fb_icon

bnr_tob_1

2019.06.26FOOD

မနောမြေကိုသွားစရာမလိုဘဲ ရန်ကုန်မှာပဲ ကချင်စာစစ်စစ်ကို စားလို့ရနိုင်တယ်ဆိုတာ သိပြီးပြီလား😍

မနောမြေကိုသွားစရာမလိုဘဲ ရန်ကုန်မှာပဲ ကချင်စာစစ်စစ်ကို စားလို့ရနိုင်တယ်ဆိုတာ သိပြီးပြီလား😍

ကချင်အရသာစစ်စစ် စားလို့ရမယ့် “ မူအိုင်” ဆိုင်လေး ရှိပါတယ်🏡🏡

“ မူအိုင်” ဆိုတာကတော့
“ အရသာကောင်းတယ်” လို့ အဓိပ္ပာယ်ရပြီး အစားအသောက်ကောင်း စားပြီးချိန် ပြောတဲ့စကားလေး ဖြစ်ပါတယ်😋😋

“ မူအိုင်” ဆိုင်လေးက အရသာကောင်းသလို နွေးထွေးတဲ့ ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးထားတဲ့အပြင်
ဆိုင်ဝန်ထမ်းတွေကလည်း သဘောကောင်းကြပါတယ်။ 👨👩👧👦

အစားအစာတွေကို စားကြည့်တဲ့အခါမှာလည်း မနောမြေမှာ သွားစားရသလိုပါပဲ။

ဟင်းပွဲပြင်ဆင်ပေးတဲ့ ပုံစံကလည်း ငှက်ပျောရွက်နဲ့ ဝါးခွက်လေးတွေကို အသုံးပြုကာ တမူထူးခြားစွာ တွေ့မြင်နိုင်မှာပါ🍜🍚🍲🍛

ဈေးနှုန်းလေးတွေကတော့ ထောင့်ငါးရာဝန်းကျင် လောက်ကစပြီး ငါးထောင်ဝန်းကျင်လောက်ထိ အများဆုံး တွေ့ရပါတယ် 💰💰 အရသာနဲ့ဆို ဈေးသက်သာတယ်တောင် ပြောရမယ်။

အရသာကိုတော့ Rating အမြင့်ဆုံးထိ ပေးချင်ပါတယ်။
💯💯✔✔

နည်းနည်းစောင့်ရပေမဲ့ စောင့်ရတာထက်တန်တဲ့ အရသာကို ပေးစွမ်းမှာပါ။ အစားအစာတိုင်းကို အလတ်ဆတ်ဆုံးနဲ့ ချက်ပေးပြီး အနံ့လေးနဲ့တင် ဝနေပါပြီ😊 ဒါနဲ့ ပြင်ဆင်တာက dressing သက်သက်မဟုတ် အကုန်စားလို့ရတယ်နော်😋

Chef တစ်ယောက်ရဲ့ ပိုင်နိုင်တဲ့ လက်ရာတွေအပြင် စေတနာတွေပါ တွေ့နိုင်ပါတယ်😍

Myanmore Awards 2019 မှာ အကောင်းဆုံးစားသောက်ဆိုင်ဆု ရရှိထားလို့ သွားပြီးစားကြည့်တာ အရသာကောင်းလွန်းလို့ Ratingအမြင့်ဆုံးထိပေးမိတာ မလွန်ပါဘူးဗျာ😁😉

ဟင်းပွဲတွေက ရွေးချယ်စရာတွေများတဲ့အတွက် Foodie လေးတွေအတွက် အဆင်ပြေမယ် ထင်တယ်။🍜🍢🍡🍲🍛🍇🍓🍋

💥*Special testing menu ကတော့ ဆိုင်ကို ကြိုပြီး ဘိုကင်လုပ်ရတယ်ပြောတယ်*

 

ကျွန်တော်တို့စားခဲ့သမျှ အကုန်ပါပဲခင်ဗျာ..😁တစ်ပုံချင်းစီမှာ အရသာ ခံစားချက်လေးတွေ ထည့်ရေးပေးထားလို့ အဆုံးထိဖတ်ကြည့်စေချင်ပါတယ်😊

 

နှမ်းလုံးထမင်း (ကြက်၊ ဝက်၊ အမဲ)
Sesame Rice Ball (Chicken/ Pork/ Beef)

နှမ်းလုံးထမင်းကိုလည်း ပထမဆုံးRecommand ပေးချင်ပါတယ်

ကြက်၊ ဝက်၊ အမဲနဲ့ ရပြီး နိုင်ငံခြားသားတွေ အထူးနှစ်သက် မှားစားကြတယ် ပြောတယ်😍

ကျွန်တော်ကတော့ သက်သက်လွတ်မှာတာ နှမ်းဆီအရသာလေးနဲ့ ဆိမ့်ဆိမ့်လေးနဲ့ စားလို့အရမ်းကောင်းတယ်😋😋

