bnr_tob_1

2021.01.15SOCIAL

ကမ္ဘာပေါ်တွင် အလှပဆုံးသောအပြုံး – ပုဂံဆည်းဆာ

မြန်မာအသဲနှစ်လုံး ရှေးဟောင်းမြို့တော်ပုဂံသည် ယူနက်စကို စာရင်းဝင်ပြီးနောက် နိုင်ငံတကာ၏ အာရုံစိုက်မှု ပိုရလာသည်။ သို့သော် ကမ္ဘာ့ကပ်ရောဂါ သက်ရောက်မှုများကို အခြားဒေသများကဲ့သို့ကြုံနေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

By လီဆန်းဟွာ

၂၀၂၁ ခုနှစ်ရဲ့ ပထမဦး ဆုံး အလုပ်ခရီးစဉ် အဖြစ် ပုဂံကို သွား ရောက်ခဲ့ခြင်းသည် အဘက်ဘက် မှ အဓိပ္ပာယ်ရှိစေခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မြန်မာ နိုင်ငံတွင် စတင်တာဝန်ထမ်း ဆောင်သည့် အချိန်မှစ၍ နှစ်စဉ် နှစ်ဦး ပထမခရီးစဉ်တိုင်းသည် နေပြည်တော်ခရီးစဉ် ဖြစ်ခဲ့ပါ သည်။ ၂၀၁၉ ခုနှစ်တွင် ပုဂံသည် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအ မွေအနှစ်အဖြစ် စာရင်းဝင်ခဲ့ပြီး နောက် ထပ်မံ သွားရောက်လည် ပတ်ချင်ခဲ့ပါသော်လည်း ကိုရိုနာ ရောဂါအခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် သွားရောက် ရန် အခွင့်မသာခဲ့ပေ။ ကိုရီးယား လူမျိုးတို့အတွက် ‘ထောင်နှင့်ချီ သော စေတီတော်တို့၏ မြေ’ အဖြစ် နာမည်ကြီးသော ပုဂံမြေ သည် အစဉ်အလာမပျက် နွေး ထွေးသော အပြုံးဖြင့် မိမိတို့အဖွဲ့ အား ကြိုဆိုပေးခဲ့ပါသည်

၂၀၂၁ ခုနှစ်၏ ပထမဦးဆုံး သော အလုပ်ခရီးစဉ်ကို ပုဂံသို့ ရွေးချယ်ရခြင်း အကြောင်းရင်း များစွာရှိပါသည်။ ကိုရီးယားနှင့် မြန်မာနိုင်ငံ၏ သံတမန်ချစ်ကြည် ရင်းနှီးမှု (၄၅)နှစ်မြောက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်နှင့် တစ်ဆက် တည်းပင် ၂၀၂၁ ခုနှစ်သည် ‘ကို ရီးယား-မဲခေါင် ဖလှယ်ရေးနှစ် (Korea-Mekong Exchange Year)’လည်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့ သော ကိုရီးယား-မဲခေါင် ထိပ်သီး အစည်းအဝေးတွင် သမ္မတကြီး မွန်ဂျေအင်းမှ နှစ်နိုင်ငံဖလှယ် ရေးအား ပိုမိုတိုးမြှင့်သွားရန် အ ကြံပြုခဲ့ပါသည်။ ထိုအစည်းအ ဝေးမတိုင်မီ စက်တင်ဘာလက လည်း ကိုရီးယား-မြန်မာ ထိပ်သီး အစည်းအဝေးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက မြန်မာနိုင်ငံ ၏ ပုဂံနှင့် ကိုရီးယားနိုင်ငံ၏ဆော ဝန်း (ရှေးခေတ်စာသင်ကျောင်း)ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်ခဲ့ခြင်းကို ဂုဏ်ပြု ချီးမွမ်းခဲ့ပါသည်။ ခံ့ညားထည်ဝါ သော ယဉ်ကျေးမှုအမွေအနှစ်များ ကို ပိုင်ဆိုင်ထားသော မိမိတို့ နှစ်နိုင်ငံအနေဖြင့် ယဉ်ကျေးမှု ဖလှယ်ခြင်း၊ ခရီးသွားကဏ္ဍပူး ပေါင်းဆောင်ရွက်ခြင်းတို့ကို တိုး မြှင့်လုပ်ဆောင်သွားရန် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ‘ကိုရီးယား-မဲခေါင် ဖလှယ်ရေးနှစ်’ ဆိုသည် မှာလည်း ထိုကဲ့သို့သော နောက်ခံ အခြေအနေများမှ ဖြစ်ပေါ်လာ သည့် ကိုရီးယား တောင်ပိုင်းမူ ဝါဒသစ်၏ အသေးစိတ်မူဝါဒ ဖြစ်ပါသည်။

