fb_icon

bnr_tob_1

2019.09.12SPORTS

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၂) အဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆:၅၀ တွင် မြန်မာတို့၏ အိမ်ကွင်းဖြစ်သည့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါပွဲစဉ်၌ ဂျပန်အသင်းက ကမ္ဘာ့အဆင့်မီ အသင်းပီပီ မြန်မာအသင်းအပေါ် ဖိအားပေး ကစားနိုင်ခဲ့ပါသည်။ မြန်မာအသင်းကလည်း အင်အားကြီး ဂျပန်အသင်းကို ခံစစ်အားပြုကာ ပြန်လည် ယှဉ်ပြိုင်ခဲ့ပါသည်။ ဂျပန်အသင်းသည် မြန်မာအသင်းကို ပွဲစတင်ပြီဆိုကတည်းက တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ပွဲကစားချိန် ၁၅ မိနစ်ကျော်မှသာ ဦးဆောင်ဂိုးကို စတင်ရရှိခဲ့ပါသည်။ အဆိုပါသွင်းဂိုးကို ဂျပန်အသင်း ကွင်းလယ်ကစားသမား နာကာဂျီမားက အဝေးကန်သွင်းချက်ဖြင့် ကန်သွင်းယူခဲ့ပါသည်။ ထို့နောက် ဂျပန်အသင်းက ဂိုးထပ်မံရရှိရန် ဆက်လက်တိုက်စစ်ဆင်လာခဲ့ရာ ပွဲကစားချိန် ၂၆ မိနစ်တွင် ဒုတိယမြောက် သွင်းဂိုးကို မီနာမီနိုက ဆက်လက်သွင်းယူခဲ့ပါသည်။

ထို့နောက် မြန်မာအသင်းသည် ဂိုးထပ်မံမပေးရရေးကို ပိုမိုအားပြုကစားလာခဲ့သည်။ ထို့ပြင် မြန်မာအသင်းဂိုးသမား၏ လက်စွမ်းပြမှုနှင့် မြန်မာနောက်တန်းတို့ ခံစစ်ကစားပုံ ကောင်းမွန်မှုကြောင့် ပွဲပြီးချိန်တွင် နှစ်ဂိုး ဂိုးမရှိ ရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့ပါသည်။ အဆိုပါပွဲစဉ်တွင် ပွဲကြည့် ပရိသတ်ပေါင်း နှစ်သောင်းခြောက်ထောင်ကျော်လာရောက် အားပေးခဲ့သည်ဟု သိရပါသည်။ မြန်မာအသင်းသည် တတိယမြောက်ပွဲစဉ်အဖြစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကာဂျစ္စတန် အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါသည်။


မြန်မာအသင်းနှင့်ဂျပန်အသင်းပွဲစဉ်မှ ဂျပန်အသင်း၏ ကစားသမား နာကာဂျီးမားရဲ့ ဦးဆောင်ဂိုး ရုပ်သံဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

By: Zaw Gyi & Hlwan Moe

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img