fb_icon

bnr_tob_1

2019.07.26SPORTS

MNL ပြိုင်ပွဲ ပွဲစဉ် (၁၇) ကို တောင်ကြီးကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနဲ့ ဧရာဝတီအသင်းတို့ယှဉ်ပြိုင်

၂၀၁၉ ရာသီ MNL ပြိုင်ပွဲ ပွဲစဉ် (၁၇)ကို တောင်ကြီးကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနဲ့ ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။ ယင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးဆိုသော ရလဒ်ဖြင့် သရေကျ၍ ပွဲပြီးဆုံးခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းက တောင်ကြီးကွင်းတွင် အိမ်ရှင်အဖြစ် ကစားခဲ့ရသော်လည်း ပြိုင်ဘက် ဧရာဝတီအသင်းကို သရေသာကစားနိုင်ခဲ့ပြီး ရှုံးပွဲမရှိမှတ်တမ်းကို ထိန်းထားနိုင်သော်လည်း ဇယားထိပ်ဆုံးတွင် ရပ်တည်နေသော ရန်ကုန်အသင်းနှင့် သုံးမှတ်အထိ ကွာဟနေသည်။
ဧရာဝတီအသင်းသည် ယခုပွဲတွင် အဝေးကွင်း သွားရောက်ကစားရသော်လည်း သရေတစ်မှတ်ရခဲ့သောကြောင့် ရန်ကုန်အသင်းနှင့် ငါးမှတ်ကွာဟနေသော်လည်း ချန်ပီယံမျှော်လင့်ချက် ဆက်ရှိနေဆဲဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းသည် နှစ်ကျော့စလုံး သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစပိုင်းတွင် ထင်သလောက်မဖြစ်ခဲ့ဘဲ ဧရာဝတီအသင်းရဲ့ တန်ပြန်တိုက်စစ်ကသာလျှင် ထိရောက်စေခဲ့သည်။
ပွဲကစားချိန် ၂၁ မိနစ်တွင် အောင်ကျော်နိုင်ရဲ့ အဝေးကန်သွင်းမှုကနေ ဧရာဝတီအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ ဂိုးပေးလိုက်ကပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းသည် ချေပဂိုးရရှိရန် လူစားလဲမှုများပြုလုပ်၍ တိုက်စစ်မြှင့်ကစားခဲ့သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲကစားချိန် ၇၅ မိနစ်မှာ လူစားဝင်ကစားသမား အီမန်နျူရယ်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်၍ ချေပဂိုးသွင်းယူခဲ့သည်။
ချေပဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းနဲ့ ဧရာဝတီအသင်းတို့ နိုင်ဂိုးရရှိရန်ကြိုးပမ်းခဲ့သော်လည်း ပွဲပြီးဆုံးချိန်ထိ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့သည်။

By : Hlwan Moe

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img