fb_icon

bnr_tob_1

2019.11.15ENTERTAINMENT

Selfie လှလှလေးတွေဆွဲလို့ရမယ့် ဆူးလေက ဝဇီရာအနုပညာလမ်းသွယ်လေး

ရန်ကုန်မြို့ရဲ့ နောက်ဘေးလမ်းကြားလေးမှသည် အနုပညာလမ်းလေးဖြစ်အောင် ဖန်တီးထားတဲ့ ဝဇီယာအနုပညာလမ်းသွယ်လေးပါ။ ရန်ကုန်မြို့ ၃၃လမ်း နှင့် ၃၄လမ်း (အထက်ဘလောက်)၊ ဝဇီယာရုပ်ရှင်ရုံအနောက်မှာရှိပါတယ်။ ဆူးလေမှတ်တိုင်မှာဆင်းပြီး ဝဇီယာရုပ်ရှင်ရုံကို လမ်းလျှောက်ရင် ခဏလေးပါ။

အချစ်တဲ့လား???😜😁😍

တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ကားကောင်းတွေကို လက်ရာမြောက်တဲ့ ပန်းချီကားတွေနဲ့ ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ ရောင်စုံနံရံပန်းချီကားကြီးတွေက အလွန်လှပပြီး ချစ်ဖို့ကောင်းလှပါတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ကောင်းတဲ့ နံရံပန်းချီကားကြီးတွေမှ အများကြီးပါ။

ရှုတင်ဆက်တင်လေး🎬

Nov15 မှ Nov 24 အထိပြုလုပ်မည့် MEMORY နိုင်ငံတကာရုပ်ရှင် အမွေအနှစ်ပွဲတော်နဲ့အတူ ကျင်းပဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။ နိုဝင်ဘာ ၁၇ ညနေပိုင်းမှာ ဒီဝဇီယာအနုပညာလမ်းသွယ်ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ ပန်းချီကားတွေဆွဲတာ မပြီးသေးပေမဲ့ အခုသွားရောက်လေ့လာလို့တော့ ရနေပါပြီ။ နိုဝင်ဘာ ၁၇လောက်ဆိုရင်တော့ ပုံတွေ ပိုပြီးစုံလောက်ပြီပေါ့။ အခုတင် တော်တော်မိုက်နေပြီ။

ငယ်ငယ်က ဟီးရိုးကြီး ငတက်ဖြား 🕶😎

အမှိုက်တွေနဲ့ မသန့်မရှင်းဖြစ်နေခဲ့တဲ့ အမှိုက်လမ်းကြား တစ်ခုကို Voluntters များ၊ ပန်းချီပညာရှင်များ၊ လမ်းသူ၊လမ်းသားများနှင့် တာဝန်ရှိသူများက ၆လကျော် အချိန်တွေပေး ကြိုးစားအားထုတ်ခဲ့ကြရတာပါ။

The Black & White 🌚🖤

ပါဝင်အားဖြည့်ပေးကြတဲ့ YGNWALLS မှ ပန်းချီပညာရှင်များနှင့် Voluntters များ ၊ လမ်းမှတာဝန်ရှိသူများ၊ လမ်းသူ၊ လမ်းသားများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ရုပ်ရှင်ရုံ‌‌လေး🎥📽

လမ်းသူ၊ လမ်းသားတွေက သဘောကောင်းကြတယ်။ ဓာတ်ပုံရိုက်ပေးဖို့ အဖော်ပါမသွားတဲ့ ကိုယ့်ကို စိတ်ရှည်ရှည်နဲ့ ဓာတ်ပုံရိုက်ပေးကြတယ်။

‌မင်းသား / မင်းသမီးကြီးများ🖤💛💚

လက်ဖက်ရည်ဆိုင်လေးထိုင်ချင်လည်းရတယ်။

သွားဖြစ်ခဲ့ရင် သူတို့ကြိုးစားမှုနဲ့ စေတနာကို လေးစားသောအားဖြင့် အမှိုက်တွေ မပစ်မိဖို့နဲ့၊ သူတို့ကို အနှောက်အယှက်ဖြစ်စေမယ့် အပြုအမူတွေကို ဆင်ခြင်ပေးကြဖို့ပါ။ ပန်းချီဆရာတွေရဲ့ ပုံတွေပေါ်မှာ အမှတ်တရဘာညာဆိုပြီး စာတွေလည်းမရေးမိဖို့ သတိလေးထားပေးကြပါနော်။ အဲ့လိုလုပ်နေသူတွေကို တွေ့ခဲ့ရင်လည်း တာဝန်သိစိတ်လေးနဲ့ တားပေးကြပါနော်။

ဒီပွဲလေးအကြောင်း မိတ်ဆွေ၊ အပေါင်းအသင်းတွေလည်း သိရအောင် ပို့စ်လေးကို share ပေးပါအုံးနော်။

Art changes people and people change the world !
Thank You.

By: Laimar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img