fb_icon

bnr_tob_1

2019.07.23SOCIAL

မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုလ်တု Myanmar Set-2

မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုလ်တုဖြစ်သော Myanmar Set-2 ကို ပြင်သစ်နိုင်ငံ မှ ၂၀၁၉ ဇူလိုင်လ ၂၄ရက်နေ့တွင် လွှတ်တင်တော့မည် ဖြစ်ပါတယ်။
ယခင်က ဇွန်လတွင် လွှတ်တင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အကြောင်း တစ်စုံတစ်ရာကြောင့် နှောင့်နှေးခဲ့ပါတယ်။
Myanmar set-2 ကို မြန်မာ့ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ဝန်ကြီးဌာန နဲ့ International Telecommunications Union (ITU) အပါအဝင် အခြားနိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။ အဆိုပါ ဂြိုလ်တုသည် c-brand နဲ့ ku-brand နှစ်မျိုးလုံး ပါဝင်ပြီး လိုအပ်သော ပတ်လမ်းနေရာ ရောက်ရှိရန် လျှပ်စစ်နှင့် ဓာတုတွန်းကန်စနှစ် နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။
၎င်းဂြိုလ်တု၏ ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၅၅.၇ သန်းရှိပြီး အရစ်ကျပုံစံဖြင့် ဝယ်ယူခဲ့ပါတယ်။ ပေးချေရမည့် ၃၀ ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်မှာ နှစ်ကြိမ်ခွဲ ဆောင်ခဲ့ပြီး၊ ၅၀ ရာခိုင်နှုန်းကို ၂၀၁၉ မှာ ၄ ကြိမ်ခွဲကာ ပေးဆောင်ခဲ့ပါတယ်။ ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ၂၀၂၀ မှာ ပေးချေသွားမည်ဟု သိရှိရပါတယ်။
Myanmar Set-2 ၏ လုပ်ဆောင်ချက်များမှာ အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း နှင့် အာရှတိုက်တို့တွင် မြန်နှုန်းမြင့် ဗီဒီယိုရရှိရန် နှင့် ကမ္ဘာပေါ်ရှိ မြန်မာနှင့်သက်ဆိုင်တဲ့ operator များရဲ့ စွမ်းရည် မြန်နှုန်းကို မြင့်မားစေရန် ရည်ရွယ် လွှတ်တင်ခြင်း ဖြစ်ပါတယ်။
ထို့ကြောင့် မြန်မာတို့ရဲ့ဂုဏ်ယူဖွယ် Myanmar Set-2 လွှတ်တင်မှုကို စောင့်မျှော်ပေးပါရန် ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img