bnr_tob_1

2020.03.19TRAVEL

မြန်မာပြည်သူတွေကြား သင်္ကြန်ကာလမှာ သွာရောက်လည်ပတ်ဖို့ စိတ်ဝင်စားမှုများပြားလာတဲ့ မြိတ်ကျွန်းစု နဲ့ ကော့သောင်းခရီစဉ်

Covid  19 Virus ကြောင့် နိုင်ငံတကာခရီးသွားလုပ်ငန်းတွေဟာ တကယ့်ခရီးသွားရာသီရောက်ခါမှ ပိတ်ချလိုက်ရပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ မြန်မာနိုင်ငံရဲ့ Outbound ခရီးသွားလုပ်ငန်းတွေဟာ ထိခိုက်နစ်နာမှုတွေရှိခဲ့ပါတယ်။ တစ်နှစ်မှာ တစ်ခါသာကျရောက်တဲ့ မြန်မာရိုးရာ သင်္ကြန်ကိုတောင် အိမ်တွင်းပုန်းဖို့အကြောင်းဖန်လာရပါတော့တယ်။ သို့သော် ကျွန်တော်တို့ရဲ့ပိတ်ရက်ရှည်ကို အသုံးချလိုစိတ်နဲ့ သင်္ကြန်ကိုချစ်မြတ်နိုးတဲဲ့ စိတ်က Virus လည်းမကြောက်တော့ဖူးထင်ပါတယ်။ အားလုံးက အပူချိန်များတဲ့ နေရာတွေ အထူးသဖြင့် ကမ်းခြေဒေသတွေကို ခရီးထွက်ဖို့စီစဉ်လာပါတယ်။ ဒီလိုခရီးစဉ်တွေထဲမှာ   မြိတ်ကျွန်းစု နဲ့ ကော့သောင်းခရီစဉ် ကတော့ သွာရောက်လည်ပတ်ဖို့ စိတ်ဝင်စားမှုများပြားလာပါတယ်။ မြိတ်ကျွန်းစု နဲ့ ကော့သောင်းခရီစဉ် ကတော့ပြည်တွင်းခရီးစဉ်တွေဆိုပေမယ့် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့ စရိတ်စက နဲ့ ကွာဟချက်သိပ်မရှိလှပါဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်ထားပြီး အင်မတန်လှပတဲ့ နေရာဒေသတွေအဖြစ်ယနေ့တိုင်ရှိနေပါတယ်။

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း၌ ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ဝိတိုရိယအငူ ပင်လယ်ကမ်းစပ်၌ တည်ရှိပါတယ်။ ဘင်္ဂလားအော် အတွင်းသို့ စီးဆင်းသော ပါချန်မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးနှင့် ထိုင်းနိုင်ငံစပ်ကြားတွင် သဘာဝနယ်နိမိတ်အဖြစ်ဖြင့် တည်ရှိကာ ပါချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ် နိုင်ပါတယ်။  ကော့သောင်းမြို့အနီးတွင် ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ထိုင်းဘာသာစကားဖြင့် ‘ကော့စွန်း’ကို မြန်မာများ ကော့သောင်းဟု ခေါ်ခြင်းဖြစ်ပါတယ်။ ကော့စွန်း၏အဓိပ္ပာယ်မှာ ကော့- ကျွန်း၊ စွန်း- နှစ်၊ ‘ကျွန်းနှစ်ကျွန်း’ ရယ်လို့ အနက်ရပါတယ်။

 မြို့အဝင်မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး ပူတာအိုမြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေးပါတယ်။ ရန်ကုန်မြို့မှ ကော့သောင်းအထိကတော့ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှ ကွာပါတယ်။  ကော့သောင်းမှာ ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကို ထိန်းသိမ်းထားလျှက် ယနေ့တိုင် လုပ်ကိုင်နေပါတယ်။ နာမည်ကျော် ဘုရင့်နောင်အငူ(Cape Bayin Naung) ကို ကော့သောင်းမြို့မှာတည်ရှိပါတယ်။ ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ဝိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြပါတယ်။ ဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်တာမို့ အရမ်းကိုလှပါတယ်။  ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟု ပြောင်းလဲခေါ်ဆိုထားတာဖြစ်ပါတယ်။

