fb_icon

bnr_tob_1

2019.09.03LIFE&TREND

နွားနို့မှပေးသော ကျန်းမာခြင်း နှင့် လှပခြင်းအကျိုးကျေးဇူးများ

နွားနို့တွင် အာဟာရဓာတ်များစွာ ပါဝင်ခြင်းကြောင့် အားရှိမယ်၊ အရပ်ရှည်မယ်၊ ပိန်တဲ့သူဆို ဝမယ် ဆိုတာကတော့ အားလုံးသိကြပါတယ်။ အသေးစိတ် မဟုတ်တောင် ယေဘုယျအားဖြင့်တော့ သိတဲ့သူတွေ ရှိကြပါတယ်။ နွားနို့ဆို သောက်ရမယ်ဆိုတဲ့ စိတ်က ပထမဆုံး တွေးမိကြမှာပေါ့။ နွားနို့သောက်ရင် ရရှိမယ့်အကျိုးတွေအပြင် နွားနို့ကို ကိုယ်သုံးတတ်လျှင် သုံးတတ်သလောက် ရနိုင်မယ့် အကျိုးတွေကို ပြောပြပေးမှာမလို့ သေချာလေး မှတ်ထားပါနော်။

နွားနို့မှပေးသော ကျန်းမာခြင်းအကျိုးကျေးဇူးများ

နွားနို့သောက်ခြင်းဖြင့် ကိုယ်ခန္ဓာဖွံ့ဖြိုးရုံသာမက အိပ်ခါနီး နွားနို့ပူပူလေးလေးသောက်ပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ အိပ်မပျော်သော ဝေဒနာခံစားနေရသူများအနေဖြင့် ရေရှည်ဆေးဝါးမှီဝဲခြင်းထက် အိပ်ခါနီးတိုင်း နွားနို့တစ်ခွက် ပုံမှန် သောက်သုံးပေးစေလိုပါတယ်။ နွားနို့တွင် သွေးရည်ကြည်ဓာတ် ပေါင်းစပ်ပါဝင်တဲ့ အမိုင်နိုအက်စစ် (Amino Acid) ရစ်ပ်တိုဖန်း (Tryptophan) ရယ်၊ သဘာဝမော်ဖင်းဓာတ် (MorPhine) ပါဝင်နေသောကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း ဖြစ်ပါတယ်။ နွားနို့ကို နေ့စဉ်သောက်သုံးပေးပါက နှလုံးရောဂါဖြစ်နိုင်ချေလျော့ကျစေသလို နှလုံးရောဂါသည်များအတွက်လည်း နှလုံးကို ပြန်လည်ကောင်းမွန်စေပါတယ်။ နွားနို့တွင် ကယ်လ်စီယမ် (Calcium) များစွာ ပါဝင်သည့်အတွက် အရိုးများ ခိုင်ခန့်မာကြောစေခြင်းကြောင့် အရိုးပွခြင်း၊ အရိုးပါးခြင်း၊ အရိုးဆွေးခြင်းတို့ကို ကာကွယ်ခြင်း နှင့် သက်သာကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးပေးခြင်းဖြင့် မိခင်သာမက ကလေးအတွက်ပါ အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ပရိုတိန်း (Protein) များစွာပါဝင်သောကြောင့် မွေးဖွားလာသောကလေးသည် အရိုးအဆစ် သန်မာပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအားကောင်းခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း အကျိုးတွေကို ခံစားရပါတယ်။ Casein Protein ကြောင့် ကြွက်သားသန်မာစေပါတယ်။ ဒါကြောင့် အားကစားသမားများလည်း သောက်သုံးသင့်ပါတယ်။ နေ့စဉ်နွားနို့တစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရွယ် (၃) ပါးစလုံးအတွက် ကောင်းကျိုးများစွာ ရရှိစေပါသည်။

