bnr_tob_1

2020.07.14SOCIAL

အာဇာနည်နေ့တွင် ဗိမာန်သို့ အများပြည်သူအား အရေအတွက်အကန့်အသတ်ဖြင့် တက်ရောက်ဂါရဝပြုခွင့်ပေးမည်

၂၀၁၉ အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုသော ပြည်သူများ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

By မိုးမင်း

ဇူလိုင် ၁၉ ရက်တွင်ကျ ရောက်မည့်(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်မည့် အာဇာနည်ဗိမာန်သို့ အများပြည်သူအား  အရေအတွက်အကန့်အသတ်ဖြင့် တက်ရောက် ဂါရဝပြုခွင့်ပေးရန်ရှိကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးရန်အောင်က  ပြောသည်။ 

ယခုနှစ် အာဇာနည်နေ့သည် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလနှင့် တိုက် ဆိုင်နေသဖြင့် ယခင်နှစ်များကဲ့ သို့ အလုံးအရင်းဖြင့် တက်ရောက် ဂါရဝပြုခြင်းကိုခွင့်ပြုမည်မဟုတ် ဘဲ သတ်မှတ်အကွာအဝေးဖြင့်အ သုတ်လိုက်တက်ရောက်ဂါရဝပြုနိုင်ရန်စီစဉ်ထားသည်ဟု သိရ ကြောင်း ဦးရန်အောင်ကဆို သည်။ 

‘‘အရင်တုန်းကလို အနေအ ထားမျိုး မဟုတ်တာကြောင့်Mask တွေဘာတွေတပ်ဆင်ပြီး ဝင်ရမယ်။ နောက်ပြီး လူအရေအတွက်တော့ ကန့်သတ်ထားတယ်။ ခြောက်ပေအကွာစီကနေ ဂါရ၀ ပြုလို့ရပါတယ်။ ဒါကဒီနေ့ နောက်ဆုံးရတဲ့ အခြေအနေပေါ့။  တစ်သုတ်ကို ဘယ်နှယောက်လဲ၊ ဥပမာတစ်သုတ်ကို ဆယ့်နှစ် ယောက်လား အဲဒီလိုပေါ့။ခြောက်ပေအကွာစီကနေ ဂါရဝပြုရမှာ ကိုး’’ ဟု ဦးရန်အောင်က ပြောသည်။ အာဇာနည်နေ့အခမ်းအနားအတွက် ဇူလိုင် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ရေး  ရာဥက္ကဋ္ဌအချို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအချို့ အစမ်းလေ့ ကျင့်မှုပြုလုပ်ခဲ့သည်။ 

ယင်းသို့ အစမ်းလေ့ကျင့်မှု တွင် တရားစီရင်ရေး၊ ဥပဒေစိုးမိုး ရေးနှင့်တိုင်ကြားစာများ၊ အသ နားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးရန်အောင်လည်း ပါဝင် ခဲ့သည်။ 

‘‘အလုံးအရင်းနဲ့လူစုလူဝေး မဖြစ်ရအောင် သက်ဆိုင်တဲ့တာ ဝန်ရှိသူတွေက စနစ်တကျဖြစ် အောင်လို့စီစဉ်ပေးလိမ့်မယ်။ သီး ခြားအသိပေးညွှန်ကြားချက်တွေ လည်း ထုတ်ပြန်လိမ့်မယ်ထင် တယ်’’ဟု ဦးရန်အောင်က ပြော သည်။ 

ယခုနှစ်တွင် အာဇာနည် ဗိမာန်သို့ တက်ရောက်ဂါရဝပြု မည့်အဖွဲ့အစည်းများအား လူဦး ရေ ထိန်းချုပ်သည့်အနေဖြင့် တက်ရောက်ခွင့်ရှိသူ အရေအ တွက်ကို လျှော့ချထားကြောင်း  ၎င်းကဆိုသည်။ 

‘‘အရင်ကဆိုလွှတ်တော်ရေး ရာကော်မတီဥက္ကဋ္ဌတွေ အကုန် တက်ခွင့်ရှိတယ်။ ဒီနှစ်ကလူ လျှော့ထားတော့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအဝင်လေး ယောက်ပဲတက်ခွင့်ရှိတော့တယ်’’ ဟု ဦးရန်အောင်က ပြောသည်။ 

ယခုနှစ် အာဇာနည်နေ့အ ခမ်းအနားသို့ COVID-19 ရော ဂါကြောင့် အများပြည်သူတက် ရောက်ဂါရဝပြုခြင်းအား ခွင့်မပြု ရန်  မူလကလျာထားသတ်မှတ်ခဲ့ ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီဝင်ဦး စိန်အုန်းက  ဇွန်လဆန်းပိုင်းက ပြောကြားခဲ့သည်။

ယခုနှစ်တွင်  အာဇာနည်နေ့ အခမ်းအနားအတွက် ပြင်ဆင် ထားမှုနှင့် အများပြည်သူသိရှိ အောင်ထုတ်ပြန်သွားမည့်အချက် များနှင့်ပတ်သက်၍ သိရှိရန် ရန် ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ တာဝန်ရှိသူများထံ ယမန်နေ့က ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။ 

ယခုအခါ  အာဇာနည်ဗိမာန် သို့အများပြည်သူအား လူဦးရေ အကန့်အသတ်ဖြင့် တက်ရောက် ဂါရဝပြုခွင့်ပေးမည်ဖြစ်သော် လည်း ရန်ကုန်မြို့နှင့် နတ်မောက် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်နေအိမ်သို့ အများပြည်သူ ဝင်ရောက် လေ့လာခွင့်ပြုမည် မဟုတ်ဟု ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ 

အဆိုပါ ပြတိုက်နှစ်ခုသို့ ဝင်ရောက်လေ့လာခွင့်ပြုမည် မဟုတ်သော်လည်း  အများပြည် သူလေ့လာနိုင်ရန် Online Exhibition အဖြစ် ပြသပေးသွားမည်ဟု  ကြေညာထားသည်။ 

ထို့အပြင် အာဇာနည်ခေါင်း ဆောင်များ ကျဆုံးခဲ့သည့် ဝန်ကြီး များရုံးအတွင်းသို့လည်း ယခုနှစ် တွင်အများပြည်သူ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ဟု ဇွန်လ ၁၇ ရက် ကပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်း ပနိုင်ရေး ဗဟိုကော်မတီ၏လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင်သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြည်ထောင်စုဝန်ကြီးသူရ  ဦးအောင်ကိုက ပြောကြားထား သည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img