bnr_tob_1

2020.02.27LIFE&TREND

အရမ်းလှလွန်းလို့ ဆိုင်ထဲကနေ မပြန်ချင်လောက်အောင်ဖြစ်ခဲ့ရတဲ့ MiMi ဆိုင်လေး

စမ်းချောင်း၊ မင်းလမ်းမှာရှိတဲ့ ဒီဆိုင်လေးထဲကို အမှတ်မထင်ရောက်ရှိသွားပြီးတဲ့နောက်မှာ တော်တော်ကြာအောင်ဆိုင်လေးထဲကနေ မထွက်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဆိုင်နာမည်လေးကတော့ MIMI ဖြစ်ပြီး Character Accessories fr Daily Life ဆိုတဲ့ခေါင်းစဉ်အောက်မှနေပြီး Accessories ပစ္စည်းမျိုးမျိုးစုံကိုရောင်းချပေးလျက်ရှိပါတယ်။ မြေညီထပ် ဟောခန်းဆိုင်ခန်းလေးထဲမှာ ဘယ်လိုပစ္စည်းလေးတွေရောင်းချနေသလဲဆိုတာကို လိုက်ပါကြည့်ရှုလိုက်ရအောင်လား။

ဝက်ဝံရုပ်လေးတွေ၊ နာမည်ကျော် တရုတ်ဇာတ်လမ်းတွဲဖြစ်တဲ့ mo dao zu shi ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်အရုပ်လေးတွေက စလို့ ဂျပန် Anime ဇာတ်ကောင်တွေရဲ့ အရုပ်လေးတွေရှိပါတယ်။ လူတစ်ရပ်စာလောက်ရှိတဲ့ ဝက်ဝံရုပ်တွေကတော့ အသက်ပေါ့။ တန်ဖိုးတွေကလည်း ၂သောင်းမှ ၃သောင်း ၄သောင်းအထိ အသီးသီးရှိပါတယ်။
စိတ်ကူးယဉ်ဆန်တဲ့ လပုံစံ ညအိပ် အရောင် ၁၆ရောင်ပါရှိပြီး အရွယ်အစားအလိုက် ၁၈၀ဝ၀ ကျပ်မှ ၃၅၀ဝ၀ ကျပ်အထိ အသီးသီးရှိပါတယ်။

အကြိုက်ဆုံးကတော့ Anime Gift Box ပါပဲ။ ဘာတွေပါသလဲဆိုတာတော့ ပုံကိုသာကြည့်လိုက်ပါတော့။ တန်ဖိုးကတော့ ၁၅၀ဝ၀ကျပ်ရှိပါတယ်။
Harry Potter ဇာတ်ကောင်တွေနဲ့ပတ်သတ်လို့ မှော်တုတ်တံမှစတင်ကာ ဝတ်ရုံတွေ Notebook တွေ Scarf တွေပါရှိပါတယ်။

ဂျပန်ဇာတ်ကောင်တွေနဲ့ ပြည့်နှက်နေတဲ့အင်္ကျီလှလှလေးတွေ၊ လွယ်အိတ်လေးတွေ၊ လည်းမျက်စိပဒသာဖြစ်အောင် မြင်တွေ့ရမှာပါ။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းသေးသေးလေးတွေလည်းတစ်ပုံတစ်ပင်ပါပဲ။

၉၀ဝ၀ ကျပ်တန် လက်ကိုင်အိတ်လေးတွေကလည်း ဝယ်ချင်စရာလေးတွေပါပဲ။
တစ်ချို့ပစ္စည်းတွေကိုတော့ ဆိုင်မှာ တိုက်ရိုက်ဝယ်ယူလို့ရပါတယ်။ လိုချင်တဲ့ Accessories တွေရှိရင်လည်း MiMi မှ တစ်ဆင့်သွားရောက်မှာယူနိုင်ပြီး ဝယ်ပေးလို့ရတဲ့ပစ္စည်းဆိုရင် ဝယ်ပေးပါတယ်တဲ့။ Page မှာလည်း Order တင်ပေးတဲ့ ပစ္စည်းတွေကို အဆက်မပြတ်ဖော်ပြပေးထားပါတယ်။
Page Link – https://www.facebook.com/MimiCADL/?ref=br_rs
ဆိုင်လိပ်စာ – No.51, Min Street, Sanchaung, Yangon, Burma
Ph : 09964807883, 09421807883

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img