နွားနို့မှပေးသော လှပခြင်းအကျိုးကျေးဇူးများ

နွားနို့သည် ကျန်းမာရေးအတွက်သာမက အလှအပရေးရာမှာလည်း တော်တော်များများ အသုံးဝင်ပါတယ်။ နွားနို့နှင့်ရေချိုးခြင်း၊ ရေစိမ်ခြင်းများသည် အရင်ခေတ်အခါကတည်းက ပြုလုပ်ခဲ့ကြတဲ့ အသားအရည် ထိန်းသိမ်းနည်းတစ်ခုပဲ ဖြစ်ပါတယ်။ မပြင်းထန်တဲ့အသားလောင်ခြင်း၊ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်း၊ ဝက်ခြံထွက်ခြင်းများကို နွားနို့စိမ်ထားသော ဂွမ်းစလေးဖြင့်သုတ်လိမ်းခြင်း၊ အုပ်ပေးထားခြင်းကြောင့် သက်သာပျောက်ကင်းစေပါတယ်။ နွားနို့တွင် ဆံကေသာကို ကျန်းမာသန်စွမ်းပြီးပျော့ပျောင်းစေသော ပရိုတင်းဓာတ် (Protein ) နဲ့ သဘာဝအင်ဇိုင်း (Enzymes) တွေ များစွာပါဝင်ပါတယ်။ ခေါင်းလျှော်ပြီးသောအခါတွင် နွားနို့နှင့်ဆံပင်ကို ခဏပေါင်းတင်ထားပြီး ရေဆေးချလိုက်ရုံပါပဲ။ နွားနို့ကို Facial Cleanser (မျက်နှာသန့်စင်ဆေး) ၊ Moisturizer (အစိုဓာတ်အားဖြည့်ဆေး) ၊ Exfoliator (အရေပြားအညစ်အကြေး နှင့် ဆဲလ်သေဖယ်ရှားဆေး) ၊ Makeup Remover (မိတ်ကပ်ဖျက်ဆေး) အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ မကျိုချက်ရသေးသော နွားနို့တွင် နူးညံ့သောဂွမ်းစလေးဖြင့် မျက်နှာ နှင့် လည်ပင်းတစ်ဝိုက်ကို တို့လိမ်းပြီး ကြက်သီးရေဖြင့် ဆေးကြောပေးပါ။ အဆီပြန်သည့်အသားအရေအတွက် ခရမ်းချဉ်သီးနှင့် တွဲဖက်ပြီး ပေါင်းတင်ပေးပါ။ အသားအရေခြောက်သွေ့သူများကတော့ ပန်းသီး (သို့မဟုတ်) ငှက်ပျောသီးဖြင့် ပေါင်းတင်ပေးပါ။ နွားနို့ကို အသုံးပြုပြီး အသားအရေ ထိန်းသိမ်းမှုများ ပြုလုပ်ခြင်းသည် ငွေကုန်သက်သာပြီး ဓာတုပစ္စည်းများ မပါဝင်သောကြောင့် မည်သည့်အသားအရေမဆို ဘေးထွက်ဆိုးကျိုးမရှိခြင်း အကျိုးတွေကို ရရှိစေပါတယ်။

နွားနို့က ရှားပြီးဈေးကြီးတဲ့အထဲလည်းမပါတော့ သူ့ဆီက ပြန်ရတဲ့အကျိုးကျေးဇူးတွေက ငွေကြေးပေးရတာထက် အဆတစ်ရာမက သာလွန်းပါတယ်။ တန်ဖိုးကြီးတဲ့အရာတွေကမှ အကောင်းဆုံးတွေရမယ်ဆိုပြီး တန်းစီဝယ်နေလိုက်ကြတာ အနီးမှာ လွယ်လွယ်နဲ့ဈေးမကြီးတဲ့အရာတွေကို မေ့နေကြပြီနော်။ သဘာဝကပေးတဲ့ လက်ဆောင်လေးတွေ အများကြီး ရှိပါတယ်။ အသုံးမချတတ်ကြဘူးဘဲ ပြောရမှာပေါ့နော်။ နွားနို့ဖြင့်အသားအရေထိန်းသိမ်းပေးခြင်းဖြင့် အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်း၊ ဝက်ခြံ နှင့် ဆားဝက်ခြံထွက်ခြင်း၊ အညစ်အကြေး နှင့် အမဲစက်အမဲကွက်ရှိခြင်းတို့ကို သက်သာပျောက်ကင်းပြီး ဆဲလ်အသေများကို ဖယ်ရှားပေးခြင်းတို့ကြောင့် မိမိတို့၏ အသားအရေများသည် ကြည်လင်သန့်ရှင်းနေပါလိမ့်မယ်။ လူတိုင်းအားကျတဲ့ Glow တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်အောင် နွားနို့ကို ချက်ခြင်းပြေးဝယ်ပြီး မပျင်းမရိဘဲ Skin Care လိုက်ကြရအောင် Yangon Style ရဲ့ စာဖတ်ပရိတ်သတ်တို့ရေ…🏃‍♂️🏃‍♀️

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img