bnr_tob_1

2020.05.07SOCIAL

မဖြစ်မနေခရီးသွားဖို့လိုအပ်နေသူတွေအတွက် မြန်မာအမျိုးသားလေကြောင်း ( MNA) နဲ့ Air KBZ ပျံသန်းပြေးဆွဲပေးမယ်

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားသလို ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကိုပါ ရပ်ဆိုင်းလိုက်တာတွေ ရှိပါတယ်။

မဖြစ်မနေ ခရီးသွားလာဖို့ လိုအပ်သူတွေကို အဆင်ပြေစေဖို့ ပြည်တွင်းလေကြောင်းလိုင်းတွေဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်း ( MNA) နဲ့ Air KBZ လေကြောင်းတွေဟာ မေလ ( ၁ ) ရက်ကစပြီး ရန်ကုန်မြို့နဲ့.မြို့ပေါင်း ( ၂၀ ) ကို ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားလေကြောင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ ဧပြီလ ( ၃၀ ) ရက်အထိ ရပ်နားထားခဲ့ရာက မေလ ( ၁ ) ရက်မှ စတင်ကာ ရန်ကုန်မြို နဲ့မြို့ပေါင်း ၂၀ ကို ပျံသန်း ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးစဉေ် ပြာင်းလဲတာတွေရှိပါက အချိန်နှင့်တပြေးညီ ကြိုတင်အသိပေးသွားမယ်လို့ သိရပါတယ်။

မြန်မာ အမျိုးသားလေကြောင်းမှ ပျံသန်းပေးမယ့် ခရီးစဉ်တွေမှာ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ ၊ လားရှိုး၊ မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ စစ်တွေ၊ တာချီလိတ်၊ ဗန်းမော်၊ ကော့သောင်း၊ ကလေး၊ လွိုင်ကော်၊ မိုင်းဆတ်၊ နေပြည်တော်၊ ညောင်ဦး၊ သံတွဲ နဲ့ အမ်းမြို ့တွေပဲ ဖြစ်ပါတယ်။

Air KBZ လေကြောင်းမှာ မေလ ( ၁ ) ရက်မှစတင်ကာ မေလ ( ၁၇ ) ရက်အတွင်း မြို ့ပေါင်း ( ၁၁ ) မြို ကို ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ပျံသန်းပြေးဆွဲပေးမယ့် ခရီးစဉ်တွေမှာ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊ မန္တလေး ၊မြိတ် ၊ မြစ်ကြီးနား၊ စစ်တွေ နဲ့ တာချီလိတ်မြို ့တွေပဲ ဖြစ်ပါတယ်။ စစ်တွေ ခရီးစဉ်ကို နေ စဉ်ပြေးဆွဲပေးမှာဖြစ်ပြီး အခြား ( ၁၀ ) မြို ကို သတ်မှတ်ထားတဲ့ ရက်အလိုက် ပျံသန်းပြေးဆွဲပေးသွားမယ်လို့ ကြေညာထားပါတယ်။

အထက်ပါလေယာဉ် ခရီးစဉ်တွေနဲ့ လိုက်ပါသူတွေအနေနဲ ့ သက်ဆိုင်ရာအာဏာပိုင်တွေက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားလေကြောင်း ( MNA) နဲ့ Air KBZ မှ မေလ ( ၁ ) ရက်မှ ( ၁၇ ) ရက်အတွင်း ပြေးဆွဲပေးမယ့် ခရီးစဉ်သတ်မှတ်နှုန်းတွေကိုပါ ကြိုတင်သိရှိစေဖို ့ ဖော်ပြပေးထားပါတယ်။

