bnr_tob_1

2020.07.07SOCIAL

ဇွန်လအတွက်လျှပ်စစ်ဓာတ်အားသုံးစွဲခကင်းလွတ်ခွင့်ထပ်ပေး

ဇွန်လ အတွင်းမှာသုံးစွဲခဲ့တဲ့ လျှပ်စစ်ဓာတ်အားခကျသင့်ငွေကို ကင်းလွတ်ခွင့်ထပ်ပေးလိုက်ပြီလို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့တဲ့ ဇွန်လ ၁ ရက်မှ ၁၅ ရက်အထိကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) ပေးသွားမယ်လို့ ဇွန်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ၁၆-၆-၂၀၂၀ မှ ၃၀-၆-၂၀၂၀ ရက်အထိ ထပ်မံပြီး ရက်တိုးမြှင့်သတ်မှတ်ခဲ့တဲ့အတွက် ဇွန်လ ၁၆ ရက်ကနေ ၃၀ ရက်အထိ ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိ ဓာတ်အားခကျသင့်ငွေကင်းလွတ်ခွင့် (အခမဲ့) ကိုလည်း ထပ်မံပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ စုစုပေါင်း ၁၅၀ ယူနစ်ကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့)ရရှိမှာဖြစ်ပါတယ်။ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) ရရှိမယ့် အိမ်သုံးအမျိုးအစားမှာ ပြည်သူများ ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းမျာ း( သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမပါ)ဖြစ်ပါတယ်။

အိမ်သုံးအမျိုးအစားမှာ ၁၅၀ ယူနစ်နဲ့အထက် သုံးစွဲသူတွေကတော့ ဓာတ်အားခကျသင့်ငွေ အလွှာလိုက်သတ်မှတ်ချက်နှုန်းထားအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်။ အထူးကိစ္စတစ်ရပ်အနေနဲ့ ကင်းလွတ်ခွင့်ပြုထားတဲ့ အိမ်သုံးမဟုတ်တဲ့ အမျိုးအစားမှာပါဝင်တဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေကလွဲ ပြ ီး ကျန်သုံးစွဲသူတွေအားလုံးကတော့ ယခင်သတ်မှတ်နှုန်းတွေအတိုင်း ပေးဆောင်ရမှာဖြစ်တယ်လို​့ ကြေညာထားပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Covid 19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ်အားခ ၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ကျသင့်ငွေကင်းလွတ်ခွင့် (အခမဲ့​​)​ပေးထားခဲ့ရာမှာ ဧပြီလမှစတင်ကာ ဇွန်လအထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img