2019.06.26TECH
၈ လက်မနဲ့ ၁၀.၈ လက်မအရွယ် MediaPad M6 ကို Huawei မိတ်ဆက်

Huawei အနေနဲ့ nova 5 ဖုန်းတွေ မိတ်ဆက်အပြီးမှာ နောက်ဆုံးပေါ် MediaPad M6 မော်ဒယ်တွေကို ပြသထားပါတယ်။ MediaPad M6 ကို ၈.၄ လက်မနဲ့ ၁၀.၈ လက်မဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ မော်ဒယ် နှစ်မျိုးရဲ့ ကွာခြားချက်ကတော့ ဘက်ထရီပမာဏပဲ ဖြစ်ပါတယ်။
MediaPad M6 မှာ LCD panel နဲ့ရုပ်ထွက်အရည်အသွေးက 2560x 1600 pixel ပါဝင်ပြီး ဘေးဘောင်သေးငယ်ပါတယ်။ မျက်နှာပြင် ၁၀.၈ လက်မအရွယ် ထုတ်ကုန်မှာ ဘက်ထရီ 7,500mAh နဲ့ မျက်နှာပြင်သေးငယ်တဲ့ မော်ဒယ်မှာတော့ 6,100mAh ပါဝင်လာပါတယ်။
MediaPad M6 ထုတ်ကုန် နှစ်မျိုးစလုံးမှာ ရှေ့ကင်မရာ 8MP နဲ့ကျောဘက်ကင်မရာ 13MP တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Huawei ဟာ Harman Kardon အမှတ်တံဆိပ် စပီကာ ၄ လုံးကို ထည့်သွင်းထားပါတယ်။
Huawei MediaPad M6 8.4 နဲ့ 10.8 တို့အတွက် Kirin 980 SoC နဲ့ RAM 4GB အပြင် 64GB ဒါမှမဟုတ် 128GB စတဲ့ storage တစ်မျိုးကို ဝယ်ယူနိုင်ပါတယ်။ Android 9.1 အခြေခံ EMUI 9.1 ကိုအသုံးပြုထားပါသေးတယ်။
Huawei ဟာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် keyboard case တစ်မျိုးကို ထုတ်လုပ်ထားပါတယ်။ အဲဒီ case မှာ USB Type-C port တွေ၊ ၃.၅ မီလီမီတာ audio အပေါက်နဲ့ microSD ကတ်ပေါက်တို့ ပါဝင်လာပါတယ်။
မျက်နှာပြင်အရွယ် ၁၀.၈ လက်မ MediaPad M6 ကိုကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇူလိုင် ၁၀ ရက်မှာ စတိုးဆိုင်တွေပေါ် ရောက်ရှိမှာပါ။ အခြေခံ Wi-Fi သီးသန့် 4GB/64GB ကို ၃၃၅ ဒေါ်လာနဲ့ ဆယ်လူလာကွန်ရက်ထောက်ပံ့မှုပါတဲ့ ဗားရှင်းကို ၅၁၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။
၈.၄ လက်မအရွယ် မော်ဒယ်ကိုတော့ ဇူလိုင် ရ ရက်မှာ ကြိုတင်မှာယူနိုင်ပြီး ဇူလိုင် ၂၀ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ Wi-Fi မော်ဒယ်သီးသန့် 4/64GB မော်ဒယ်ကို ဒေါ်လာ ၂၉၀ နဲ့ ဆယ်လူလာဗားရှင်း4/128GB အတွက် ၃၉၂ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: GSMArena
Credit : www.internetjournal.media
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