ကော့သောင်းကုန်းမြေနှင့် မျက်နှာချင်းဆိုင် ဆက်စပ်နေသောကျွန်းမှာ မြိတ်ကျွန်းစုတွင် ပါဝင်သော တောင်ဘက်အကျဆုံး မွေတော်ကျွန်းဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များ ထည့်သွင်းဌာပနာထားသည်ဆိုသော တောင်ကုန်းထိပ်ရှိ စေတီနှစ်ဆူတည်ရှိရာ ကျွန်းလည်းဖြစ်ပါတယ်။  ထိုစေတီတော်များကြောင့် မွေတော်ကျွန်းသို့ ကော့သောင်းဘက်မှ ငါးမိနစ်ကြာမျှ လှေစီး၍ ကူးသန်းသွားလာကြသော ဘုရားဖူးခရီးသွားများ အဆက်မပြတ်ရှိခြင်းဖြစ်ပါတယ်။ ကော့သောင်းမှနေ၍ Andaman Club Resort ဟိုတယ်ရှိရာ သူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့် ၁၀ မိနစ်ခရီးအဖြစ် သွားရောက်နိုင်တဲ့အပြင် စပိဘုတ်(Speed Boat)ဖြင့် သွားရောက်ပါက သုံးမိနစ်ကြာမျှသွားရမှာဖြစ်ပါတယ်။

မြိတ်ကျွန်းစုဆိုတာကတော့ စုစုပေါင်းကျွန်းပေါင်း ကျွန်းပေါင်း ၁ဝဝဝကျော်ရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ကျွန်းစုကြီးဖြစ်ပါတယ်။ အကြီးဆုံးကျွန်းကတော့ ဘုရင်ကျွန်း(KING ISLAND)ဖြစ်ပြီး ဟက်တာပေါင်း ၄၄ဝဝဝရှိပါတယ်။ ကျွန်းအများအပြားမှာ ပင်လယ်အတွင်းမှ ထိုးထွက်နေကြသော ကျောက်တုံးကျောက်စိုင်ကျွန်းများဖြစ်ပြီး အချို့ကျွန်းများမှာ ထုံးကျောက်ကျွန်းများဖြစ်ကြပြီး မီတာပေါင်းရာနှင့်ချီ၍ ရှည်လျားပါတယ်။ ယင်းကျွန်းများပေါ်တွင်  နာမည်ကျော် ဇီဝဇိုးငှက်သိုက်များကို တွေ့နိုင်ပါတယ်။ ဇီဝဇိုးငှက်သိုက်ဆိုတာကတော့ လူများနှစ်ခြိုက်ခုံမင်စွာ ငှက်သိုက်ဆေးဖော်စပ်သုံးစွဲကြပြီး တန်ဖိုးကြီးမားသည့် အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ အရည်သွေးကောင်း စကျင်ကျောက်များ ထွက်ရှိရာ နေရာကတော့ ကစ်စာရိုင်းနှင့်ဒိုမဲလ်ကျွန်းတို့အကြားရှိ ကျွန်းတစ်ခုဖြစ်ပါတယ်။ ကစ်စရိုင်းနှင့်ဆဲလ်လိုကျွန်းများ၏ ကမ်းရိုးတန်းတစ်လျှောက် ဘုရင့်ကျွန်း၊ ထားဝယ်ကျွန်းနှင့် တံငါကျေးရွာများကလွဲလျှင် မြိတ်ကျွန်းစုသည် ယင်းကျွန်းစုကို လှည့်လည်သွားလာကျက်စားနေကြသော ဆလုံသို့မဟုတ် ပင်လယ်ဂျစ်ပစီတို ့အဓိကနေထိုင်သောနေရာဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့နေရာတွေ ကတော့ ပြည်ပခရီးသွားတွေကြားကျော်ကြားလျက်ရှိပြီး  ယခုလိုအချိန်မျိုးမှာတောင် ပြည်တွင်းခရီးသွားတွေအကြား သွားလာလည်ပတ်ဖို့ နေရာတစ်ခုဖြစ်နေပါသေးတယ်။ ဒီလိုအချိန် ဒီလိုနွေ မဟာသင်္ကြန်မှာ ကစားမှာလား နားမှာလားကတော့ စဉ်းစားစရာပါပဲ။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img