bnr_tob_1

2020.12.01LIFE&TREND

ခေတ်စားနေတဲ့ Menstrual cup တွေဟာ ဘယ်လိုမျိုးလဲ။

ပျိုမေတို့ရေ၊ လစဥ်အမျိုးသမီး ဓမ္မတာလာကြတဲ့အခါ စွန့်ပစ်ရတဲ့အညစ်အကြေးတွေနဲ့ အညစ်အကြေးတွေကို လက်ခံတဲ့ ပစ္စည်းတွေရှိတာပေါ့နော်။ ဒီလိုပစ္စည်းတွေထဲမှာ ပျိုမေတို့ကို  မေးချင်တာလေးက Menstrual cup သုံးဖူးကြလား၊ ဒါမှမဟုတ် သုံးမယ်လို့ စဥ်းစားထားပြီး သုံးဖို့မရဲတာမျိုးတွေရှိလား။

ဒီနေ့မှာတော့ ပျိုမေတို့ကို Menstrual cup နဲ့မိတ်ဆက်ပေးချင်ပါတယ်။  မြန်မာနိုင်ငံရဲ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုကြောင့် ရာသီလာလို့ pad ခံရတာကို စိတ်အရမ်းညစ်တဲ့အမျိုးသမီးတွေအတွက်တော့ menstrual cup ကအသင့်တော်ဆုံးပါပဲ။ ချွေးကထွက် စိုစွတ်စွတ်နဲ့ နေလို့ လုံးဝမကောင်းပြီး တင်ပါးမှာ ပွန်းပြီး allergy တွေပါဖြစ်တတ်တဲ့ မိန်းကလေးတွေအတွက်တော့ အိုကေမှာ စိုပြေပေါ့။

သူ့မှာတော့ အဓိက အားဖြင့် ၃၀အောက် မိန်းကလေးတွေနဲ့ ၊ ကလေးမမွေးသေးတဲ့ မိန်းကလေးတွေအတွက် small တစ်ဆိုဒ်၊ အသက် ၃၀နဲ့အထက် ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေအတွက် က Large တစ်ဆိုဒ်ဆိုပြီး ပုံမှန်ရှိတတ်ပါတယ်။

အသုံးပြုပုံက သူက First Time မသုံးခင် ရေနွေးနဲ့ 3 – 5 မိနစ် ပြုတ်ပေးရပါတယ်။

ရာသီပြီးရင်တော့ ရေနွေးပြုတ်ပြီး ပြန်သိမ်းပေးရပါမယ်။ တခါ အသုံးပြုချိန်က မများရင် ၁၂ နာရီထိထားလို့ရတယ်။ များရင်တော့ ၄နာရီ ၁ခါ သွန်ပေးရတယ်။

သူက cup လေးကို ခေါက်ထည့်ရပြီး ဆီလီကွန်သားဆိုပေမယ့် နည်းနည်းလေးထူသေးတော့ ပထမဆုံးထည့်တဲ့အခါတော့ နည်းနည်းထည့်ရခက်သေးတယ်။ နောက်တော့အဆင်ပြေသွားပါတယ်။ အထဲရောက်ရင် ခေါက်ထားတဲ့ခွက်ကလေးက သူ့ဟာနဲ့သူ လှုပ်ရင်းရှားရင်းပြန်ပွင့်သွားတာမို့ သိပ်စိတ်ပူစရာမလိုပါဘူး။ နည်းနည်းလေးစိမ့်ထွက်တာမျိုးတော့ဖြစ်ပါတယ်။

အထဲကို ဘယ်လိုထည့်မလဲ? Beginner တွေအတွက် အသင့်တော်ဆုံးက “ C” Fold နဲ့ Punch down Fold ပါ။ ထည့်တော့မယ်ဆို စိတ်ကို လျော့ချပါနော်။ စိတ်လျော့ချပြီး လုပ်မယ်ဆို အသာလေးဝင်သွားရော။ အသွင်းမှာ စိတ်တင်းထားတာကြောင့် နည်းနည်း နာတယ်။ ခိုးလုခုလုဖြစ်သလိုခံစားရတယ်။ ဒါပေမယ့် စိတ်ပူထားသလိုတော့မခက်ဘူး။ ထုတ်မယ်ဆိုရင်တော့ ချွန်ထွက်နေတဲ့ အချောင်းလေးကို ကိုင်ပြီး အရင်ဆွဲထုတ် ဖင်ပိုင်းက အပြင်ရောက်လာမှ ဖင်ပိုင်းကို လက်နှစ်ချောင်းနဲ့ဖိပြီး ဆွဲထုတ်လိုက်ရင်ရတယ်။

