fb_icon

bnr_tob_1

2020.02.28TRAVEL

ပထမဆုံးအကြိမ်ရောက်ခဲ့ဖူးတဲ့ငွေဆောင် Ngwe Saung Backpacking trip

ဘုရားသုံးဆူဘက်မှာရိုက်ထားတာ

ပီးခဲ့တဲ့ရက်တွေတုန်းကပထမဆုံးအကြိမ်ငွေဆောင်ကိုရောက်ဖြစ်ခဲ့တယ်။အစကငွေဆောင်ဆိုတာပျင်းစရာကြီးကမ်းခြေပဲရှိတယ်ဆိုပီးတခါမှမသွားခဲ့ပါဘူး။မြန်မာပြည်တောင်ဘက်ပိုင်းကလာတဲ့သူဆိုတော့ကမ်းခြေတွေကျွန်းတွေအမြဲသွားဖူးနေတော့ ငွေဆောင် ချောင်းသာဆိုတာယောင်လို့တောင်သွားဖို့မစဉ်းစားခဲ့ဖူးပါဘူး။တကယ့်တကယ်ငွေဆောင်ရောက်သွားတော့စိတ်ဝင်စားစရာနေရာတွေအများကြီးရှိသလိုအခြားကမ်းခြေတွေမှာမတွေ့ဖူးတဲ့nightlifeတွေလည်းရှိတာတွေ့တယ်။

ငွေဆောင်က ကလေးတွေရိုက်ပေးတာလေး

ဒါလည်းကလေးတွေလက်ရာပဲ သူတို့ပဲပို့စ်တွေသင်ပေးတာ
ကမ်းခြေမှာသူများဟိုတယ်ကဒါန
်းလေး

ငွေဆောင်ကိုအနားယူအပန်းဖြေရုံသက်သက်မျိုးမဟုတ်ဘဲbackpackingပုံစံလေးသွားဖြစ်ခဲ့တယ်။
အသုံးဝင်မယ့်အချက်အလက်လေးတွေအရင်ရေးပေးလိုက်မယ်။စာအရှည်ဖတ်ချင်တဲ့သူတွေကတော့အောက်ကစာတွေဆက်ဖတ်လို့ရပါတယ်။

ကား

လိုင်းကားနဲ့သွားမယ့်သူဆိုAsia Dragonကိုပိုပီးrecommendလုပ်ပါတယ်။

နေဖို့

လျှောက်သွားလျှောက်စားသမားဆိုတော့ရွာထဲမှာနေတာပိုကြိုက်ပါတယ်။ဆိုင်ကယ်ငှား tuktukငှားအရမ်းအဆင်ပြေပါတယ်။အခုနေခဲ့တာက Golden Myanmar Guest Houseပါ။စားသောက်ဆိုင်တွေနဲ့နီးပီးGuesthouseအသစ်စက်စက်ပါ။ရွာထဲလမ်းမတန်းမှာပဲရှိတာပါ။breakfastတော့မပါပါဘူး။အခု15%discountရှိပါတယ်။09-765201851

Golden Myanmar Guest house
အခန်းက နှစ်ယောက်ခန်း သုံးယောက်ခန်းကနေ family roomထိရှိတယ် အသစ်စစ်စစ်လေး

ကိုယ်ကတော့ဘယ်သွားသွား hostelတို့ guesthouseတို့မှာပဲတည်းဖြစ
်တယ်

စားဖို့သောက်ဖို့

ငွေဆောင်မှာလက်ဘက်ရည်ဆိုင် စားဖွယ်အစုံစုံ ဆိုရင်အသန့်ပြန့်ဆုံးနဲ့စားဖို့အဆင်ပြေဆုံးကMeeting point(ဆုံမှတ်)ဆိုတဲ့ဆိုင်ပါ။ရွှေပလ္လင်တို့လိုမျိုးပဲအစုံရပါတယ်။ရွာထဲလမ်းပေါ်ပဲ Golden Myanmar Guest Houseအရှေ့မှာပဲရှိတာပါ။ပင်လယ်စာစားချင်ရင်တော့ရွှေမြန်မာစားသောက်ဆိုင်အဆင်ပြေပါတယ်။ဆိုင်ကြီးပီးသန့်ရှင်းသပ်ရပ်အစားအသောက်လည်းထူးထူးဆန်းဆန်းလေးတွေပါရပါတယ်။Phဆက်ပီးပို့ခိုင်းလည်းရပါတယ်။09-785568342
ပို့စ်လေးရေးထားတာရှိပါတယ်
https://www.facebook.com/886399875033908/posts/1131267013880525/

ရွှေမြန်မာစားသောက်ဆိုင်မှာ
စားခဲ့တာလေးတွေ
ရွာထဲမှာပဲ
ရွှေမြန်မာဆိုင်
နှစ်ထပ်ရှိတယ်ကျယ်ကျယ်ဝန်းဝ
န်း
Ambo barမှာ

ညနေပိုင်းကမ်းခြေbarလေးမှာထိုင်ချင်ရင်တော့ Ambo Bar&Grillကိုသွားဖြစ်အောင်သွားပါ။တော်တော်မိုက်ပါတယ်။Ambo Hotelဝင်းထဲမှာရှိပီးtuktukကလေးနဲ့သွားလို့ရပါတယ်။ညဘက်မီးအကတွေလည်းရှိပါတယ်။
ရွာထဲမှာတော့ တော်ဝင်ပန်းဆိုင်မှာ unpluggedလေးနဲ့dinnerသွားစားလို့လည်းရပါတယ်။

