bnr_tob_1

2020.03.13SOCIAL

မီးရထားနဲ့ခရီးသွားလိုသူတွေအတွက်

ရန်ကုန်မြို့ကနေ မြန်မာပြည်အရပ်ရပ်ကို အလည်အပတ်ခရီးဖြစ်စေ၊ အလုပ်တာဝန်နဲ့ဖြစ်စေ သွားလာကြတဲ့ ခရီးသွားပြည်သူတွေနဲ့ မြန်မာပြည်အရပ်ရပ်ကနေ ရန်ကုန်မြို့ကို အလည်အပတ်ခရီးဖြစ်စေ၊ အလုပ်တာဝန်နဲ့ဖြစ်စေ လာရောက်ကြမယ့် တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမတွေအတွက် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေအနေနဲ့ မော်တော်ကား၊ လေယာဉ်၊ သင်္ဘော ၊ မီးရထား စတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကနေ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါတယ်။

အဲဒီ သယ်ယူပို့ဆောင်ရေး ယာဉ်တွေထဲက သက်တောင့်သက်သာနဲ့ သွားလာလို့ရမယ့် မီးရထားခရီးစဉ်တွေကို ပြသပေးချင်ပါတယ်။ လတ်တလော ရန်ကုန်ဘူတာကြီးကနေ မြန်မာပြည်အရပ်ရပ်ကို ပြေးဆွဲပေးနေတဲ့ မီးရထားခရီးစဉ်ကတော့ (၈) ခုရှိပါတယ်။ အဲဒီခရီးစဉ်တွေကတော့ ရန်ကုန် မှ မန္တလေး၊ ရန်ကုန် မှ ပြည်၊ ရန်ကုန် မှ ပုဂံ၊ ရန်ကုန် မှ မော်လမြိုင်၊ ရန်ကုန် မှ မော်လမြိုင် − ရေး − ထားဝယ်၊ ရန်ကုန် မှ နေပြည်တော် စတဲ့ ခရီးစဉ်တွေဖြစ်ပြီး အစုန် − အဆန် တိုက်ရိုက် ပြေးဆွဲပေးလျက်ရှိပါတယ်။

မီးရထားစီးခရီးသွားလိုသူတွေအတွက် မိမိသွားမယ့် ခရီးစဉ်ရဲ့ ရထားအမှတ်၊ ထွက်ခွာချိန် နဲ့ လက်မှတ်ခကျသင့်ငွေကိုလည်း ရန်ကုန်ဘူတာကြီးမှာ ပြသပေးထားပြီး အများပြည်သူ အလွယ်တကူ သိရှိနိင်စေဖို့ မှတ်တမ်းပြုစုထားပါတယ်။

အမှတ် ( ၁၁ ) အဆန် − ရန်ကုန် − မန္တလေး − မနက် ( ၅ ) နာရီ

အမှတ် ( ၁၂ ) အစုန် − မန္တလေး − ရန်ကုန် − မနက် ( ၅ ) နာရီ

အမှတ် ( ၅ ) အဆန် − ရန်ကုန် − မန္တလေး − ညနေ ( ၃ ) နာရီ

အမှတ် ( ၆ ) အစုန် − မန္တလေး − ရန်ကုန် − ညနေ ( ၃ ) နာရီ

အမှတ် ( ၃ ) အဆန် − ရန်ကုန် − မန္တလေး − ညနေ ( ၃း၄၅ ) နာရီ

အမှတ် ( ၄ ) အစုန် − မန္တလေး − ရန်ကုန် − ညနေ ( ၃း၄၅ ) နာရီ

အမှတ် ( ၇၁ ) အဆန် − ရန်ကုန် − ပြည် − မွန်းလွဲ ( ၁ ) နာရီ

အမှတ် ( ၆၁ ) အဆန် − ရန်ကုန် − ပုဂံ − ညနေ ( ၄ ) နာရီ

အမှတ် ( ၈၉ ) အဆန် − ရန်ကုန် − မော်လမြိုင် − မနက် ( ၆း၃၀ ) နာရီ

အမှတ် ( ၁၇၅ ) အဆန် − ရန်ကုန် − မော်လမြိုင် − ရေး − ထားဝယ် − ညနေ ( ၆း၃၀ ) နာရီ

အမှတ် ( ၇ ) အဆန် − ရန်ကုန် − နေပြည်တော် − ညနေ ( ၇ ) နာရီ (စနေ)

