bnr_tob_1

2020.10.08SOCIAL

အရသာရှိရှိ စားကြမယ်

            ယခုလို ကိုရိုနာရောဂါကြောင့် Stay at Home နေရတဲ့အချိန်တွေမှာ ထမင်းစားမြိန်ဖို့အတွက် ဟင်း တစ်ခွက်ကို ပြောပြပေးချင်ပါတယ်။ ဈေးလည်းခဏခဏ မသွားနိုင်တော့ ဟင်းစားအဖြစ်နဲ့ အခြောက်အခြမ်း တွေ ဝယ်ထားရပြီပေါ့။ အဲ့လိုဝယ်ထားတဲ့အခါ ဆေးဘဲဉကို ပါအောင်ဝယ်ခဲ့ဖို့ လက်တို့လိုက်ချင်ပါတယ်။

            ဆေးဘဲဉသုပ်ဟာ ထမင်းကိုမြိန်စေပြီး လွယ်ကူသက်သာတဲ့ အရံဟင်းတစ်ခွက် ဖြစ်ပါတယ်။ ဆေးဘဲဉ ဟာ တရုတ်နိုင်ငံကစတင်ခဲ့တာဖြစ်ပြီး ဘဲဉအပြင် ကြက်ဉနဲ့ငုံးဉတို့ကိုလည်း ဆေးစိမ်ကြပါတယ်။ ဆေးဘဲဉပြု လုပ်ဖို့အတွက် ရွံ့၊ဆား၊ထုံးနဲ့ ထမင်းပျော့တို့  လိုအပ်ပါတယ်။ ဘဲဉအကာအစိမ်းရောင်ကနေ မီးခိုး ရောင်၊ မီးခိုးရောင်ကနေ အညိုရောင်ကို ပြောင်းလဲသွားတဲ့အခါ အထဲကအနှစ်တွေဟာ ဂျယ်လီအဖြစ်သို့ ပြောင်း လဲသွားတဲ့အခါ ဆေးဘဲဉရရှိပြီဖြစ်ပါတယ်။ အနံ့က ကန့်နဲ့အမိုးနီးယားအနံ့ကို ရရှိမှာ ဖြစ်ပါတယ်။

            ဆေးဘဲဉသုပ်ကို ဖီတန်သုပ်လို့လည်း ခေါ်ကြပါတယ်။ အမျိုးသားအများစုကတော့ ဘီယာနဲ့တွဲဖက်ပြီး ဆေးဘဲဉသုပ်ကို သုံးဆောင်တတ်ကြပါတယ်။ ဆေးဘဲဉရရှိဖို့အတွက် လနဲ့ချီပြီး စောင့်ဆိုင်းရတတ်ပါတယ်။ အခု နောက်ပိုင်းမှာ စီးပွားရေးသမားတွေဟာ ဈေးကွက်တွင်း အမြန်တင်ပို့နိုင်အောင် ရှေးရိုးနည်းကို ဖေါက်ဖျက်ပြီး ပြု လုပ်လာကြပါတယ်။ Calcium hydroxide နဲ့ Sodium carbonate ပျော်ရည်မှာ ဘဲဉကိုစိမ်ပြီး ဆယ်ရက်အ တွင်း ဆေးဘဲဉကို ထုတ်လုပ်လာပြီ ဖြစ်ပါတယ်။

            ဆေးဘဲဉသုပ်ဖို့ကတော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊နှမ်းနဲ့နံနံပင်တို့ပဲ လိုအပ်ပါတယ်။ အိအိစိမ့်စိမ့် လေးနဲ့ အရသာရှိတဲ့ ဆေးဘဲဉသုပ်လေးကို ရရှိမှာ ဖြစ်ပါတယ်။ ထမင်းနဲ့လည်း အရံဟင်းအဖြစ်တွဲဖက် စားနိုင်သလို နေ့ခင်းနေ့လည် သွားရေစာအဖြစ်လည်း စားသုံးနိုင်မှာ ဖြစ်ပါတယ်။

            ဆေးဘဲဉသုပ်ဟာ စားရတာ အရသာရှိလှပေမယ့် အလွန်အကျွံစားသုံးတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးအ နေနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိပြုစားသုံးရမယ့် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆိုး ကျိုးအနေနဲ့ ဆေးဘဲဉမှာ ခဲဓာတ်ပါဝင်မှုတွေ များပြားလှပါတယ်။ ခဲဓာတ်ဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်မှုများ ပြားတဲ့အခါ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်ပွားစေနိုင်ပါတယ်။

            ခဲဆိပ်သင့်တဲ့အခါမှာ အော့အန်ခြင်း၊ ဗိုက်နာမောပန်းခြင်း၊ ကြွက်သားတွေနာကျင်ခြင်း၊ ဝမ်းလျောဝမ်း ချုပ်ဖြစ်ခြင်းစတဲ့ ရောဂါဆိုးတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်စရာမလိုပဲ တော်သင့်ရုံချင့်ချိန် ပြီး စားသုံးလို့ရပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img