bnr_tob_1

2020.01.21ENTERTAINMENT

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ခေတ်မီအနုပညာပြပွဲသို့ ထဲထဲဝင်ဝင် ရောက်ရှိခြင်း

သင်ဟာ အနုပညာကို ချစ်မြတ်နိုးသူဆိုရင်တော့ အနုပညာဖန်တီးမှုရဲ့ တစ်စိတ်တစ်ဒေသမှာ ပါဝင် သင့်တယ်ဆိုတဲ့ ကြော်ငြာတစ်ခုဟာ ကျွန်မကို အထူးပဲ ဆွဲဆောင်စေခဲ့ပါတယ်။ ဒီ ကြော်ငြာကြောင့် ကျွန်မလည်း တုန့်နှေးမနေဘဲ ပွဲသွားဖို့ Register ကို ခပ်မြန်မြန်ပဲ လုပ်လိုက်ပါတယ်။

အဆိုပါ UN – AIA Myanmar Grand Openingပွဲဟာ ယဉ်ကျေးမှု နှင့် အနုပညာတို့ တစ်ခုတည်းအဖြစ် – “UN”- ဆီသို့ ပေါင်းစည်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ရပြီး AIA Insurance ရဲ့  Grand Opening ပွဲကြီးလည်းဖြစ်ပါတယ်။ Junction City ရဲ့ ၂၃ လွှာမှာ ကျင်းပပြုလုပ်တဲ့ ဒီပွဲမှာဆိုရင်ဖြင့် အခန်း ၅ ခန်းကို ဆန်းသစ်စွာတွေ့မြင်ခဲ့ရပါတယ်။ ပြင်သစ်ဘာသာအားဖြင့် “နံပါတ် ၁” ဟု အဓိပ္ပာယ်ရတဲ့ “UN” ကို ပြခန်းမျိုးစုံဖြင့် ထူးခြားဆန်းသစ်စွာ Visual Display များမှာ ကြည့်ရှုခံစားခဲ့ရပါတယ်။

ပထမဆုံးအခန်းကတော့ ရေ အခန်းပါ။ ဒီအခန်းရဲ့ ဆိုလိုရင်းကတော့ လိုက်လျောညီထွေရှိခြင်း၊ စွမ်းအားပြည့်ဝခြင်း၊ အဆုံးအသတ်မရှိခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ စာနဲ့ ပြောပြတာထက်စာရင် ပုံလေးတွေကို ကြည့်လိုက်ရင် ပိုပြီး အသက်ဝ◌င်မှာဖြစ်လို့ တစ်ပုံချင်းစီထောက်ကြည့်ပေးပါအုံးနော်။

ဒုတိယမြောက်အခန်းကတော့ ခိုင်မာခြင်း၊ ချိုးဖျက်လို့ မရခြင်း၊ ထွန်းလင်းတောက်ပခြင်း လို့အဓိပ္ပာယ်ရပါတယ်။ ဒီအခန်းက တခြားအခန်းတွေနဲ့ ဖွဲ့စည်းပုံရော၊ ပြသပုံပါ လုံးဝမတူပဲ ရိုးရိုးရှင်းရှင်းနဲ့ ခမ်းနားနေပါတယ်။ အမှောင်ချထားတဲ့အခန်းမှာ LED ကို နံရံ၄ဖက် ၄နံအပြည့်ကပ်ထားပုံက မျက်စိကို မူးလောက်အောင် တောက်ပပြီးလှပါတယ်။ ဒီအခန်းရဲ့ ထူးခြားချက်ကတော့ အထဲမှာ မြန်မာမင်းသမီးပုံစံ ဝတ်စားထားတဲ့ အမျိုးသမီးငယ် ၃ပါးက စောင့်ဆိုင်းနေခြင်းပါပဲ။

တတိယမြောက်အခန်းကတော့ ကျယ်ပြန့်ခြင်း၊ အရောင်အသွေးအမျိုးစုံလင်ခြင်း၊ သက်ဝင်လန်းဆန်းခြင်း လို့သိရပါတယ်။ နာမည်နဲ့ လိုက်အောင် စုံလင်လှတဲ့အရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အခန်းပါပဲ။

၄ခန်းမြောက်ကတော့ ကျွန်မ အကြိုက်ဆုံးအခန်းပါပဲ။ ခိုင်မာခြင်း၊ ချိုးဖျက်လို့မရခြင်း၊ ထွန်းလင်းတောက်ပခြင်း လို့ နာမည်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နံရံတစ်ခုလုံးကို နှင်းဆီအစစ်တွေနဲ့ အလှဆင်ထားလို့ပါပဲ။ နှင်းဆီအစစ်က မွေးကြိုင်ပြီး လှပနေတာကြောင့် ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတဲံနေရာတစ်နေရာပါပဲ။

နောက်ဆုံးအခန်းကတော့ စွမ်းအင်ဖြစ်စေခြင်း၊ အင်အားပြည့်ဝခြင်းနဲ့  ထွန်းလင်းတောက်ပခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ဒီအခန်းကတော့ ရှေ့ဆုံးအခန်းတွေကထက်စာရင် အငြိမ်ဖက်ကိုရောက်သွားပါတယ်။ LED တွေနဲ့ ပျိုးပျိးပြက်ပြက် ပုံဖော်ထားခြင်းမရှိတော့ဘဲ Projector နဲ့သာ ပုံဖော်ထားပါတယ်။ ဓာတ်ပုံ ရိုက်လို့ အလှဆုံးအခန်းပေါ့။ ဘယ်လောက်လှသလဲဆိုတာကိုတော့ ကျွန်မပုံတွေကိုသာ ကြည့် ကြည့်ပါတော့။

ဒီတနဂ်နွေနေ့ကတော့ တကယ်ကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းခဲ့တဲ့နေ့တစ်နေ့ပါပဲ။ ပုံလေးတွေကို ကြည့်ပြီး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img