bnr_tob_1

2020.10.19SOCIAL

မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား အပါအဝင် နယ်စပ်ဂိတ်များမှ ကုန်ပစ္စည်း တင်ပို့၊ တင်သွင်းခွင့်ကို ထိုင်းဘက်က စတင်ကန့်သတ်

မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကို တွေ့ရစဉ် ဓာတ်ပုံ - စောအောင်မင်းဦး

By ခွန်ယံ

 မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား အပါအဝင် နယ်စပ်ဂိတ်အားလုံး ကို အောက်တိုဘာ ၂၅ ရက် အ ထိ ကုန်ပစ္စည်း တင်ပို့၊ တင်သွင်း ခွင့် ယာယီကန့်သတ်ထားသည်ဟု ထိုင်းအာဏာပိုင်များက ယနေ့ ထုတ်ပြန်ကြေညာသည်။


ထို့ကြောင့် ယမန်နေ့က စ တင်ကာ ထိုင်းဘက်တွင် အမှတ် (၂) ချစ်ကြည်ရေးတံတားအပါ အဝင် ဂိတ်များအားလုံးမှတစ် ဆင့် ကုန်ပစ္စည်းတင်ပို့၊ တင်သွင်း မှုကို ကန့်သတ်ထားလိုက်ပြီဖြစ်ပြီး ယင်းသို့ ကန့်သတ်ထားသည့် အဆိုပြုချက်ကို ပြည်နယ်အစိုးရ မှတစ်ဆင့် ပြည်ထောင်စုအစိုးရ သို့ အစီရင်ခံစာ တင်ပြထားသည် ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ထို့အပြင် နယ်စပ်ကုန် ပစ္စည်း တင်သွင်း၊ တင်ပို့မှုကို  အောက်တိုဘာ ၂၅ ရက်အထိ ကန့်သတ်ထားပြီးနောက် ထိုင်း နိုင်ငံ တာ့ခ်ခရိုင်ဘက်မှ ပုံမှန်ကုန် သွယ်မှု ပြန်လည်ဆောင်ရွက်လို ကြောင်း အဆိုပြုလာပါကလည်း ပြည်နယ်အစိုးရမှတစ်ဆင့် ပြည် ထောင်စုအထိ အဆင့်ဆင့်တင်ပြခွင့်ပြုချက်တောင်းခံပြီးမှ ပြန် လည်ဖွင့်လှစ်ရမည်ဟု ဦးတေ ဇာအောင်က ရှင်းပြသည်။  

‘‘တံတားပိတ်တယ်လို့တော့ မဟုတ်ဘူးခင်ဗျ။ ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မှုကို ယာယီ ကန့်သတ်ထားလိုက်တာပါခင် ဗျ။ တစ်ပတ်ဆိုတာက ထိုင်းနိုင်ငံ က စဉ်းစားစီစဉ်ဆုံးဖြတ်ထားတဲ့ဟာပေါ့။ ကျွန်တော်တို့ အစီအစဉ် ကတော့ တစ်ပတ်လို့ပြောလို့ မရဘူးခင်ဗျ။ စောင့်ကြည့်ပြီး အဖြေထွက်လာမှာပေါ့’’ ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦး တေဇာအောင်က ပြောသည်။

ထိုသို့ ကုန်သွယ်မှုကို ၂၅ ရက်နေ့အထိ ယာယီကန့်သတ် ထားသော်လည်း နေရပ်ပြန်လာ သူများ အပြန်အလှန် လက်ခံခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက် သည့် ဆက်စပ်ကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့ခြင်း အစီအစဉ် ကိုမူ နှစ်နိုင်ငံ သက်ဆိုင်ရာဝန် ကြီးဌာနက ချိတ်ဆက်ဆောင်ရွက် မည်ဟု ၎င်းကဆိုသည်။

‘‘နယ်စပ်ဝင်၊ ထွက်ပေါက် အားလုံးကိုတော့ အရင်ကတည်း က ပိတ်ထားပါတယ်။ သို့သော် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ခွင့် ပြုထားသလိုပဲ နေရပ်ပြန်ကတော့ အဲဒီကန့်သတ်ထားတဲ့အထဲ မပါ ဘူး။ လက်ရှိအချိန်အကန့်အသတ် နဲ့လုပ်တာက ၁ နာရီနဲ့ ၆ နာရီ ကြားပေါ့။ လိုအပ်ချက်ရှိရင် အ ပြောင်းအလဲတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့’’ ဟု ဦးတေဇာ အောင်က ပြောသည်။

ယင်းကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မှု ယာယီကန့်သတ်မှုကို ယမန်နေ့ကစတင်ကာ ထိုင်းနိုင်ငံ ဘက်တွင် စတင်လုပ်ဆောင်နေ ပြီး မြန်မာဘက်မှ ဆောင်ရွက် မည့်အစီအစဉ်ကိုမူ သက်ဆိုင်ရာ ဝန်ကြီးဌာနများက လုပ်ဆောင် မည်ဖြစ်ကာ အုပ်ချုပ်ရေးပိုင်းအ နေဖြင့် သတင်းအတည်ပြုခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ အုပ်ချုပ် ရေးပိုင်းဆိုင်ရာများကို လုပ် ဆောင်နေသည်ဟု ၎င်းကရှင်းပြ သည်။

ယခင်က နှစ်နိုင်ငံချစ်ကြည် ရေးတံတားထိပ်၌ ကုန်ပစ္စည်း ချက်ချင်းလွှဲပြောင်းတင်စေသည့် စနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ကြ သော်လည်း မြဝတီဘက်မှလာ သည့် ကုန်တင်ယာဉ်မောင်းတစ် ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထား ရကြောင်း မဲဆောက်ဘက်၌ စစ်ဆေးမှုအတွင်း ထပ်မံတွေ့ရ ပြီး မြဝတီဘက်တွင်လည်း အဆို ပါ ကုန်တင်ယာဉ်မောင်းများနှင့် ထိတွေ့မှုရှိသူများအား စစ်ဆေး ရာမှ COVID-19 ပိုး ထပ်တွေ့ လာရသဖြင့် ထိုင်းနိုင်ငံဘက်က နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ယာယီကန့်သတ်ထားရန် တောင်း ဆိုလာပြီးနောက် ယမန်နေ့က စတင်ကာ ထိုင်းဘက်က ကန့် သတ်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်တင်ယာဉ် များဖြင့် ကုန်သွယ်မှုကို အောက် တိုဘာ ၂၅ ရက်အထိ ခွင့်မပြု တော့ဘဲ ယာယီကန့်သတ်ထား လိုက်ပြီဖြစ်သဖြင့် ထိုင်းဘက် ရောက်ရှိနေသော မြန်မာကုန် တင်ယာဉ်များကိုနောက်ဆုံး ၅ နာရီထားပြီး မြန်မာဘက်သို့ ပြန် ခွင့်ပြုခဲ့သည်။ ထို့အပြင် မြဝတီ ဘက်ရောက်ရှိနေသည့် ထိုင်းကုန် တင်ယာဉ်များသည်လည်း ၅ နာရီ အမီ ထိုင်းဘက်သို့ ပြန်လာခွင့် ပြုခဲ့သည်ဟု ထိုင်းမီဒီယာတွင် ဖော်ပြထားသည်။

Credit : https://7day.news/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img