bnr_tob_1

2020.09.10SOCIAL

Mask

            Mask ရဲ့ သမိုင်းကြောင်း လေ့လာကြည့်တဲ့အခါ  စိတ်ဝင်စားဖွယ်အချက်တွေကို တွေ့ရပါတယ်။ မျက်နှာ ဖုံးတွေကို ဖျော်ဖြေရေးတွေ၊ ပွဲအခမ်းအနားတွေမှာ အများဆုံး အသုံးပြုကြပါတယ်။ တစုံတရာကနေ ကာကွယ်ဖို့ အတွက်လည်း သုံးကြပါတယ်။ Mask ဆိုတဲ့ ဝေါဟာရဟာ အီတလီနိုင်ငံမှာ ၁၅၃၀ပြည့်နှစ်လောက်က အင်္ဂလိပ် စကားလုံး အဖြစ်နဲ့ စတင်ခဲ့တယ်လို့ သိရပါတယ်။ မျက်နှာဖုံးတွေကို အမဲလိုက်တဲ့နေရာမှာ သားကောင်ကို ခြောက်လှန့်တဲ့အနေနဲ့လည်း အသုံးပြုကြပါတယ်။

            ကမ္ဘာ့ရှေးအကျဆုံး Mask ကိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀လောက်က ပြင်သစ်မှာ တွေ့ရှိရတယ်လို့လည်း မှတ်သားရပါတယ်။ မျက်နှာဖုံးတွေကို ပုံစံအမျိုးမျိုးနဲ့ ဆန်းသစ်တီထွင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အထိမ်း အမှတ်ပွဲတော်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေ၊ အမဲလိုက်ခြင်းတွေမှာသာမက တခြားသော ဒုစရိုက်မှုတွေမှာပါ အ သုံးပြုလာကြတဲ့အတွက် ဂရိနိုင်ငံမှာ Mask အသုံးပြုမှုကို ထိန်းချုပ်လာခဲ့ပါတယ်။ Mask ကို လူတိုင်းက  သဘောကျနှစ်သက်ကြပြီး ကမ္ဘာနဲ့တဝှမ်း နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ Mask တွေကို တီထွင်ဆန်းသစ်ခဲ့ကြပါတယ်။

            ဆေးပညာဘက်မှာတော့ ကူးစက်တတ်တဲ့ ရောဂါတွေကို ကုသပေးတဲ့အခါမှာ အသုံးပြုဖို့အတွက် Surgical Mask (Medical Mask) တွေကို တီထွင်အသုံးပြုခဲ့ကြပါတယ်။ Face Mask လို့လည်း လူသိများ ပါတယ်။ Surgical Mask တွေကို ဆရာဝန်၊သူနာပြု စတဲ့ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး ပြု လုပ်ခဲ့တာဖြစ်ပါတယ်။ လူနာတွေကိုရောဂါကုသပေးတဲ့အခါနှာခေါင်းနဲ့ပါးစပ်ထဲက အရည်တွေနဲ့ဘက်တီးရီးယား ပိုးတွေကို အပြန်အလှန် မကူးစက်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ၎င်းနှာခေါင်းစည်းတွေဟာ ဆန်းသစ်တဲ့ ဒီဇိုင်းတွေမရှိပဲ မမြင်ရတဲ့ဗိုင်းရပ်စ်ပိုးတွေနဲ့ သေးငယ်တဲ့ဗက်တီးရီးယားတွေရဲ့ အန္တရာယ်က ကာကွယ်ပေးတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ပေးနိုင်တဲ့ အရည်အသွေးကို လိုက်ပြီး Surgical Mask အမျိုးအမည် များ ကွဲသွားပါတယ်။

            Surgical Mask တွေကို ၁၉ရာစုလောက်ထဲက စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကမ္ဘာနဲ့တဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်စိတ်ချစွာ အသုံးပြုလာခဲ့ကြပါတယ်။ Surgical Mask တွေကို ခေတ်မှီတိုးတက်တဲ့နိုင်ငံတွေမှာသာမက ဖွံ့ဖြိုးတိုးတက်မှုအားနည်းတဲ့ နိုင်ငံငယ်လေးတွေမှာလည်း များစွာ အသုံးပြုနေကြတာကို တွေ့နိုင်ပါတယ်။ ယခုနောက်ပိုင်း တချို့နိုင်ငံတွေမှာ အဝတ်မျက်နှာဖုံး (Cloth Mask) တွေကိုလည်း Surgical Mask တွေလိုပဲ ကျန်းမာရေးကိစ္စတွေမှာ တပြေးညီသုံးစွဲလာကြ ပါတယ်။

            ယခုကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ခံစားနေရချိန်မှာ Surgical Mask တွေဟာ အကောင်းဆုံး ဇာတ်လိုက်ဖြစ်လာပါတော့တယ်။ Surgical Mask‌ တွေကို ကျန်းမာရေးဝန်ထမ်းတွေသာမက၊ အများပြည်သူတွေကပါ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာတဲ့ ဘဝထဲကို ကိုရိုနာဗိုင်းရပ်စ်က ဝင်ရောက်လာတဲ့အခါမှာ လူတွေရဲ့ ကျန်းမာရေးအပြင် စီးပွားရေး၊လူမှုရေး စတဲ့ကဏ္ဏမျိုးစုံကို ထိခိုက်လာပါတော့ တယ်။ အိမ်မှာမနေနိုင်ပဲ လုပ်ကိုင်ရှာဖွေနေရသူတွေအတွက် Surgical Mask ဟာ အကောင်းဆုံးအဖော်မွန် ဖြစ် လာခဲ့ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ နားလည်တတ်ကျွမ်းသူ ပညာရှင်တွေကလည်း Surgical Mask တွေရဲ့ အရေးပါမှုနဲ့ ကာကွယ်ပေးနိုင်မှုတွေကို ပြည်သူတွေ ဗဟုသုတရအောင်၊ Surgical Mask ကို ပြည်သူ တွေ လိုလိုလားလား အသုံးပြုချင်လာအောင် တိုက်တွန်းနှိုးဆော်လျက် ရှိနေပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img