fb_icon

bnr_tob_1

2019.12.24ENTERTAINMENT

ယခုအပတ်ရဲ့ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး Myanmar Idol

            ယခုအပတ်ရဲ့ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရရှိနေတဲ့ ပွဲတစ်ခုကတော့ Myanmar Idol Season 4 Grand Final ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဆိုပြိုင်ပွဲတွေ ခေတ်စားလာတာနဲ့အမျှ သီချင်းအဆိုတော်တဲ့ လူ ငယ်များလည်း များစွာပေါ်ထွန်းလာနေပါတယ်။ အဆိုပါပြိုင်ပွဲများထဲမှာ လူကြိုက်များပြီး ပရိသတ်စိတ်ဝင် စားမှု အများဆုံးရရှိတဲ့ ပြိုင်ပွဲတစ်ခုကတော့ Myanmar Idol အဆိုပြိုင်ပွဲပဲ ဖြစ်ပါတယ်။

            ၂၀၁၉ရဲ့ ဒိုင်လူကြီး (၃)ဉီးကလည်း အထူးဖက်ရှင်များနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့ပါတယ်။ တေးသံရှင် အောင်ကိုလတ်၊ တေးသံရှင် တင်ဇာမော်၊ တေးသံရှင် ဖြူဖြူကျော်သိန်းတို့က ဒိုင်များအဖြစ် တာဝန်ကျေခဲ့ကြ ပါတယ်။

            Myanmar Idol သီချင်းဆိုပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလာခဲ့ပြီး ယခု၂၀၁၉ခုနှစ်မှာ စတုတ္ထအကြိမ်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပြိုင်ပွဲရဲ့ ပထမအစပိုင်း ပွဲစဉ်တွေကို မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေမှာ လှည့်လည်ကျင်းပခဲ့ပြီး ရွေးချယ်ခံရတဲ့ အဆိုရှင်တွေအားလုံးထဲက Finalist Top 11 အဖြစ် ၁၁ဉီးကို ပဏာမ ရွေးထုတ်ခဲ့ပါတယ်။

            ၂၀၁၉ရဲ့ Finalist Top 11 တွေကတော့ (၁)အေးမြဖြူ (၂) စနေလင်းကျော် (၃) ခြူးစစ်ဟန်  (၄) အက်စတာဒေါ့သ်ချင်းဆုန် (၅) နှင်းအိအိဝင် (၆) ယောကီး (၇) တန်ခွန်ကျော် (၈) နော်စေးစေးထူး (၉) ထက်အ ဉ္ဇလီ (၁၀) စောခရစ်မူးလာ (၁၁) Benjamin Sum တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ (၁၁)ယောက်ထဲက နောက်ဆုံး Final  Idol တစ်ဉီးကိုသာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

            ယခုဆိုလျင် နောက်ဆုံး ဇကာတင် (၃)ဉီးသာ ကျန်ရှိနေပြီဖြစ်ပြီး လာမည့် (၂၈)ရက်နေ့တွင် စတုတ္ထ အကြိမ်မြောက် Myanmar Idol တစ်ဉီးကို ရွေးထုတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀)ရက်နေ့ Result Show ရလဒ်မှာ တန်ခွန်ကျော် နဲ့ မူးလာတို့က ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး အေးမြဖြူ ၊ အက်စတာဒေါ့သ်ချင်းဆုန် ၊ Benjamin Sum တို့ (၃)ဉီးက Grand Final  ကိုတက်ရောက်သွားခဲ့ပါတယ်။

            ဒီဇင်ဘာ (၂၈)ရက်နေ့၊စနေနေ့ညမှာတော့ Myanmar Idol Season 4 ရဲ့ နောက်ဆုံး ရလဒ်ကို ထုတ်ပြန်ကြေညာပြီး မြန်မာနိုင်ငံရဲ့အဆို Idol တစ်ဉီးပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ တာမွေ၊ ရွှေထွဋ်တင်ကွင်းမှာ ည (၉)နာရီက စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

            အေးမြဖြူ၊ အက်စတာဒေါ့သ်ချင်းဆုန် ၊ Benjamin Sum သူတို့ (၃)ဉီးလုံးက ပရိသတ်အခိုင်အမာရထား ပြီးဖြစ်တဲ့အတွက် ၂၀၁၉ရဲ့ Idol ဟာ ဘယ်သူဖြစ်မလဲဆိုတာ တကယ့်ကိုစိတ်ဝင်စားစရာပါ။ ပရိသတ်ကြီးက လည်း အထူးစိတ်လှုပ်ရှားနေကြပါပြီ။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img