နောက်ပိုင်းမှာ ရာသီလာနေတယ်ဆိုတာကိုတောင် မေ့သွားတယ်။ အရမ်းကိုနေလို့ကောင်းပြီး တော်တော် ပေါ့ပါးလွတ်လပ်ပါတယ်။

တစ်ခုသတိထားရမှာက အတံလေးကို လိုသလောက်ညှပ်ပေးပါ။ အရမ်းရှည်ရင် ထောက်ပြီး နာတတ်ပါတယ်။ ညှပ်တဲ့အခါလည်း အရမ်းတိုသွားအောင် မညှပ်မိစေနဲ့နော်။ ပြန်ထုတ်ရခက်တာဘာညာဖြစ်မှာဆိုးလို့။

A menstrual cup — this one is made of silicone rubber — is designed to collect menstrual blood. The bell-shaped device is folded and inserted into the vagina. The tip helps with removal.

ပြီးတော့ ၀င်သွားပြီး ထုတ်မရမှာ မကြောက်ပါနဲ့နော်၊ m cup က အထဲ၀င်သွားပြီးလည်း မိန်းမကိုယ်ထဲက ကြွက်သားတွေနဲ့ သူ့နေရာမှာသူနေပြီး ကြပ်ကြပ်ကလေးဖြစ်နေတာမို့ ဘယ်လို လှုပ်ရှားနေနေအထဲမ၀င်ပါဘူး။

ပြန်ထုတ်ရင်လည်း မခက်ပါဘူး။ မိန်းမကိုယ်ကို နည်းနည်းလေးညှစ်ပေးလိုက်ရင် အသာလေးထွက်လာတာမို့ ခွက်အဆုံးက အတံလေးကို ဆွဲပြီးထုတ်လိုက်ရုံပါပဲ။ အထဲမှာ ကြပ်နေတာမို့ နည်းနည်းလေးတော့ အားလေးထည့်ပြီးထုတ်ပေးရတယ်။

Menstrual cupတွေဟာ အတော်လေးသက်တောင့်သက်သာရှိပြီး တကယ်ကို ထည့်လို့ထည့်ထားမှန်းမသိရဘူး။ ပုံမှန် pad တွေဆိုရင် လူက ပူပြီး နေထိုင်ရတာ အဆင်မပြေတာတွေ၊ နေရာလွဲနေသလိုတွေ၊ အနားတွေလိပ်နေသလိုတွေ ဖြစ်ဖူးကြတယ်မဟုတ်လား၊ M-cup မှာ ဒါမျိုးတစ်ခုမှ မကြုံရတော့ဘူး။ ပြီးတော့ pad တွေက ၄ – ၅ နာရီခြားတစ်ခါလဲပေးရတတ်ပေမယ့် m-cup က တော့ တနေကုန်ထည့်ထားလည်း ဘာမှမဖြစ်ပါဘူး။ အားကစားလုပ်ရင်လည်း အရမ်းအဆင်ပြေတယ်။

ပြောရမယ်ဆိုရင်တော့ menstrual cup က ပထမဆုံးအချိန်ပဲ အခက်အခဲရှိပြီး နည်းနည်းလေး နာတတ်တာပါ။ သုံးကြည့်ပြီးရင်တော့ ငါဘာလို့ အစောတည်းက မသုံးမိလဲဆိုပြီး နောင်တရနိုင်ပါတယ်။ cup တခု ဝယ်ရင်လည်း ၅ နှစ်ကနေ ၁၀ နှစ်အထိခံတဲ့အတွက် ငွေကုန်သက်သာသလို silicon ဖြစ်နဲ့အတွက် tampons နဲ့ pad လို ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။ cup နဲ့ ရေကူးတာ ခုန်ပေါက်တာတွေပါ လုပ်လို့ရတော့ သင်္ကြန်ဆိုလည်း အဆင်ပြေ ကမ်းခြေ နဲ့ ရေကူးကန်တွေလည်း ကြိုက်တဲ့ အချိန်ဒိုးနိုင်တယ်။ First time ကို ကျော်လွှားနိုင်ရင်တော့ menstrual cupသုံးမိတာ ရွှေပါပဲ။ သုံးကြည့်မယ်တွေးနေတဲ့လူတွေ မကြောက်ပဲ စမ်းကြည့်သင့်ပါတယ်နော်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံကို ၀င်လာတဲ့ Brand တွေကလည် းများလာပြီဖြစ်လို့ ကိုယ်နဲ့အဆင်ပြေရာကို ၀ယ်သုံးကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.