Ambo beach bar
ငွေဆောင်ရောက်ရင်သွားဖြစ်အေ
ာင်သွားခဲ့ပါ

Ambo barမှာပဲ

နောက်အာပူလျှာပူတို့ အကြော်တို့လည်းရွာထဲဆိုင်တွေမှာစားကောင်းပါတယ်။

ငွေဆောင်မှာသွားဖို့လာဖို့

ငွေဆောင်မှာသွားဖို့လာဖို့အတွက်ကျတော့ အခုနောက်ပိုင်းtuktukကလေးတွေရှိတော့အရမ်းအဆင်ပြေပါတယ်။ဟိုနားဒီနား၁၀၀၀ပါပဲ။
ဆိုင်ကယ်ကိုယ်တိုင်မောင်းကျတော့တစ်နေ့လုံးစာ၁၅၀၀၀ပါ ကိုယ်တိုင်ဆီဖြည့်ရပါတယ်။နေ့တစ်ပိုင်းငှားရင်၁၀၀၀၀ တစ်နာရီ၅၀၀၀အဲလိုပေးရပါတယ်။

လည်ပတ်စရာနေရာများ

ငှက်ကျွန်း

ကမ်းခြေမှာငှက်ကျွန်းdaytripပို့တဲ့လှေတွေအများကြီးရှိပါတယ်။စပိဘုတ်ဆိုရင်တစ်ယောက်၂၅၀၀၀ ရိုးရိုးလှေဆိုရင်၁၅၀၀၀ရှိပါတယ်။ရေငုပ်တာတွေ အစားအသောက်တွေပါ ပါပါတယ်။များရင်တော့စျေးညှိလို့ရပါတယ်။တစ်ယောက်နှစ်ယောက်ဆိုရင်အများနဲ့joinလို့ရပါတယ်။မနက်၈နာရီလောက်ကနေနေ့လည်၂နာရီလောက်ထိလှေတွေရှိပါတယ်။ကိုယ်တော့မသွားဖြစ်လိုက်ပါဘူး။တော်တော်များများသွားကြပါတယ်။

​မြွေကျွန်းနဲ့ဘုရားသုံးဆူ

မြွေကျွန်းကချစ်စရာတံတားလေး
တွေ

tuktukလေးနဲ့ငှားသွားတာပိုအဆင်ပြေပါတယ်။photo spotsတွေအများကြီးရှိပါတယ်။ကိုယ့်ဘာကိုယ်ဆိုင်ကယ်နဲ့သွားလည်းရပါတယ်။

ဘုရားသုံးဆူဘက်

ငွေဆောင်ဆင်စခန်း

ဆင်စခန်း
ဆင်စခန်းပထမဆုံးရောက်ဖူး
ဆင်ပထမဆုံးကိုင်ဖူးတာပဲ
ဆင်စခန်း တော်တော်လေးအနားယူလို့ကောင်
းအောင်လုပ်ပေးထားတယ်

ပုသိမ်-ငွေဆောင်ကားလမ်းပေါ်မှရှိတာပါ။ငွေဆောင်မှာဆင်စခန်းနှစ်ခုရှိတယ် နောက်တခုကကမ်းခြေနားမှာပဲ။ဒါကတော့တောထဲတောင်ထဲတကယ့်သဘာဝအတိုင်းလေး။အရင်ကတည်းကရှိတဲ့ဆင်စခန်းလေးပါ။ငွေဆောင်ကနေဆိုင်ကယ်ကိုယ်တိုင်မောင်းပီးပဲသွားခဲ့လိုက်တယ်။တောင်တက်တောင်ဆင်းလမ်းပါ။အဲကအပြန်လမ်းမှာbutterfly gardenဝင်လို့ရသေးတယ်
Ngwe Saung Elephant Camp

Kokosnuss Handicraft shop& workshop

kokosnuss handicraft workshopမှာ

made in ngwe saung ဆိုပီးအုန်းသီးခွံနဲ့လုပ်ထားတဲ့လက်မှုပစ္စည်းလေးတွေရောင်းတဲ့ဆိုင်လေးပါ။ပန်းပုရုပ်လေးတွေ အခြားhandmadeပစ္စည်းလေးတွေလည်းအများကြီးရှိတယ်။sounds of coconutsဆိုင်လေးလို့လည်းခေါ်တယ်။ငွေဆောင်ရွာထဲမှာပဲရှိတာပါ။အလုပ်ရုံကတော့ဆိုင်နဲ့သုံးလေးအိမ်အကျော်မှာပါ။အလုပ်ရုံကိုသွားလေ့လာကြည့်ပါ။ပုံလေးတွေအများကြီးကြည့်ချင်ရင်
https://www.facebook.com/886399875033908/posts/1131720240501869/
Kokosnuss Handicraft – Made In NgweSaung

ချစ်သူများကျွန်း

ချစ်သူများကျွန်းမှာ
ချစ်သူများကျွန်း
မနက်ပိုင်းအိပ်ချင်မူးတူးsu
nriseကြည့်
သူနဲ့ပဲဟိုသွားဒီသွားဖို့to
urလေးတွေလည်းရှိပါတယ်

ဟိုတယ်ဇုန်တွေဘက်မှာရှိပါတယ်။ကျွန်းကိုလှေလေးနဲ့အသွားအပြန်တစ်ထောင်ပေးပီးသွားရပါတယ်။

ငွေဆောင်သွားမယ့်သူတွေအတွက်တစိတ်တဒေသအသုံးဝင်မယ်လို့ထင်ပါတယ်။ငွေဆောင်ရောက်ရင်အခန်းတွင်းအောင်းမနေဘဲလျှောက်သွားဖို့နေရာလေးတွေရေးပေးလိုက်ပါတယ်♥️

Credit : https://www.facebook.com/zanflyingsolo

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img