အမှတ် ( ၈ ) အစုန် − နေပြည်တော် − ရန်ကုန် − ညနေ ( ၇ ) နာရီ ( သောကြာ )

ရထားလက်မှတ်ခနှုန်းတွေကတော့

၁။ ရန်ကုန် − မန္တလေး          −    ရိုးရိုးတန်း       − ၄၆၅၀

  • အထက်တန်း   − ၉၃၀၀
  • အိပ်စင်         − ၁၂၇၅၀

၂။ ရန်ကုန် − ပြည်              −   ရိုးရိုးတန်း        − ၁၉၅၀

  • အထက်တန်း   − မပါ

၃။ ရန်ကုန် − ပုဂံ               −   ရိုးရိုးတန်း        − ၄၅၀၀

  • အထက်တန်း   − ၁၂၀၀၀
  • အိပ်စင်         − ၁၆၅၀၀

၄။ ရန်ကုန် − မော်လမြိုင်     −  ရိုးရိုးတန်း         − ၂၁၅၀

  • အထက်တန်း   − ၄၂၅၀

၅။ ရန်ကုန် − မော်လမြိုင် − ထားဝယ် − ရိုးရိုးတန်း            − ၂၁၅၀

  • အထက်တန်း   − ၄၂၅၀

၆။ ရန်ကုန် − နေပြည်တော်   − ရိုးရိုးတန်း          − ၂၈၀၀

  • အထက်တန်း   − ၅၆၀၀
  • အိပ်စင်         − ၇၇၀၀

မိမိသွားလိုတဲ့ ဘူတာဟာ ခရီးဆုံးဘူတာမဟုတ်ဘဲ ကြားဘူတာဖြစ်ပါက အဲဒီဘူတာရဲ့ သတ်မှတ်စျေးနှုန်းအတိုင်းသာ လက်မှတ်ခ ပေးဆောင်ရမှာပါ။

နေပြည်တော် − ရန်ကုန် အမှတ် (၈) အစုန် ရထားမှာ နေပြည်တော်မှ သောကြာနေ့ ညနေ (၇)နာရီ တစ်ရက်သာ အပတ်စဉ်ပြေးဆွဲပေးပြီး ရန်ကုန် − နေပြည်တော် အမှတ် (၇) အဆန် ရထားမှာ ရန်ကုန် မှ စနေနေ့ ညနေ (၇)နာရီ တစ်ရက်တည်းသာ အပတ်စဉ် ပြေးဆွဲပေးပါတယ်။

ရထားလက်မှတ်တွေကိုတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်၊ ဆာကူရာတာဝါရှေ့မှာရှိတဲ့ ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံမှာ မိမိသွားမယ့်ရက် မတိုင်မီ (၃)ရက် ကြိုတင်ပြီး ဝယ်ယူနိုင်ပါတယ်။ ကြိုတင်မဝယ်ထားပါကလည်း ရန်ကုန်ဘူတာကြီးရဲ့ နေ့ချင်းလက်မှတ်ရုံမှာ မိမိသွားမယ်နေ့မှာ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။

ခရီးဝေးကို သွားလိုသူတွေအတွက် မီးရထားနဲ့ ခရီးသွားခြင်းဟာ လူကို လန်းဆန်းစေပြီး သက်တောင့်သက်သာလည်း ရှိပါတယ်။

မီးရထားရဲ့ တွဲဆိုင်းတွေတိုင်းမှာလည်း သန်းစင်ခန်းတွေ ပါတဲ့အတွက် ကျန်းမာရေးအတွက်ပါ အားလုံးအဆင်ပြေစေပါတယ်။ တစ်ဉီးတည်း သီးသန့်ခရီးထွက်ချင်သူတွေအတွက်ကတော့ အထက်တန်းတွဲတွေမှာ တစ်ယောက်သီးသန့် ထိုင်ခုံတွေလည်း ပါပါတယ်။ အဲဒါကြောင့် အလုပ်ကိစ္စနဲ့ပဲဖြစ်ြဖစ်၊ အလည်အပတ် ခရီးပဲဖြစ်ဖြစ် မီးရထားကြီးစီးပြီး ပျော်ပျော်ပါးပါး ခရီးထွက်ကြရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img