fb_icon

bnr_tob_1

2019.12.02LIFE&TREND

မွန်းလွဲပြီးနောက်ပိုင်း ကိုယ်ဝန်ဆောင်မိခင်များ ရေချိုးသင့်သလား

မေမေတို့ရေ သားသားမီးမီးလေးတွေကို ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်ဟာ အင်မတန်အရေးကြီးလှပါ။ မေမေတို့ အနေနဲ့ ဟော်မုန်းအပြောင်းအလဲ နဲ့ စိုးရိမ်မှုတွေကြောင့် ဖိအားအလွန်များလှပါတယ်။ ဒါအပြင်ကျွန်မတို့ မြန်မာနိုင်ငံဟာ ရှေးထုံးမပယ်တဲ့ အရှေ့တိုင်းနိုင်ငံတစ်ခု ဖြစ်လို့နေတာကြောင့် လူကြီးမိဘများ ခေတ်အဆက်ဆက်ကျင့်သုံးလာတဲ့ အမူအကျင့်အယူအဆတွေက တစ်ဖက် သေချာလေ့လာစမ်းစစ်ထားတဲ့ ခေတ်မှီဆေးဝါး / နေနည်းထိုင်နည်း အမူအကျင့်တွေကတစ်ဖက် အတော်ကိုဗျာများနေရပါတယ်။ စိတ်အတက်အကျအလွန်လွယ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မျိုးမှာ ပတ်ဝန်းကျင်ရဲ့ အကြံပေး ဆုံဖြတ်မှှုုတွေဟာ စေတနာထက် ဖိအားတွေသာပိုဖြစ်လို့လာပါတယ်။ ယနေ့ခေတ်မိခင်တွေဟာ ကိုယ်တိုင်မှန်ကန်တဲ့ အရာတွေကို ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနေ တတ်နေပါပြီ။ သို့သော်လည်း ရှေးထုံးကိုလည်းမပယ်နဲ့ ဟူသော အယူအဆတွေကို မလိုက်နာချင်တဲ့ အချက်တွေရှိနေပေမယ့်လည်း မိမိကြောင့် တစ်စုံတစ်ရာမှားယွင်းသွားမှာကို စိုးရိမ်တတ်ကျပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအပေါ်အပြောများလှတဲ့ အချက်တွေထဲက မွန်းလွဲနောက်ပိုင်းရေချိုးခြင်းအကြောင်းကို ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိဆန္ဒရှိတဲ့ ဘယ်အချိန်မျိုးမှာမဆို ရေချိုးနိုင်ပါတယ်လို့ တတ်ကျွမ်တဲ့ ဆရာဝန်ကြီးတွေကိုဆိုပါတယ်။ ရေချိုးခြင်းဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုအလေးထားတာဖြစ်သလို စိတ်ဖိစည်းမှုကိုလည်းလျော့ကျစေနိုင်ပါတယ်။ ရေချိုးရာမှာ အမှန်တကယ် သတိပြုသင့်တာကတော့ ရေကိုအကြာကြီးစိမ်ချိုးတာမျိုး/ အပူနဲ့ ထိတွေ့ပြီး ချက်ချင်းရေချိုးတာမျိုး / အရမ်းပူတဲ့ရေမျိုးနဲ့ စိမ်ချိုးတာမျိုး ကို ရှောင်ကျဉ်ပြီး ချော်မလဲစေဖို့ရာ သတိပြုဖို့ပဲလိုအပ်ပါတယ်။ ပူနွေးလာတဲ့ ကမ္ဘာ့ရာသီဥတုကြီးက အရင်ခေတ်တွေနဲ့ မတူနိုင်တော့တဲ့ အချိန်မှာ မွန်းလွဲပိုင်းရေမချိုးနဲ့ ဆိုတာမျိုးကမိခင်များကို အတော်လေးကို အခက်တွေ့စေပါတယ်။ ယနေ့ ခေတ်မှာ အလိုလို ပူတဲ့ရာသီဥတုတွေကြား မေမေတွေကလည်း အများတန်းတူ လှုပ်ရှားသွားလာ အလုပ်လုပ်နေကျတာပါ။ ဒီလိုခေတ်အခါမျိုးမှာ ပင်ပန်းလွယ်တဲ့ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ လန်းဆန်းတက်ကြွ
သန့်ရှင်းနေဖို့က ပိုလိုအပ်ပါတယ်။ အပိုဆောင်းအနေနဲ့ ဆပ်ပြာလဲ မကိုင်ရဖူးဆိုတဲ့ အချက်လဲ ရှိလို့နေပါတယ်။ တစ်ကိုယ်ရေ သန့်စင်စေဖို့အတွက် ရေနဲ့တင်မလုံလောက်ပဲ ဆပ်ပြာသုံးဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ရော မွေးဖွားပြီး မီးတွင်းကာလမှာပါ ဆပ်ပြာသုံးဖို့တားမြစ်တတ်ပါတယ်။ ဒီအယူအဆကလည်းမမှန်ပါဖူးနော်။ ဓာတုဆေးဝါးပါဝင်မှုနည်းပါတဲ့ ဆပ်ပြာအပျော့စားမျိုးကိုတော့ မဖြစ်မနေသုံးသင့်ပါတယ်။ ခေါင်းလျော်ခြင်း အသားအရည်ထိန်းသိမ်းခြင်း လှလှပပ ပြင်ဆင်နေထိုင်ခြင်းတို့ကိုလည်း စိတ်ဆန္ဒအတိုင်း ပြုလုပ်နိုင်ပါတယ်။ ဓာတုဆေးဝါးနဲ့ ထိတွေ့ရတဲ့ (ဥပမာ- ဆံပင်ဆေးဆိုးခြင်း) အလှအပ အကြီးစားပြင်ဆင်ခြင်းမျိုးကိုတော့ ရှောင်ရပါမယ်နော်။

