bnr_tob_1

2020.02.27ENTERTAINMENT

မတ်လမှာကျင်းပမယ့် မြန်မာ−ဂျပန် Myansonic 2020 ဂီတပွဲတော်

Myansonic 2020 ဂီတပွဲတော်ကြီးကို Golden Inya Restaurant မှာ မတ်လ (၁၄)ရက်မှာ ကျင်းပမယ်လို့သိရပါတယ်။ ဒီပွဲတော်ကြီးကို မြန်မာအနုပညာရှင်တွေရယ်၊ ဂျပန်အနုပညာရှင်တွေရယ် ပါဝင်တင်ဆက်ပေးကြမှာပါ။

ဒီ Myansonic 2020 ဂီတပွဲတော်ကြီးမှာ အဓိက ပါဝင်မယ့် Band အဖွဲ့ကတော့ ‘Pank’ ဂီတတေွကို တင်ဆက်ပေးနေတဲ့ The Rebel Riot Band’’ ပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မကြာသေးခင်ကပဲ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ ယူကေနိုင်ငံတွေမှာလည်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသေးတယ်။

အဲဒီအဖွဲ့နဲ့အတူ ပါဝင်တင်ဆက်မယ့်အဖွဲ့ကတော့ ‘Where is Charlie’ လို့အမည်ရတဲ Band အဖွဲ့ဖြစ်ပြီး သူတို့ကတော့ ‘Blue Rock’ နဲ့ ‘Reggae’ အမျိုးအစား တေးသီချင်းတွေနဲ့ ပါဝင် ဖျော်ဖြေမယ်လို့ သိရပါတယ်။

‘’Oreska’’ လို့ အမည်ပေးထားတဲ့ ဂျပန် Girl Band အဖွဲ့ကလည်း ပါဝင်ဖျော်ဖြေကြမယ်လို့ သိရပါတယ်။ ဒီ Girl Band ဟာဆိုရင် အမေရိကန်၊ အာဂျင်တီးနား၊ ဘရာဇီး နိုင်ငံတွေမှာ သွားရောက်ဖျော်ဖြေခွင့်ရခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

လူငယ်များရဲ့အသံ ဂီတပွဲတော်တွေမှာ ပါဝင်ဖျော်ဖြေပေးနေပြီး နိုင်ငံတကာပွဲတွေမှာလည်း ပရိတ်သတ်အားပေးမှုတွေ ရရှိနေတဲ့ Side Effect Band အဖွဲ့လည်း ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

လတ်တလောမှာတော့ အဲဒီအဖွဲ့ (၄)ဖွဲ့ကို အတည့်အလင်း ကြေညာပေးထားတာဖြစ်ပြီး နောက်ထပ်ပါဝင်မယ့် အဖွဲ့တွေကိုလည်း ဆက်လက်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

ဒီ ဂီတပွဲတော်ကြီးကို မတ်လ (၁၄)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ ဝင်ကြေးကလည်း အခမဲ့ဖြစ်တဲ့အတွက်ကြောင့် ဂီတ ချစ်မြတ်နိုးသူတွေ လာရောက်ကြည့်ရှု့ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img