fb_icon

bnr_tob_1

2019.10.25TECH

၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event

www.avast.com

အဆိုပါပွဲစဉ်ဟာ ၃ ယခုနဲ့ဆိုလျှင် ၃ကြိမ်မြောက်ကျင်းပမယ့် ပွဲစဉ်ကြီးဖြစ်လို့ လာခဲ့ပါပြီ။
မြန်မာနိုင်ငံဒီဂျစ်တယ် နည်းပညာတီထွင်ဆန်းသစ်မှုများနှင့် တိုးတက်​​ပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေးပွဲ တတိယပွဲစဉ်ဖြစ်​တဲ့ Friedrich Naumann Foundation Myanmar (FNF Myanmar)နှင့် Impact Hub Yangon တို့မှ ပူး​ပေါင်း၍ ကျင်းပပြုလုပ်​သော မြန်မာနိုင်ငံ၏ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ တတိယ​​မြောက်အခမ်းအနားပွဲလည်းဖြစ်ပါတယ်။အထက်ပါ အခမ်းအနားပွဲသည် မြန်မာနိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ ​တွေ့ဆုံ​ဆွေး​နွေး​ရေးပလက်​ဖောင်းတစ်ခုဖြစ်လာ​စေရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ စီးပွား​ရေးဖွံ့ ဖြိုးတိုးတက်မှု အ​​ကြောင်းကိုပါ ပိုမိုသိရှိလာ​​စေရန် ရည်ရွယ်ပါတယ် လို့သိရပါတယ်။

တကယ့်ကို ရည်ရွယ်ချက်ကောင်းမွန်တဲ့ ပွဲစဉ်တစ်ပွဲပါပဲ။ အဆိုပါ တတိယ​မြောက်ပွဲစဉ်တွင် ယခင်အခမ်းအနားပွဲတွင် ​ဆွေး​နွေးခဲ့ကြ​သော အ​​ကြောင်းအရာများနှင့် ၄င်းလိုအပ်ချက်အား​​​ဖြေရှင်း၍ ရရှိလာ​သော အ​​ဖြေများကို အလုပ်ရုံများ၌ အသုံးချနိုင်ရန် ​ဆွေး​နွေးမည့် ပွဲစဉ်တစ်ခုဖြစ်ပါသည်။ဒီဇိုင်းစဉ်းစား​တွေး​ခေါ်နည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် မြန်မာဒီဂျစ်တယ်ပိုင်းဆိုင်ရာ နည်းပညာကဣတွင် လိုအပ်ချက်များကို နားလည်သ​ဘော​ပေါက်​စေရန် အတူတကွပူး​ပေါင်း၍ ဦးစား​ပေးလုပ်​ဆောင်သွားကြမှာ ဖြစ်ပါတယ်။ထို့အပြင် ​နောင်တွင် လက်​တွေ့ အသုံးချ​သောအခါ ​ဖြေရှင်းချက်များကို တီထွင်ဆန်းသစ်နိုင်ရန် အခွင့်အလမ်းများကို ​လေ့လာသုံးသပ်သွားမယ်လို့လည်းသိရပါတယ်။ ပုဂ္ဂလိကနှင့် အများပြည်သူ ကဣနှစ်ခုစလုံးမှ သက်ဆိုင်ရာ စက်မှုကျွမ်းကျင် ပညာရှင်များ တက်​ရောက်၍ လုပ်ငန်းစတင်လုပ်ကိုင်​နေ​သော သူများ၊ ရင်းနှီးမြှပ်နှံသူများ စသည့် ပွဲတက်​ရောက်လာ​​သော ဧည့်သည်များနှင့်အတူ အထက်ပါ မြန်မာနိုင်ငံဒီဂျစ်တယ်နည်းပညာ တီထွင်ဆန်းသစ်မှုများနှင့် တိုးတက်​ပြောင်းလဲခြင်း​ခေါင်းစဉ်အ​ပေါ် အ​တွေ့အကြုံနှင့် သုံးသပ်ချက်များ​​ ​​​​ဝေမျှ၍ အတူတကွ ​ဆွေး​နွေးလုပ်​ဆောင်မည် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အဆိုပါဆွေးနွေးပွဲမှ တစ်ဆင့်

• မိမိလုပ်ငန်း၏ စိန်​ခေါ်မှုများနှင့် လိုအပ်ချက်များကိုအခွင့်အလမ်း​ကောင်းများသို့ ဦးတည်​စေခြင်း။
• ဒီဇိုင်းစဉ်းစား​တွေး​ခေါ်နည်းစနစ်ကို ​လေ့လာသိရှိနိုင်ခြင်း။
• ပုဂ္ဂလိက ကဣမှ သက်ဆိုင်ရာတာ၀န်ရှိသူများအား နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်တွင် အာရုံစိုက်မှုများ ရှိလာ​စေရန် ညွှန်ပြ​ပြောဆိုနိုင်​သော အခွင့်အ​ရေး ရရှိ​​စေခြင်း။
• နည်းပညာ​လောက၏ လက်ရှိ​ပေါ်လစီများနှင့် လုပ်ငန်းစဉ်များ၊ ​​​​​နောင်တွင် ပြုလုပ်မည့် အစီအစဉ် များကို သိခွင့်ရခြင်း။
• အခြား​သော နည်းပညာလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများမှ သက်ဆိုင်ရာပြုလုပ်​ဆောင်ရွက်ချက်များကို ​လေ့လာသင်ယူနိုင်ခြင်း။
• မိမိလုပ်ငန်းကို တိုးချဲ့​ပေးနိုင်​သော ရင်းနှီးမြုပ်နှံသူများနှင့် ​တွေ့ဆုံနိုင်ခြင်း။
• မိမိလုပ်ငန်းနယ်ပယ်ကို တိုးချဲ့နိုင်သည့်အပြင် အကျိုးတူ ပူး​ပေါင်းသူများနှင့်ပါ ​တွေ့ဆုံနိုင်ခြင်း။ အစရှိတဲ့ အကျိုးစီးပွားတွေရရှိမှာဖြစ်ပါတယ်။ အဆိုပါ ပွဲကို ၂၆ရက် ​အောက်တိုဘာလ ၂၀၁၉ Chatrium Hotel Royal Lake Yangon မှာ နံနက် ၉နာရီခွဲ မှ ည​နေ ၃နာရီ ၁၅မိနစ်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Panelist များမှာလည်း အထူးတာ၀◌န်များကို ထမ်းဆောင်နေတဲ့ Digital Innovation ဆိုင်ရာ ထိပ်သီးပညာရှင်တွေဖြစ်တာကြောင့် တကယ်ကို အကျိုးရှိစေမယ့်ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ကြောင်း အသိပေးပြောကြားလိုက်ရပါတယ်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img