မွန်းလွဲပိုင်းရေချိုးလျှင် ရေပေါင်ခြင်း ရေမြွှာများခြင်းဆိုတာ အများကပြောသလို ဖြစ်နိုင်ပမလား ? ရေမြွှာဆိုတာ ကလေးလေးဟာ ရေမြွာရည်တွေပြည့်နေတဲ့ ရေမြွာအိတ်ကလေးအထဲမှာနေတယ်။ ထိုအရည်တွေဟာ မိခင်ရဲ့ သွေးကနေ အချင်းကိုဖြတ်ပြီး စိမ့်ထွက်လာတဲ့အရည်၊ ကလေးလေးဟာ အဲဒီအရည်တွေကို ပါးစပ်ကနေသောက်၊ ရှုးရှုးတွေပေါက်ပြီး ထွက်လာတဲ့အရည်တွေ (ရှုးရှုးတွေ) ကနေ ဖြစ်လာတာ၊ ကလေးလေးဟာ ဒီရေမြွာရည်ထဲမှာ မြောနေတာ၊ မတော်တဆ မေမေရဲ့ ဗိုက်ကို အပြင်က ဒဏ်ရာရစေတယ်ဆိုရင်တောင် (ဥပမာ ဗိုက်ကို အထိုးခံရတာ၊ တုတ်နဲ့ ရိုက်ခံရတာ) အဲဒီအားက ကလေးလေးဆီကို မရောက်အောင် ရေမြွာရည်တွေက ကာကွယ်ပေးထားတယ်။ ကလေးလေး မေမေ့ဗိုက်ထဲ ကြိုက်သလို လှုပ်ရှားခွင့် ပေးထားတယ်။ မွေးဖွားချိန်မှာ သားအိမ်က ညှစ်တဲ့အခါကျ ကလေးကို အဲဒီညှစ်အားက မထိခိုက်အောင် ကြားခံအဖြစ် ကာကွယ်ပေးထားတာပါ။ ဒါကြောင့် ရေမြွာရည်ဟာ ကလေးလေးအတွက် မရှိမဖြစ်အရေးပါတယ်။ ဒါပေမဲ့ ရေမြွာရည်နည်းလွန်းရင်လည်း မကောင်းသလို များလွန်းရင်လည်း မကောင်းပါဘူး။ ရေမြွာရည် နည်းခြင်း၊ များခြင်းသည် မိခင်ရဲ့ အချင်းက အဓိက အလုပ်လုပ်ပေးတာဖြစ်လို့ နေ့တိုင်း ရေချိုးခြင်း၊ ညနေပိုင်း ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းနဲ့ လားလားမှ မသက်ဆိုင်ပါဘူး လို့ ဒေါက်တာစိုးလွင်က ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားတာ မှတ်ရဖူးပါတယ်။

ကျွန်မကိုယ်တိုင်လည်း သားကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သင့်လျော်တဲ့ အချိန် မိမိရေချိုးချင်တဲ့အချိန်မှာရေချိုးပါတယ်။ ရေချိုးတိုင်း လူကြီးမိဘများက စေတနာထားပြီး ဆူကြပြောကြပါတယ်။ ဒါပေမယ့် မိမိအနေနဲ့ ကိုယ်သက်တောင့်သက်သာဖြစ်စေဖို့အတွက်ပဲ အဓိကထားခဲ့ပါတယ် ညနေပိုင်းရေချိုးလျှင်ရေပေါင်တတ်တာ အမှန်ပဲလားဟု လေ့လာခဲ့ရပါတယ်။ ကိုယ်ဝန်လရင့်ချိန်မှာ ကလေးရေမြွှာနည်းနေလို့ စောမွေးရမယ်လို့ OG ကပြောတဲ့အခါ ညနေဘက်ရေသိပ်မချိုးလို့ ဗိုက်ထဲရေများများမဝင်တာနေမယ်လို့ အများကြားအောင် မှတ်ချက်ပြုမိပါသေးတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်မသာ ရေမြွှာနည်းတာမဟုတ်ပဲ များခဲ့တာဆိုရင် မိခင်တစ်ယောက်အနေနဲ့ တိုက်ဆိုင်မှုက်ု ရှေးထုံးပယ်လို့ဖြစ်တာဆိုပြီး မိမိ ကိုယ်ကို အပြစ်တင်လို့ဆုံးမှာမဟုတ်ပါဖူး။

ဒါကြောင့် မိခင်တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ မိမိရင်သွေးနဲ့ ပတ်သတ်တဲ့ ကိစ္စ မှန်သမျှနဲ့ မိမိကျန်းမာရေးအခြေအနေ အားလုံးကို မှန်ကန်တဲ့ ကျန်းမာရေးလမ်းညွန်မှုတွေအောက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ဖို့က အရေးကြီးလှပါတယ်။ ထို့အတူ မိခင်တစ်ယောက်ကို အမှန်တကယ် ကူညီစောင့်ရှောက်ခြင်တဲ့သူတွေအတွက်လည် ကြားဖူးနားဝတွေနဲ့ မိခင်တစ်ယောက်ကို ဖိအားမဖြစ်စေပဲ ကျန်းမာရေးအသိနဲ့ ကူညီစောင့်ရှောင့်ပေးဖို့က အင်မတန်အရေးကြီးလှပါတယ်။ မိခင်နဲ့ကလေးတိုင်း မှန်ကန်ကျန်းမာ ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ကြပါစေ ။

mommy_Blog

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img