2020.07.28LIFE&TREND
Maskne ဆိုတာဘာလဲ

Mask ကြောင့် ဖြစ်လာရတဲ့ ဝက်ခြံဖြစ်တာမို့ Mask+acne ပေါင်းစပ်ပြီး Maskne လိုတောင် နာမည်သစ်ထွက်လာရတာပါ
ဝက်ခြံပေါက်လေ့ မရှိတဲ့ သူတွေတောင် မေးရိုးနဲ့ နှာခေါင်း Area တစ်ဝိုက်မှာ ဝက်ခြံတွေ ထွက်နေကြတယ်မလား?
မျက်နှာပေါ်က ‘Danger triangle’ လို့ခေါ်တဲ့ နှာခေါင်း နဲ့ ပါးစပ်နားတစ်ဝိုက် ဝက်ခြံဖြစ်တာကြောင့် နီမြန်းနာကျင်မှုတွေကြောင့် စိတ်ကသိကအောက် ပိုဖြစ်ရတာပေါ့
အခုတလော တစ်ကမ္ဘာလုံးက လူတိုင်းလိုလို မျက်နှာပေါ်က ‘Danger triangle’ မှာ ဝက်ခြံတွေထွက်လာတာကတော့ တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး
ဒါဆို ဒီလို ဝက်ခြံတွေဘာကြောင့့် ထွက်လာရတာလဲ?
Covid – 19 ရောဂါကိုကာကွယ်ဖို့ mask တပ်ပြီးသွားလာရတာဟာ အခုဆို ပုံမှန်လိုပဲဖြစ်လာပါပြီ။
ဒါကြောင့်ပဲ မျက်နှာအရေပြား နဲ့ Mask ကအမြဲတမ်းထိတွေ့နေရတာမို့ အချိန်ကြာလာတဲ့အခါ သတိမထားမိတဲ့ အသေးစား ပွတ်တိုက်မှုတွေက ပွန်းရှနီမြန်းလာပါတယ်။
Mask ကိုအမြဲလိုလိုတပ်ထားရတဲ့အတွက် အဆီတွေ ချွေးတွကို စုထားသလိုဖြစ်တာကြောင့် စိုထိုင်းဆပိုများပြီး bacteria တွေပေါက်ဖို့ ပိုမိုလွယ်ကူပါတယ်
Maskne အဖြစ်အများဆုံးကတော့ Mask ကို အချိန်ပြည့် တပ်ထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်နေတာကို တွေ့ရပါတယ်
Covid – 19 ကိုကာကွယ်ဖို့ mask ကို မဖြစ်မနေတပ်ရမယ့်အချိန်မှာ maskne မဖြစ်အောင် အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရမလဲ ဆိုတာပြောပြပေးချင်ပါတယ်
- တစ်ခါသုံး Mask တွေကို တစ်ခါပဲသုံးပါ။ 5နာရီ ခြားတစ်ခါလောက် Mask ကို လဲပေးပါ။
- အဝတ် Mask ကိုအသုံးပြုမယ်ဆိုရင် အသုံးပြုပြီးတိုင်း မဖြစ်မနေ လျှော်ဖွတ်ပေးဖို့လိုအပ်ပါတယ်။
- မျက်နှာ သန့်ရှင်း စင်ကြယ်စေဖို့ Cleansing ကို သေချာလေး ဂရုပြုလုပ်ပေးပါ။
- Make-up လိမ်းခြင်းက အဆီပြန်ခြင်းနှင့် ချွေးပေါက်ပိတ်ခြင်းကို ပိုမိုဖြစ်စေတာကြောင့် Make-up လိမ်းတာကို တက်နိုင်သမျှလျော့ချပေးပါ။
- Mask နဲ့ အသားအရေ ထိတွေ့မှုလျော့ချနိုင်ဖို့အတွက် ရိုးရှင်းတဲ့ Skincare အဆင့်တွေနဲ့ Sunscreen ကို တော့ အသုံးပြုပေးနိုင်ပါတယ်။
- ရိုးရှင်းတဲ့ Skincare အဆ့င်မှာToner, Essence, Serum, Moisturizer တို့ပါဝင်ပြီး Skincare ရွေးခြယ်တဲ့ အခါမှာလည်း ရေဓာတ်ကို အခြေခံထုတ်လုပ်ထားပြီး အရေပြားအတွင်းသို့ စိမ့်ဝင်မြန်ဆန်တဲ့ Skincare brand များကို ရွေးသင့်ပါတယ်
- Sunscreen ရွေးရာမှာလည်း sun block အများစုက ချွေးပေါက်ပိတ်စေတာမို့ အသားအရေမှာ စေးကပ်တင်ကျန်ခြင်းမရှိပဲ Tone up ဖြစ်သွားစေတဲ့ အမျိုးအစားကို သေချာရွေးပြီး အသုံးပြုသင့်ပါတယ်
- အခုလိုအချိန်မျိုးမှာ မျက်နှာကို ချေးချွတ်ပေါင်းတင်ခြင်းမျိုးကို မပြုလုပ်သင့်သေးပါဘူး။ ချေးချွတ်ပေါင်းတင်ခြင်းက မျက်နှာအသားအရေကို နုသွားစေတာမို့ Mask တပ်ရတဲ့အချိန်မျိုးမှာ အရေပြား ပွတ်တိုက်နီမြန်းမှု နဲ့ ဘက်တီးရီးယားပေါက်ဖွားဖို့အတွက် ပိုမိုအခွင့်အရေးများပါတယ်။
- နောက်ဆုံးတစ်ချက်ကတော့ လက်နဲ့ ထိတာညှစ်တာမျိုးတွေ လုံးဝမလုပ်ဖို့ဖြစ်ပါတယ်။ ညှစ်ထား ဖဲ့ထားတဲ့ ဝက်ခြံအသားအရေနဲ့ mask ပြန်ထိတဲ့ အခါ ပိုမိုဆိုးဝါးတဲ့ အရေပြား ပိုးဝင်ခြင်းကို ဖြစ်စေပါတယ်။
ထပ်ပြီးမှာချင်တာကတော့ Mask တွေကို ၅နာရီခြားတစ်ခါ သို့မဟုတ် စိတ်ထဲညစ်ပတ်လာတယ်ထင်တာနဲ့ နောက်တစ်ခုလဲလိုက်ပါနော်။
အခုဆို Maskne နဲ့ ပတ်သတ်တဲ့ အကြောင်အရာတွေကို မျှဝေပေးခဲ့တာမို့
အားလုံးပဲ
‘Maskne မပေါက် အလှမပျောက်ဘဲ စိုပြေတင်းရင် ပြစ်ချက်ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်’
By : TT
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