2020.08.13FOOD
ကမ်းနားလမ်း Night Market က Relax လုပ်လို့ကောင်းမဲ့ Bar အသစ်လေး

ညနေဘက်ဆို ကမ်းနားလမ်း Night Market မှာ တော်တော်ပြန်စည်နေပါပြီ။ ဆူးလေဘုရားကနေ ကမ်းနားလမ်းအထိ ဆင်းသွားရင် ကမ်းနားလမ်း Night Market ဖြစ်ပါတယ်။
အခုဆို ကိုလိုနီခေတ်အဆောက်အဦကိုနောက်ခံထားပြီး ဓာတ်ဖမ်းချင်သူတွေလည်း ဘားဆိုင်လေးပေါ်ကနေ ရိုက်ကြတာ တော်တော်များပါတယ်။ အဆောက်အဦက နှစ်ထပ်လေးနဲ့ ညနေဘက် Relax လုပ်ချင်သူတွေ လာသင့်တဲ့ဆိုင်လေး တစ်ဆိုင်ပဲဖြစ်ပါတယ်။
The Box ကို သတိထားမိစေမယ့် အရာကတော့ စည်ပိုင်းတွေရှိနေတာကိုပါ။ ကိုလိုနီခေတ်အဆောက်အဦကိုနောက်ခံထားပြီး The Box ဘားလေးပေါ်ကနေ မြို့ပြရဲ့ နေဝင်ချိန်ကိုကြည့်ရင်း မြို့ပြရဲ့ အရသာကို ခံစားနိုင်ပါတယ်။

သောက်စရာနဲ့ လိုက်တာဆိုရင် အကင်နဲ့ အသုပ်တွေ ဖြစ်မှာပါ။ The Box မှာဆို အကင်တွေနဲ့ သောက်စရာတွေအစုံရမယ့် ဆိုင်လေးတစ်ဆိုင်ပါ။ BBQ တွေဆို ၁၅၀၀ ကနေ ၂၀၀၀ ဝန်းကျင်ပဲ ဝန်းကျင်ပဲရှိနေတာပါ။
သောက်စရာတွေအနေနဲ့ဆို Signature cocktail / Classic Cocktail/ Gin/ Wine/ Rum/ Whiskey/ Shisa/ Vodka/ Beer အစုံပါပဲ။ ဘော်ဒါတွေနဲ့ ဆုံမယ်ဆို ပြီးပြည့်စုံတဲ့ တစ်နေ့တာဖြစ်ဖို့ The Box က ကူညီပေးပါလိမ့်မယ်။
ဆိုင်အနေအထားလေးပါ။ ညနေဘက်မှာ ကမ်းနားက နေဝင်ချိန်ကို ခံစားနိုင်ပြီး ဓာတ်ဖမ်းလို့လည်းကောင်းလို့ ဓာတ်ပုံသမားတွေလည်း အကြိုက်တွေ့စေမယ့် နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။

ညနေရောက်ခါစက ရိုက်ထားတာပါ။ ညနေမှ စဖွင့်တာလည်း ဖြစ်ပါတယ်။ ညမှောင်လေ လူပိုကြလေပါပဲ။ သောက်စရာနဲ့ဆို ဘာလေးတွေလိုက်မလဲ ။
Cripy Banana Worm Tempura – 3500 Ks
ငှက်ပျောအူကိုကြော်ထားတာပါ။ဆိုင်ကလည်း Recommend ပေးထားပါတယ်။ စားလည်းကောင်းသလို အမြည်းအနေနဲ့ဆိုလည်း တော်တော်လိုက်ဖက်ပါတယ်။
Spicy Octopus With Shrimp Paste Salad – 5500 Ks

Spicy octopus with shrimp paste salad ရေဘဝဲသုပ်ပါ။ ရေဘဝဲများသလို ငရုပ်သီးစိမ်းလေးနဲ့ ချဉ်စပ်လုပ်ပေးထားတာပါ။Must try ပါ။

Chicken Satay က 1500 ကျပ်ထဲ ဖြစ်ပြီး ကြက်သားကင်ကတော့ သိပ်မကွာပေမဲ့ ချဉ်ရည်က တော်တော်လေးကောင်းပါတယ်။

Naughty Girl – 5000 Ks
သူက ဗော်ကာနဲ့ ဂျင်နဲ့ ရောထားတာ ပါ။ The Box မှာ သောက်စရာတွေကစုံလို့ ရွေးချယ်စရာများပါတယ်။

ဘီယာနဲ့လိုက်ဖက်တဲ့ မြေပဲဆားလှော်လေး ငရုပ်သီးနဲ့ ကြော်ထားတာ တော်တော်ဆိမ့်ပါတယ်။ ဒါလေးလည်း အကြိုက်တွေ့မှာပါ။

Single Gyi – 6000 Ks
ဆိုင်မှာ လူကြိုက်များတဲ့ထဲက ယောကျ်ားလေးတွေ သောက်ကြသလို မိန်းကလေးတွေလည်း သောက်လို့ရတဲ့ လူပျိုကြီးသောက်ခဲ့တာပါ။ဗော်ကာနဲ့ လိမ္မော်ကို ရောထားတာ အနံ့လည်း သိပ်မပျင်းဘဲ ပျော့ပျော့လေးနဲ့ပါ။

“The Box”
Openiing Hours – 4:00Pm -10:30Pm
Contact Number – 09 696 829 267
Address : ကမ်းနားလမ်း၊ Night Market ၊ ခြောက်ထပ်ရုံးရှေ့။
By : Nay
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