fb_icon

bnr_tob_1

2019.12.19TRAVEL

မြစ်ကြီးနားမှာကိုယ့်ဟာကိုယ်လျှောက်လည်ချင်တဲ့သူတွေအတွက်

မြစ်ကြီးနားကိုပထမဆုံးအြကိမ်သူငယ်ချင်းဆီသွားလည်တော့ ဟာ ဒီမြို့ကတစ်ယောက်တည်းသွားလို့လည်းအဆင်မပြေဘူး လည်တာပတ်တာတွေကလည်းဝေးလိုက်တာပေါ့။အခုတစ်ခေါက်ရောက်သွားတော့မြစ်ကြီးနားမြို့ရဲ့အနေအထားကိုသဘောပေါက်သွားပီး ဆိုင်ကယ်လေးနဲ့လျှောက်သွားလိုက်တယ် အရမ်းကိုသွားရလွယ်ကူပီးပြည်နယ်ရဲ့မြို့တော်ဆိုပေမယ့်လမ်းသိပ်မရှုပ်ဘဲမြစ်ဆုံအထိလမ်းတောင်မှဖြူးလို့နေရောပဲ။

အစကတော့ရထားစီးပီးသွားမယ်လို့တွေးတယ် နောက်တော့အချိန်ကြာတာကြောင့်ရောရန်ကုန်ကနေကားနဲ့ပဲတိုက်ရိုက်သွားဖြစ်သွားတယ်။ကားက22နာရီလောက်တော့စီးရတယ် သွားတုန်းကတော့ရိုးရိုးကားပဲစီးသွားလိုက်တယ် သုံးသောင်းစွန်းစွန်းပေးရတယ် တကယ်တော့VIPကားတွေ35800တန်တွေလည်းရှိတာကို။VIPကားတွေကတောင်စျေးသုံးမျိုးလောက်ရှိတယ် 35800 38500ရယ် 40500ရယ်။အပြန်တော့ရွှေကချင်ကားစီးခဲ့တယ် 35800။

တည်းတာကတော့အရင်တစ်ခေါက်ကမြို့ထဲမှာတည်းတယ်။အခုတစ်ခေါက်ကျတော့မနောကွင်းနားကAmber Palace Hotelမှာတည်းဖြစ်တယ်။မြို့ထဲတော့မဟုတ်ပေမယ့် အဓိကလည်ရမယ့်နေရာတွေနဲ့လမ်းကြောအရမ်းနီးပီး စားသောက်ဆိုင်တွေကော်ဖီဆိုင်တွေလည်းအနီးအနားမှာပဲရှိပါတယ်။မြစ်ဘေးကကချင်စားသောက်ဆိုင်တွေဆိုလည်း ဟိုတယ်ဘေးနားလမ်းကသွားလိုက်ရင်အရမ်းကိုမှနီးပါတယ်။ Amber Palace Hotelကတော့building typeဖြစ်ပီး အခန်းတွေကတော့40000ပတ်လည်မှာရှိပါတယ်။ကားဂိတ် လေယာဉ်ကွင်းတွေကိုလည်းကားအကြိုအပို့လုပ်ပေးသေးတယ်။
Ph no-09767616655,0947019286

မြစ်ကြီးနားတခွင်လည်တာပတ်တာကိုလည်းဟိုတယ်မှာငှားလို့ရတဲ့ဆိုင်ကယ်နဲ့ပဲလျှောက်သွားဖြစ်တယ်။ဆိုင်ကယ်ငှားခကတော့တစ်နေ့ကိုကြာချိန်အလိုက်8000-10000ရှိပီး နာရီအလိုက်ငှားရင်တစ်နာရီ2000ပါတဲ့။မြစ်ကြီးနားမှာအဲလိုဆိုင်ကယ်ငှားပေးတဲ့ဟိုတယ်တွေကသိပ်မရှိဘူးရယ်။အရင်တခါတည်းတဲ့ဟိုတယ်ဆိုရင်ဆိုင်ကယ်ငှားလို့မရတော့ကယ်ရီတွေနဲ့တော်တော်တိုင်ပတ်ပါတယ်။ကားဆိုရင်လည်းစျေးကြီးတယ်လေ။ပီးတော့သူတို့ဆီမှာကားနဲ့လည်ချင်တဲ့သူတွေအတွက်ကားလည်းငှားလို့ရပါသေးတယ်။

