fb_icon

bnr_tob_1

2019.06.13ENTERTAINMENT

Myanmar Music Festival 2019

လက်ရှိတွင် ကျင်းပနေပြီဖြစ်တဲ့ Myanmar Music Festival 2019 ပွဲကြီးကို ဇွန်လ ၆ ရက်နေ့ ဗိုလ်ဆွန်ပက်လမ်းရှိ Yangon Excelsior Hotel ၌ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
MMF ပွဲကြီးကို 2014 မှစ၍ ကျင်းပလာခဲ့တာ ယခုနှစ်နဲ့ဆို ၆ ကြိမ်မြောက်ရှိခဲ့ပါပြီ။ အနုပညာရှင် အတတ်ပညာရှင်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ ဒီပွဲကြီးဟာဆိုရင် ဂန္တဝင်တေးဂီတ၊ ရိုးရာသံပြိုင်တေးဂီတများကို မပြောက်ကွယ်အောင် ဆက်လက်ထိန်းသိမ်းထားတဲ့ ကြီးကျယ်လှတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။
ယခုနှစ်တွင် အမေရိကန်၊ ထိုင်ဝမ်၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် အခြားသောနိုင်ငံများမှ ဂီတပညာရှင်များစွာ ပါဝင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ယခုနှစ် မြန်မာနိုင်ငံမှ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှ နှဲ၊ ပလွေဆရာ ဦးမျိုးမင်းသန်း၊ ပတ္တလားအနုပညာရှင်များ၊ ရခိုင်တေးသံရှင် ဦးဝင်းကိုခိုင်နှင့် ဧည့်သည်အဆိုရှင်အဖြစ် အမွန်းတို့မှလည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
ယခုနှစ် MMF ပွဲကြီးကို မြန်မာစန္ဒယားပညာရှင် ဦးအောင်မိုးကျော်၊ အမေရိကန်မှ စန္ဒယားပညာရှင် Kimball Gallagher၊ ထိုင်ဝမ်စန္ဒယားပညာရှင် Kaiyin Huang နှင့် မလေးရှားအဆိုရှင် mezzo-soprano Yiling Chaing တို့မှ ရုရှားနိုင်ငံတေးရေးဆရာများဖြစ်သည့် Mussorgsky, Rachmaninoff, Scriabin နှင့် Khachaturian တို့၏ ဂန္တဝင်တေးသီချင်းများကို ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းမှ တိုင်းရင်းသားပေါင်းစုံများနှင့် ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၂၅ ယောက်ပါသော Choir ခေါ် သံပြိုင်အဆိုအဖွဲ့တို့ကိုလည် ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့ထိ Choir camp ဖြင့် စနစ်တကျ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံ UiTM university မှလဲ အဖွဲ့ဝင် ၁၀ ယောက်ကလဲ ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။
MMF 2019 ပွဲပြီးကို ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး အဓိက ဖျော်ဖြေပွဲအဖြစ် ဇွန်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဂီတကို မြတ်နိုးသူ ဂီတချစ်ပရိတ်သတ်များအနေဖြင့် ဝင်ကြေးအခမဲ့ဖြင့် MMF 2019 ပွဲကြီးကို လာရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး မိမိ၏ မှတ်ပုံတင် သို့မဟုတ် passport အစရှိသည်တို့ကို ယူဆောင်လာရမှာ ဖြစ်ပါတယ်။

By: KST

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img