၂လုံးလောက်စားတာနဲ့တင် ဗိုက်ပြည့်နေပါပြီ😁😁

 

 

ကြက်/ဝက်/အမဲ/ငါး ကချင်ချက်
Kachin Chicken/ Pork/ Beef/ Fish Curry

ကြက်သားက စားနေကျဖြစ်လို့ ဝက်ကချင်ချက်လေးပဲ မှာစားလိုက်တယ်။
ပထမဆုံးသတိထားမိတာက အဆီလည်းမများသလို အသားလဲ ပေါပေါများများပါတာကိုပါ။ အရသာကတော့ စပ်စပ်လေးနဲ့ လေးလေးပင်ပင်လေးနေပါတယ်။ ပုံမှန်စားနေကျ ဝက်သားချက်တွေနဲ့ မတူတာတော့ အမှန်ပါပဲ😁

 

 

မူအိုင်သီးရွက်စုံသုပ်
Muai Signature Garden Salad

သီးရွက်စုံသုပ်ကတော့ အသီးအရွက်အစုံအလင်ပါပဲ။ Dietလုပ်နေတဲ့သူတွေနဲ့ အသားအရေ ထိန်းသိမ်းတဲ့ သူတွေကို သွားစား စေချင်ပါတယ်။ အရသာကတော့ အချဉ်ဘက်လည်း သိပ်မသွားဘဲ အစပ်ကတော့ မပါသလောက်ပါဘဲ😊

 

 

ကြက်ချဉ်စော်ကားသီးစွပ်ပြုတ်
Quince & Chicken Soup

ချဉ်စော်ကားသီးကတော့ ကျွန်တော်အကြိုက်ဆုံးပါပဲ။ ကြက်သားတုံးတွေ အများကြီးပါတဲ့အပြင် ချဉ်စော်ခါးသီးနဲ့ကြက်သွန်ဖြူနဲ့ချက်ထားတော့ တုပ်ကွေးအတွက်လည်း ကာကွယ်ပြီးသားဖြစ်သွားတာပေါ့😎😎 မိုးကလဲအေး Soupကလည်း ပူပူနွေးနွေး ချဉ်စပ်လေးဆိုတော့ ရာသီဥတုနဲ့ ကွက်တိပဲဗျာ

 

 

ငါးဟင်းထုပ်
Steamed Fish

ကချင်အစားအစာတွေထဲမှာ စားဖူးထားသင့်တဲ့ ငါးဟင်းထုပ်လေးပါ။ တခြားနေရာတွေမှာ အလွယ်တကူ မရရှိနိုင်ပါဘူး။
အရိုးတွေ အကုန်ထုတ်ထားပါတယ်။ ငါးဟင်းထုပ်ကို သံပရာသီးလေးညစ် သခွားသီး၊ မုန်လာဥနီလေးနဲ့ အချဉ်နဲ့မြှပ်ပြီး တွဲစားရတဲ့ အရသာက ဘယ်လိုပြောရမလဲဆိုတော့….😱😱

 

Cocktail

Cocktailကတော့ Menu ထဲမှာ မပါပါဘူး။ သပ်သပ်မှာရတာပါ။ ဝါးခွက်လေးထဲ ထည့်ဖျော်ပေးပါ ပြောရတယ်။ နှင်းဆီဖက်လေးတွေနဲ့ အရသာက မေမြို့က စတော်ဘယ်ရီဝိုင်လေးသောက်ရသလိုပဲ ရီဝေဝေလေး အေးအေးလေးနဲ့ သောက်ကောင်းချက် လက်ထဲကတောင် မချချင်ဘူး🍷🍷
၁ ခွက်ကို ၁ ထောင်ကျပ်ပဲ ပေးရပါတယ်😉😉

 

ဆိုင်ရဲ့ အပြင်အဆင်လေးကတော့….😱

 

ဒါကတော့ ဆိုင်အပြင်ပုံစံလေးပါ။ အဆုံးထိကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ😊😊

💥ဆိုင်လိပ်စာလေးကတော့

Mu Ai Kachin Food
No(10B) Ground Floor, Hledan 1Street, Hledan Road, Kamayut Township.
Ph no – 09 974281883

💥ဆိုင်ဖွင့်ချိန်ကတော့ 10:30 AM ကနေ 10:00PM ထိ ဖွင့်ပါတယ်။

#Mu Ai Kachin Food #NAY

https://www.facebook.com/pages/Mu-Ai-Kachin-Foods/1143004699168125

https://www.facebook.com/pages/Mu-Ai-Kachin-Foods/1143004699168125

By: Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img