လည်ပတ်စရာနေရာများ

မြစ်ဆုံနှင့်မြစ်ဆုံအသွားလမ်းကလည်စရာများ

-အောင်မြေသာစံပြကျေးရွာကသံယောဇဉ်ကြိုးတံတားနှင့်ဝါးရုံတောချောင်းဘက်

-Y Garden

-ဂျော်ဘွန်ဆုတောင်းတောင်

-ကရိန်နော်အပန်းဖြေစခန်း

မြစ်ဆုံကတော့မရောက်မဖြစ်ရောက်ကြသလို မြစ်ဆုံအသွားလမ်းမှာရှိတဲ့ အောင်မြေသာစံပြရွာက သံယောဇဉ်ကြိုးတံတားတို့ ဝါးရုံတောဘက်တို့လည်းဝင်လို့ရပါတယ်။ပီးတော့အခုနောက်ပိုင်းဖွင့်ထားတဲ့ မြစ်ဆုံအသွားလမ်းမှာပဲရှိတဲ့Y Gardenဆိုတဲ့နေရာမှာလည်း ဝိုင်တွေမြည်းရင်းဝယ်လို့ရသေးတယ် အစုံပဲ။ဂျော်ဘွန်တောင်လို့ခေါ်တဲ့ခရစ်ယာန်ဘာသာဝင်တို့ရဲ့ဆုတောင်းတောင်လည်းဝင်လည်လို့ရပါသေးတယ်။မြစ်ဆုံအသွားလမ်းကနောင်နန်းရွာမှာရှိတာပါ။ကရိန်နော်ဆိုလည်းမြစ်ဘေးမှာကျောက်ဆောင်တွေနဲ့တော်တော်လှပါတယ်။စီတာပူ​မနောကွင်းဘေးလမ်းကနေတောက်လျှောက်မြစ်ဆုံအထိလမ်းမှာအဲဒါတွေရှိပါတယ်။

မြို့ထဲလည်စရာများ

-မနောကွင်း

-မြို့မစျေးကြီး

-ဟိန္ဒူရွှေဘုရားကျောင်း

-GEIS memorial church(ဂိုက်စ်ဘုရားကျောင်း)

-ညစျေး

မြို့မစျေးဝန်းကျင်မှာပဲသစ်သီးတွေသီးသန့်ရောင်းတဲ့အသီးတန်းလည်းရှိတယ်။လိမ္မော်သီးတွေဆိုတာများပေါချက် သစ်ကြားသီးတို့ငါးပေါက်သီးတို့လည်းအစုံရတယ်။ပီးတော့မြို့မှစျေးအောက်လမ်းကနေရှေ့ကိုဆက်လျှောက်လိုက်ရင်ဟိန္ဒူရွှေဘုရားကျောင်းကြီးရှိတယ်။အဲကနေဆက်သွားရင်အဲဒီလမ်းပေါ်မှာပဲGEIS memorial churchရှိပါတယ်။ကျောက်တုံးဘုရားကျောင်းလှလှလေးပါ။ညစျေးဆိုတာကလည်းမြို့မစျေးနားမှာပဲညဘက်ရောင်းကြပါတယ်။

နောက်ဆဒုံးရေတံခွန်လည်းသွားလို့ရပါသေးတယ်။နဲနဲတော့ဝေးတယ်။ကားငှားသွားတာပိုအဆင်ပြေပါတယ်။နောက်ပီးတော့မြစ်ကြီးနားကနေထိန်ချုံးဘက်တို့ အင်းတော်ကြီးဘက်တို့လည်းလည်လို့ရပါသေးတယ်။

စားဖို့သောက်ဖို့အတွက်ကတော့မြစ်ဆုံကဆိုင်လေးတွေမှာနဲ့ သံယောဇဥ်တံတားကဆိုင်မှာလည်းကောင်းတယ်။ဧရာဝတီမြစ်ကမ်းဘေးကကချင်ဆိုင်လေးတွေဆိုလည်းဟင်းတွေအရမ်းကောင်းပါတယ်။မြို့မစျေးကြီးထဲမှာလည်းခေါက်ဆွဲတွေအစုံရပါတယ်။ညစျေးတန်းမှာဆိုလည်းအစုံစားချင်စရာတွေချည်းပဲ။အစားအသောက်တွေအကြောင်းရေးထားတဲ့ပို့စ်လေးရှိပါတယ်။
https://www.facebook.com/886399875033908/posts/1074705316203362/

မြစ်ကြီးနားမှာကိုယ့်ဟာကိုယ်လျှောက်သွားရတာထင်တာထက်လွယ်ပါတယ်။မသိရင်ဒေသခံတွေကိုမေးလို့ရသလိုတည်းတဲ့နေရာမှာလည်းသေချာလေးလမ်းညွှန်ခိုင်းလို့ရပါတယ်။ကချင်မြေကိုသွားလည်ရာမှာတစ်စုံတစ်ခုအထောက်အကူဖြစ်ရာဖြစ်ကြောင်းမျှဝေပေးလိုက်ပါတယ်♥️

Credit : https://www.facebook.com/zanflyingsolo

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img