bnr_tob_1

2020.01.21TRAVEL

လည်ပတ်ချင်စရာ နော်ဘူဘော ဆုတောင်းတောင်၊ ပသိချောင်း နှင့် မှော်ယောကြီးဆင်စခန်း

တစ်ရက်ခရီးဖြင့်သွားရောက်လည်ပတ်နိုင်သော အလွန်သာယာလှပတဲ့ နော်ဘူဘော ဆုတောင်းတောင်၊ မှော်ယောကြီးဆင်စခန်း နှင့် ပသိချောင်းအကြောင်းလေး မျှ‌‌ဝေပေးခြင်ပါတယ်။ တစ်ရက်ခရီးလေးမှာ တောင်ပေါ်မြို့ငယ်လေးတစ်ခုကို သွားရောက်လေ့လာနိုင်မှာဖြစ်ပြီး၊ တဆက်တည်းမှာ တောင်ခြေကချောင်းမှာ ရေကစားလို့လည်းရမှာပါ။ အပြန်လမ်းမှာတော့ ဆင်စခန်းမှာ ဆင်စီးလို့လည်းရအုံးမှာမို့ စိတ်လှုပ်ရှားစရာ ခရီးလေးတစ်ခုဖြစ်မှာသေချာပါတယ်။

နော်ဘူဘော ဆုတောင်းတောင်

နော်ဘူဘော ဆုတောင်းတောင်က ကရင်ပြည်နယ်တွင် တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၂၄ ပေအမြင့်တွင် တည်ရှိပြီး ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်တွေထဲက တစ်ခုပါ။ တောင်ပေါ်ရောက်ဖို့ လှေကားထစ်ပေါင်း ၃၇၄ ထစ်ကို တက်ရပါတယ်။ တောင်ပေါ်မှာ အလွန်လှပတဲ့ ရှုမျှော်ခင်းတွေကို မြင်ရမှာဖြစ်ပြီး၊ သန့်ရှင်းလတ်ဆက်တဲ့ လေကိုလဲ တဝကြီးရှုရှိုက်နိုင်မှာပါ။ အလှဆုံးအရာက တိမ်ပင်လယ်တွေပါ။

နော်ဘူဘော ဆုတောင်းတောင်ကိုရောက်ဖို့ ရန်ကုန်ကနေ တောင်ငူအထိသွားရပါမယ်။ တောင်ငူမှတဆင့် သံတောင်ကြီးမြို့သို့ ကားဖြင့်၂၈ မိုင်ခန့်ထပ်သွားရပါမယ်။ အဲ့ဒီ ၂၈မိုင်ထဲမှ ၁၃ မိုင်လောက်က တောင်တက်ခရီး ဖြစ်ပါတယ်။ တောင်ပေါ်လမ်း အကွေ့အကောက်များလွန်းတာကြောင့် ကားမူးတတ်ရင်တော့ နည်းနည်းပင်ပန်းပါလိမ့်မယ်။ တောင်ခြေတွင် ယာဉ်များရပ်နားရန်နေရာ ရှိသည်။

ပသိချောင်း

နော်ဘူဘောတောင်ပေါ်ကပြန်ဆင်းရင် တောင်ခြေက ပသိချောင်းမှာ ရေကစားလို့ရပါတယ်။ ချောင်းထဲက ကျောက်တုံးတွေပေါ်မှာ ဓာတ်ပုံလှလှလေးတွေလည်းရိုက်လို့ရပါတယ်။

မှော်ယောကြီးဆင်စခန်း

အဲ့ဒါပြီးရင် တလက်စတည်း ရန်ကုန်ပြန်မယ့် အပြန်လမ်းက မှော်ယောကြီးဆင်စခန်းကို ဝင်လေ့လာလို့ရသေးတယ်။ မှော်ယောကြီးဆင်စခန်းက ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်မှာရှိပါတယ်။ သစ်ထုတ်လုပ်ရေးရပ်နားထားတဲ့ ခဏမှာ ဆင်လေးတွေရော၊ ဆင်ဉီးစီးတွေရောက ဒေသခရီးသွားလုပ်ငန်းဖွံဖြိုးရေးအတွက် ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ ဆင်စီးလို့ရတယ်။ ဆင်လေးတွေကို အစာကျွေးလို့ရတယ်။ ဆင်လေးတွေနဲ့အတူဓာတ်ပုံလည်းရိုက်လို့ရတယ်။ ဆင်စီးခရီးတိုက ၃၀၀၀ ကျပ်၊ ခရီးရှည်က ၅၀၀၀ ကျပ်ပါ။ နိုင်ငံခြားသားတွေကတော့ ခရီးတိုစီးစီး၊ ခရီးရှည်စီးစီး တစ်ဦးလျှင် ၂၀၀၀၀ ကျပ်ပါ။ ခရီးတိုလေးတစ်ခုတည်းမှာ တောင်တက်၊ ရေကူး၊ ဆင်စီး အတွေ့အကြုံ(၃)ခုရနိုင်တဲ့ခရီးမို့လို့ သွားဖြစ်အောင်သွားကြည့်ဖို့ တိုက်တွန်းပါတယ်။

နော်ဘူဘော ဆုတောင်းတောင်ကို ကိုယ့်လူတွေချည်းပဲ သီးသန့်သွားနိုင်အောင် Possible Travel and Tour က VIP Private Car ငှားပြီးသွားခဲ့ပါတယ်။ လူ(၁၀)ယောက်ဆန့်ပါတယ်။ လူ(၁၀)ယောက်အတွက် မနက်စာ၊ နေ့လည်စာ၊ ကားခ၊ ဆင်စခန်းဝင်ကြေး အပါအဝင် အားလုံးအပြီးအစီး မှ ၅သိန်းကျော်ပဲကျလို့ ကုန်ကျစရိတ်လည်းသက်သာပါတယ်။ (ဆင်စီးခတစ်ခုပဲ ကိုယ့်ဘာသာ ထပ်ပေးရပါတယ်)


Possibel Travel and Tour
09795329585


rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img