fb_icon

bnr_tob_1

2019.12.23SOCIAL

Merry Christmas

Christmas (ခရစ္စမတ်) နေ့သည် မြန်မာ့ပြက္ခဒိန်မှာလည်း အများပြည်သူရုံးပိတ်ရက် ဖြစ်ပါတယ်။ Christmas (ခရစ္စမတ်) နေ့သည် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အထွက်အမြတ်ထားရာနေ့ ဖြစ်ပေမဲ့ တခြားဘာသာဝင်များလည်း အတူပျော်ရွှင်ရတဲ့နေ့လည်း ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တို့သည် အစုအဖွဲ့ဖြင့် မိမိတို့အားဖိတ်ကြားသည်ဖြစ်ဖြစ်၊ မဖိတ်ကြားသည့်ဖြစ်ဖြစ် လူမျိုးဘာသာမခွဲခြားပဲ Christmas Carole လို့ခေါ်တဲ့ ခရစ်စမတ် သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်လှည့်လည် သီဆိုပေးကြပါတယ်။ ထိုသို့ အိမ်များတွင် လိုက်လံကောင်းချီပေးသည့်အထဲတွင် တခြားဘာသာဝင်များကလည်း မိမိတို့နှင့်ရင်းနှီးသည့် ခရစ်ယာန်ဘာသာဝင်များနှင့်အတူ အားဖြည့်ကူညီပေးတတ်ကြပါတယ်။ လူမျိုးဘာသာမခွဲခြားဘဲ အတူတူပါဝင်ဆင်နွဲှကြသည့် ချစ်စရာကောင်းလှသည့် ဓလေ့ထုံးစံလေးလည်း ဖြစ်ပါတယ်။ Christmas (ခရစ္စမတ်) နေ့လေးများ ပျော်ရွှင်ကြပေမဲ့ ခရစ်ယာန်မဟုတ်တဲ့ တခြားဘာသာဝင်များကတော့ Christmas (ခရစ္စမတ်) နေ့လေးအကြောင်းကို သေချာမသိသေးတဲ့သူတွေအတွက် ရည်ရွယ်ရေးသားထားခြင်း ဖြစ်ပါတယ်။ ကိုယ်ပါဝင်ဆင်နွှဲသည့် ပွဲလေးနဲ့ပတ်သက်ပြီး အသေးစိတ်မဟုတ်တောင် ယေဘုယျလောက်ခြုံငုံသိခြင်းဖြင့် Christmas (ခရစ္စမတ်) နေ့လေးက ပိုပြီးအဓိပ္ပာယ်ပြည့်စုံသွားပါမယ်။ Christmas (ခရစ္စမတ်) နေ့ဖြစ်ပေးလာပုံတွေ ဓလေ့ထုံးစံလေးတွေကို အောက်မှာဆက်လက်ဖတ်ရှုပေးပါဦးနော်။

Christmas (ခရစ္စမတ်) အနက်အဓိပ္ပာယ်

ခရစ္စမတ်ဆိုသည်မှာ “ခရစ်တော်၏မွေးဖွားခြင်း” ဟုလည်း အဓိပ္ပာယ်ဖွင့်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့က ယေရှုဘုရားသခင်ကို ပူဇော်ခြင်း၊ ယေရှုဘုရားသခင်အတွက် ပွဲတော်ကို ကျင်းပပေးခြင်းဟု ဖွင့်ဆိုကြသည်။

Christmas (ခရစ္စမတ်) ဟူသည်

ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ခရစ္စမတ် (သို့မဟုတ်) နာတာလူးပွဲတော်ကျင်းပကြသည်။ နာတာလူး ဆိုသည်မှာ “ ဖွားမြင်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ ထိုနေ့တွင် မွေးနေ့တော်နှင့်ဆိုင်သော ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ နိပါတ်တော် ပြသခြင်း၊ ကျွေးမွေးဧည့်ခံဝတ်ပြုခြင်း၊ လက်ဆောင်ပေးခြင်းများ ပြုကြသည်။ ချစ်ခင်ရသော မိတ်ဆွေတို့ထံ ခရစ်စမတ်ကဒ်များပို့လျက် ဆုမွန်ကောင်းတောင်းကာ သတိတရနှုတ်ဆက်ကြသည်။ မိမိတို့ အိမ်များတွင်လည်း ခရစ္စမတ်သစ်ပင်များ၊ အလှတန်ဆာများဆင်လျက် မီးများထွန်းညှိကာ ပျော်ရွှင်ဖွယ်ရာ ဖြစ်အောင် ပြင်ဆင်ကြသည်။

Christmas (ခရစ္စမတ်) နှင့် Xmas

Christmas (ခရစ္စမတ်) ကို “ Xmas” လိုရေးသားသည်များကိုလည်း တွေ့ဖူးနေကြမှာပါ။ အကြောင်းမှာ “X” သည် “Chri” (ခရ်) ဟူသော ဂရိအစအက္ခရာတစ်လုံးဖြစ်သောကြောင့် အတိုကောက်ရေးသားဖြင်းမျိုးဖြစ်ပါသည်။

Christmas Tree (ခရစ္စမတ်သစ်ပင်)