၁။ ရန်ကုန် – ကော့သောင်း = ၉၃၀ဝ၀
ကော့သောင်း – ရန်ကုန် = ၉၁၀ဝ၀
၂။ ရန်ကုန် – သံတွဲ = ၅၃၀ဝ၀
သံတွဲ – ရန်ကုန် = ၅၁၀ဝ၀
၃။ ရန်ကုန် – နေပြည်တော် = ၈၉၀ဝ၀
နေပြည်တော် – ရန်ကုန် = ၈၉၀ဝ၀
၄။ ရန်ကုန် – ပူတာအို = ၁၁၃၀ဝ၀
ပူတာအို – ရန်ကုန် = ၁၁၁၀ဝ၀
၅။ ရန်ကုန် – ဗန်းမော်၊ = ၈၃၀ဝ၀
ဗန်းမော်၊ – ရန်ကုန် = ၈၁၀ဝ၀
၆။ မန္တလေး – ဗန်းမော်၊ = ၄၈၀ဝ၀
ဗန်းမော်၊ – မန္တလေး = ၄၆၀ဝ၀
၇။ ရန်ကုန် – အမ်း = ၆၈၀ဝ၀
အမ်း – ရန်ကုန် = ၆၆၀ဝ၀
၈။ ရန်ကုန် – ကလေး = ၉၃၀ဝ၀
ကလေး – ရန်ကုန် = ၉၁၀ဝ၀
၉။ ရန်ကုန် – လွိုင်ကော် = ၆၁၀ဝ၀
လွိုင်ကော် – ရန်ကုန် = ၅၉၀ဝ၀
၁၀။ ရန်ကုန် – ကျောက်ဖြူ = ၇၃၀ဝ၀
ကျောက်ဖြူ – ရန်ကုန် = ၇၁၀ဝ၀
၁၁။ ကျောက်ဖြူ – စစ်တွေ = ၂၇၀ဝ၀
စစ်တွေ – ကျောက်ဖြူ = ၂၇၀ဝ၀
၁၂။ ရန်ကုန် – စစ်တွေ = ၆၃၀ဝ၀
စစ်တွေ – ရန်ကုန် = ၆၁၀ဝ၀
၁၃။ ရန်ကုန် – ကျိုင်းတုံ = ၉၃၀ဝ၀
ကျိုင်းတုံ – ရန်ကုန် = ၉၁၀ဝ၀
၁၄။ မန္တလေး – ကျိုင်းတုံ = ၆၃၀ဝ၀
ကျိုင်းတုံ – မန္တလေး = ၆၃၀ဝ၀
၁၅။ ရန်ကုန် – လားရှိုး = ၉၃၀ဝ၀
လားရှိုး – ရန်ကုန် = ၉၁၀ဝ၀
၁၆။ ရန်ကုန် – မြစ်ကြီးနား = ၁၀၃၀ဝ၀
မြစ်ကြီးနား – ရန်ကုန် = ၁၀၁၀ဝ၀
၁၇။ မန္တလေး – မြစ်ကြီးနား = ၅၃၀ဝ၀
မြစ်ကြီးနား – မန္တလေး = ၅၁၀ဝ၀
၁၈။ ရန်ကုန် – တာချီလိတ် = ၉၃၀ဝ၀
တာချီလိတ် – ရန်ကုန် = ၉၁၀ဝ၀
၁၉။ ဟဲဟိုး – တာချီလိတ် = ၅၆၀ဝ၀
တာချီလိတ် – ဟဲဟိုး = ၅၆၀ဝ၀
၂၀။ ရန်ကုန် -မြိတ် = ၆၃၀ဝ၀
မြိတ် – ရန်ကုန် = ၆၁၀ဝ၀
၂၁။ ထားဝယ် – ကော့သောင်း = ၅၇၀ဝ၀
ကော့သောင်း – ထားဝယ် = ၅၇၀ဝ၀
၂၂။ ရန်ကုန် – မန္တလေး = ၆၈၀ဝ၀
မန္တလေး – ရန်ကုန် = ၆၈၀ဝ၀
၂၃။ မန္တလေး – ခန္တီး = ၆၃၀ဝ၀
ခန္တီး – မန္တလေး = ၆၁၀ဝ၀
၂၄။ မန္တလေး – ဟုမ္မလင်း = ၇၃၀ဝ၀
ဟုမ္မလင်း – မန္တလေး = ၇၁၀ဝ၀
၂၅။ ရန်ကုန် – ဟဲဟိုး = ၅၃၀ဝ၀
ဟဲဟိုး – ရန်ကုန် = ၅၁၀ဝ၀

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img