ကိုရီးယားအစိုးရသည် ၂၀၂၀ ပြည့်နှစ် နိုဝင်လဘာလ တွင် ကျင်းပခဲ့သည့် ကိုရီးယား-အာဆီယံ ထိပ်သီးအစည်းအဝေး တွင် New Southern Policy ကို ‘New Southern Policy Plus’ အဖြစ် အဆင့်မြှင့်တင်လိုက် ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့ပါသည်။ မဟာဗျူဟာခုနစ် ချက်ဖြင့် ဖွဲ့စည်းထားသော ထို ကြေညာချက်တွင် နှစ်နိုင်ငံယဉ် ကျေးမှု အပြန်အလှန်ဖလှယ်ခြင်း သည် အရေးကြီးသောတစ်ထောင့် တစ်နေရာမှ ပါဝင်ပါသည်။ ကိုရီး ယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရသော်လည်း ကောင်း၊ စိတ်နေစိတ်ထားပိုင်းအ ရသော်လည်းကောင်း တူညီမှု များစွာရှိနေပါသည်။ ထိုကဲ့သို့ သော တူညီမှုများသည် တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်ယဉ် ကျေးမှုကို စိတ်ဝင်စားမှုဖြစ်စေပါ သည်။ ကိုရီးယားဇာတ်လမ်းတွဲ၊ ရုပ်ရှင်၊ K-pop အစရှိသည့် Korean Wave အပေါ် မြန်မာပြည် သူလူထု၏ စိတ်ဝင်စားမှု မြင့်မား ခြင်းကလည်း နှစ်နိုင်ငံ ချစ်ခင် ရင်းနှီးမှု ပိုမိုမြင့်တက်စေသည့် အ ရေးပါဆုံးသော အချက်ဖြစ်ပါ သည်။ ကိုရီးယားခရီးသွားများ ကလည်း ၂၀၁၉ ခုနှစ်အစတွင် ဦးရေ ၁၀၀,၀၀၀ ဦးထိ တိုးတက် ခဲ့ပါသည်။ ပုဂံအနေဖြင့် ယူနက် စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအ နှစ်တွင် စာရင်းဝင်ခဲ့ခြင်းကလည်း မြန်မာနိုင်ငံအပေါ် ကိုရီးယားလူ မျိုးတို့၏ စိတ်ဝင်စားမှုကို အရှိန် အဟုန်မြင့်တက်စေပါသည်။ ကို ရီးယားနိုင်ငံသည်လည်း နှစ် ထောင်ချီသမိုင်းကြောင်းကို ပိုင် ဆိုင်ထားသော ရှီလာခေတ်မင်း ဆက်များ လက်ဆင့်ကမ်းခဲ့သည့် ဗုဒ္ဓဘာသာအမွေအနှစ်များကို ဂုဏ်ယူဝင့်ကြွားဖွယ် ပိုင်ဆိုင်ထား ပါသည်။ ထိုကဲ့သို့ ဂုဏ်ယူဝင့် ကြွားစိတ်သည် မြန်မာနိုင်ငံ၏ ပုဂံရှေးဟောင်းအမွေအနှစ်များ အား စိတ်ဝင်စားစိတ်နှင့် လေးစား စိတ်ကို ဖြစ်ပေါ်စေပါသည်။

ကိုရီးယားအစိုးရမှ အ ကောင်အထည်ဖော် ဆောင်ရွက် လာသော ယဉ်ကျေးမှုအမွေအနှစ် ပြုပြင်ထိန်းသိမ်းခြင်း ODA စီမံ ကိန်းအစီရင်ခံစာအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုထံသို့ လွှဲပြောင်းပေး အပ်သည့် အခမ်းအနားအား ဇန် နဝါရီလ ၁၁ရက်နေ့၌ ပုဂံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပုဂံ၌ ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် စေတီတော်များနှင့်နံရံဆေး ရေးပန်းချီများကို ထိန်းသိမ်းပြုပြင် ရေး လုပ်ဆောင်ချက်များ၏ရလဒ် များပင်ဖြစ်ပါသည်။ ယဉ်ကျေးမှု ဆိုသည်မှာ ထိုနိုင်ငံ၏ သမိုင်း ကြောင်း၊ ဘာသာစကား၊ ဓလေ့ စရိုက်တို့မှ ဖြစ်ထွန်းလာခြင်းဖြစ် ပါသည်။ ထို့ကြောင့်ပင် ယဉ် ကျေးမှုအမွေအနှစ်များကို ထိန်း သိမ်းစောင့်ရှောက်သည့်လုပ်ငန်း ကို သက်ဆိုင်ရာ ပတ်ဝန်းကျင် အနေအထားနှင့် ကိုက်ညီသော နည်းလမ်းဖြင့် ဆောင်ရွက်သင့် ပါသည်။ ကိုရီးယားနှင့် မြန်မာ ပညာရှင်များသည် နှစ်အတန် ကြာ စည်းဝါးညီညီဖြင့် ပူးပေါင်း ကာ ပုဂံစေတီနှင့် နံရံဆေးရေး ပန်းချီ ထိန်းသိမ်းစောင့်ရှောက် ခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ဖန်တီးရေးသားနိုင်ခဲ့ပါသည်။ရှေး ဟောင်းယဉ်ကျေးမှုကဏ္ဍတွင် Win-Win Partnership ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ သည့် သာဓကတစ်ခုဖြစ်ခဲ့ပါ သည်။