ပထမဆုံး ခရစ္စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်တွင် ဂျာမန်လူမျိုးများက ပြဇာတ်ကပြရာတွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ တြိဂံပုံစံရှိပြီး ထိပ်ဆုံးတွင်ကြယ်တစ်လုံးကို တပ်ဆင်ထားပါသည်။ ထိုကြယ်သည် ဗက်လင်ကြယ်ကို ဖော်ဆောင်ခြင်းဖြစ်ကာ ခရစ်တော်မွေးဖွားရာ ဗက်လင်မြို့ကို ညွှန်ပြသော နိမိတ်လက္ခဏာဟုညွှန်းဆိုခြင်း ဖြစ်ပါသည်။ (မှတ်ချက်။ ။ ကယ်တင်ရှင်ဖွားမြင်စဉ်က ကောင်းကင်၌ထူးဆန်းသော ကြယ်တံခွန်ပေါ်ထွန်းခဲ့သည့် အထိမ်းအမှတ်အဖြစ် ကြယ်ကိုအသုံးပြုခြင်း ဖြစ်သည်ဟုလည်း ရေးသားဖော်ပြခြင်းများလည်းရှိပါသည်။)

Christmas (ခရစ္စမတ်) နှင့် ကြက်ဆင်သား

ယခင်က ခရစ္စမတ်ဆိုလျှင် ဘဲ၊ ငန်း စသည့်အသားတွေနဲ့ ဆင်နွှဲခဲ့ကြပါသည်။ သက္ကရာဇ် 1526 ခုနှစ်မတိုင်ခင်တုန်းက ဗြိတိန်တွင် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပရာတွင် နွားအသားကို အသုံးပြုလာကြပါတယ်။ နောက်ပိုင်းတွင် နွားများအသုံးပြုများပြီး တောင်သူများအတွက် နွားရှားပါးလာခြင်းကြောင့် အသုံးမပြုရန်ပြုလုပ်ကြပြီးနောက်ပိုင်းတွင် ဘဲ၊ ငန်း၊ ကြက်တို့ကို အသုံးပြုလာခဲ့သော်လည်း ထိုတိရစ္ဆာန်များဆီမှ ဥများရခြင်း၊ အကောင်သေးသောကြောင့် အသားနည်းခြင်းတို့ကြောင့် နောက်ပိုင်းတွင် ဘုရင် Henry VIIIသည် နန်းတော်တွင်ကျင်းပသော ခရစ္စမတ်ပွဲတော်တွင် ကြက်ဆင်သားကိုသာ အသုံးပြုလာခဲ့သည်။ ထိုမှစ၍ တိုင်းသူပြည်သားများကပါ ကြက်ဆင်များနှင့် ဆင်နွှဲလာခဲ့ရာ ယခုဆိုလျှင် အနောက်နိုင်ငံများတွင် ကြက်ဆင်ဖြင့်သာ ပွဲတော်ကိုဆင်နွှဲကြပါသည်။

Santa Claus (စန်တာကလော့စ်)

Santa Claus (စန်တာကလော့စ်) ဆိုသည့် နာမည်ကို NewYork မှာအချေချနေထိုင်ကြတဲ့ ဒတ်ချ်လူမျိုးတွေက စတင်ခေါ်ဝေါ်ခဲ့သည့် နာမည်ဖြစ်ပါတယ်။ Santa Claus (စန်တာကလော့စ်) မှာနာမည်အများကြီးရှိပါတယ်။ နာမည်အများကြီးထဲကမှ ထင်ရှားတဲ့ St. Nickolas မှဆင်းသက်လာပြီး Sinter Klaus ဆိုပြီးတစ်ဆင့်သတ်မှတ်ပြီးနောက်မှ Santa Claus ဆိုပြီးပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ သူတော်စင် St. Nickolas က ကလေးတွေကို လက်ဆောင်တွေလိုက်လံပေးလေ့ရှိပါတယ်။ St. Nickolas ကို ဂုဏ်ပြုသောအားဖြင့် January 6th တွင် ပွဲတော်ကျင်းပခဲ့ကြပါသည်။ Santa Claus ရဲ့ပုံပန်းသဏ္ဍာန်ဖြစ်တဲ့ မုတ်ဆိတ်ဖြူ ဝတ်ရုံနီနဲ့ ခပ်ဝဝအဘိုးကြီးပုံကိုတော့ အမေရိကန်နိုင်ငံသား Thomas Nast ဆိုတဲ့ ပန်းချီဆရာက ပုံဖော်ရေးဆွဲခဲ့တာကနေအစပြုပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါသည်။

Christmas (ခရစ္စမတ်) ကို အေဒီ ၄၀၀ မတိုင်ခင်က အတိအကျသတ်မှတ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ January 6, March 25, December 25 ဆိုပြီး အသီးသီးကျင်းပခဲ့ကြပါတယ်။ အေဒီ ၄၀၀ နောက်ပိုင်းမှ December 25 လို့ ဖော်ပြသတ်မှတ်ခဲ့ခြင်းကို အစပြုပြီးမှ December 25 တွင် Christmas (ခရစ္စမတ်) ကိုကျင်းပခဲ့ကြပါတယ်။ တချို့ ဥရောပနိုင်ငံတွေမှာတော့ ယခုအချိန်ထိ January 6th မှာ Christmas (ခရစ္စမတ်) ကိုကျင်းပနေကြဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း December 25 ကို Christmas (ခရစ္စမတ်) အဖြစ် ပျော်ရွှင်စွာကျင်းပကြပါတယ်။ ယခု 2019 December 25 မှာလည်း Christmas (ခရစ္စမတ်) ပွဲတော်ကို ဘေးအန္တရာယ်ကင်းကင်းဖြင့် အပျော်ကနေအပျက်သို့မကူးပြောင်းဘဲ ပျော်ရွှင်နိုင်ကြပါစေ။ Merry Christmas ပါ။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img