်တဲ့ လူငယ်လူရွယ်တွေနဲ့ ကိုယ်ပိုင် လုပ်ငန်း‌တည်ထောင်လိုသူတွေ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

ကမ္ဘာကျော် Nike ကို လူတိုင်း သိကြပေမဲ့ Nike ဖန်တီးသူရဲ့ ဘ၀အကြောင်းကိုတော့ လူတိုင်းသိမှာ မဟုတ်ပါဘူး။ ဒီစာအုပ်မှာ နီးကေးဖန်တီးသူကိုယ်တိုင် Nike ဖြစ်ပေါ်လာပုံ ၊ ဘတ်ရဲ့ ဘ၀အနိမ့်အမြင့်တွေနဲ့ ဘယ်လိုဘယ်ပုံကြိုးစားခဲ့တာတွေကို ရေးသားထားပါတယ်။

ခရီးထွက်ခြင်းက Nike ဆိုတဲ့ brand တစ်ခု ဖြစ်တည်လာရခြင်းရဲ့ အစလို့လဲ ဆိုထားပါတယ်။ တက္ကသိုလ် ကျောင်းပြီးခါစမှာ ဘတ်ဆိုတဲ့ လူတစ်ယောက် ခရီးထွက်ရင်း မတူညီတဲ့ လူတွေ၊ မတူညီတဲ့ ဓလေ့တွေ၊ မတူညီတဲ့ အရပ်ဒေသတွေဆီ ခရီးသွားရင်း Nike ဆိုတဲ့ International Brand တစ်ခုကို စတင်ဖန်တီးခဲ့တာပါ။

အောင်ပွဲထက် အရေးကြီးတာ ဘာမှမရှိဆိုတဲ့ အဓိပ္ပါယ်နဲ့ အောင်ပွဲမယ်တော်ရဲ့ ဘွဲ့အမည်နာမအတိုင်း Brand နာမည် သတ်မှတ်ထားတာပါ။

Shoe Dog စာအုပ်ဟာ နီးကေးဖန်တီးသူ၏ ဘ၀အကြောင်းတွေ နီးကေး ဖြစ်လာပုံတွေကို အသေးစိတ်ပြောပြထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်တာကြောင့် နီးကေးဖန်တီးသူဘတ်ရဲ့ အခက်အခဲတွေကြားကနေ ကြိုးစားခဲ့ပုံတွေကို ဖတ်ရှုရမှာဖြစ်ပြီး ဘယ်လောက် ခက်ခဲစမ်းပါစေ အရှုံးမပေးဘဲ ဆက်လုပ်ရင် အောင်မြင်နိုင်တယ်ဆိုတဲ့ စိတ်ခွန်အားကို ရရှိခဲ့ပါတယ်။

Bill Gates ကိုယ်တိုင်ကလည်း ဒီစာအုပ်ဟာ အခြားစာအုပ်တွေလို အောင်မြင်မှုတွေကိုတင် ရေးသားထားတဲ့ စာအုပ်မျိုးမဟုတ်ဘဲ Nike ဖြစ်တည်လာပုံ အစကနေ Nike ဖြစ်တည် ရပ်‌တည်နေပုံအထိ အခြေခံကျစွာ တည်ထောင်သူကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်တစ်အုပ်လို့ ညွှန်းဆိုထားပါတယ်။

စာအုပ်နာမည်ကတော့ Shoe Dog ဖြစ်ပါတယ်။ English မူရင်းစာအုပ်လည်း ၀ယ်ယူရရှိနိုင်ပြီး မြန်မာဘာသာပြန်အနေနဲ့လည်း ဆရာဟိန်းလတ် ဘာသာပြန်ထားတာရှိပါတယ်။

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img