ဤအောင်မြင်ခြင်းမှတစ် ဆင့် ကိုရီးယားအစိုးရသည် ယခု နှစ်မှစ၍ ငါးနှစ်တာကာလအ တွင်း ပုဂံအား သမိုင်းဝင်မြို့တော် စံပြကျေးရွာအဖြစ် အကောင်အ ထည်ဖော် တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားပါသည်။ ခံ့ညားထည်ဝါသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုထွန်းကားခဲ့သော နှစ် ထောင်ချီ သက်တမ်းရှိ ဂယောင်း ဂျူမြို့သည် ကိုရီးယားနှင့် ကမ္ဘာ ကို ချိတ်ဆက်ပေးသော အထင် ကရသမိုင်းဝင်မြို့တော် ဖြစ်လာ ခဲ့ပါသည်။ ပုဂံသည် မြန်မာ၏ အရှိန်အဝါအမြင့်ဆုံး သမိုင်းဝင် မြို့တော်အဖြစ် ရပ်တည်နိုင်မည့် အချက်များကို ပိုင်ဆိုင်ထားပါ သည်။ ဒေသခံလူထုမှ ပါဝင်၍ သဘာဝပတ်ဝန်းကျင်နှင့် ယဉ် ကျေးမှုအမွေအနှစ်များ အတူယှဉ် တွဲနေထိုင်သည့် စနစ်ဖြင့် Smart Tourism City ဖန်တီးနိုင်မည့် အလားအလာများစွာကို ပိုင်ဆိုင် ထားပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဘူဆန်မြို့၌ ကျင်းပခဲ့သော ကို ရီးယား-အာဆီယံ အထူးထိပ် သီးအစည်းအဝေးကို အခြေခံ ကျင်းပသည့် ‘ယဉ်ကျေးမှုနှင့် ဆန်းသစ်တီထွင်မှု ဖိုရမ် (Culture & Innovation Forum)’တွင် အာဆီယံ ထိပ်သီးခေါင်းဆောင် များစွာထဲတွင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်မှ အထူးတက်ရောက်ချီး မြှင့်ပေးခဲ့ပါသည်။ ဤသည်မှာ ယဉ်ကျေးမှုဖလှယ်ခြင်း၏ အရေး ပါပုံကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ကောင်းစွာ နားလည် သဘောပေါက်လက်ခံထား၍ဖြစ် ပါသည်။ ကိုရီးယားနိုင်ငံ၏ တောင်ပိုင်းဒေသမူဝါဒသစ်သည် လူထုအား အဓိကဗဟိုချက်အဖြစ် ထားရှိလျက်ရှိပါသည်။ ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးကို စဉ်ဆက်မပြတ် အရှိန်မြှင့် တင်ရာတွင် ယဉ်ကျေးမှု၊ ပညာ ရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူ သားချင်းဖလှယ်ခြင်းသည် အ ခြေခံလှေကားထစ်ဖြစ်နေမှသာ လျှင် ရည်မှန်းချက် ပြည့်ဝမည်ဟူ သော သဘောတရားကို လက် ကိုင်ထားသည့် မူဝါဒဖြစ်ပါသည်။ ယခင်နှစ် ခရစ္စမတ်အကြိုနေ့ တွင် ကျင်းပခဲ့သည့် ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC) ပန္နက် တော်တင် မင်္ဂလာအခမ်းအနား နှင့် ယခုအကြိမ် ပုဂံအခမ်းအ နားသည် အထက်ပါအချက်နှင့် လိုက်လျောညီထွေမှု ရှိနေပါ သည်။ မြန်မာနိုင်ငံတွင် ‘ကိုရီး ယား-မဲခေါင် ဖလှယ်ရေးနှစ်’ သည် ပုဂံမြေတွင် တံခါးဖွင့်လှစ် ခဲ့ပြီဖြစ်ပါသည်။ ပုဂံ၏ ထင်ရှား တောက်ပသော ဗုဒ္ဓဘာသာယဉ် ကျေးမှု အမွေအနှစ်များသာမက ပုဂံတွင် ဆုံတွေခဲ့ရသည့် မြန်မာ လူမျိုးတို့၏ နွေးထွေးသောအပြုံး သည် ပုဂံ၏ ဆည်းဆာအလှကဲ့ သို့ပင် အချိန်ကာလ ကြာရှည်စွာ အမှတ်ရနေဦးမည်ဖြစ်ပါသည်။

(ဆောင်းပါးရှင် လီဆန်းဟွာသည် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီး ယား သံအမတ်ကြီးဖြစ်ပါသည်)

Credit : https://7day.news/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.