fb_icon

bnr_tob_1

2019.12.10FOOD

တစ်ယောက်ကို (၃)ထောင်ကျပ်နဲ့ အင်မတန်အရသာကောင်းမွန်လှတဲ့ မာလာရှမ်းကောစားကြမယ်

တစ်ယောက် (၃)ထောင်ဆိုတာ ကျွန်တော်က (၂)ယောက်မျှစားလို့ရတဲ့ တန်ဖိုးကိုတွက်ပြတာပါ..၊ တကယ်လည်း တစ်ယောက်ကို ၃ထောင်ပဲကုန်ပါတယ်။ အရသာအရမ်းရှိတဲ့ မာလာရှမ်းကောပါ။ ဆိုင်နာမည်ကတော့ ၀တုတ်ကြီး မာလာရှမ်းကော ပါတဲ့။ သိတဲ့သူလည်း ရှိသလို မသိတဲ့သူလည်းရှိမှာပါ…ဘာကြောင့် ဒီလောက်ညွှန်းနေရသလဲဆိုတာကို ခံစားပြီး ဖတ်ရှုပေးပါအုံး။

အဆိုပါ ၀တုတ်ကြီး မာလာရှမ်းကောဆိုင်က စမ်းချောင်းမြေနီကုန်းမှတ်တိုင်အနီးမှာတည်ရှိပါတယ်။ အတိအကျပြောရရင်တော့ မြေနီကုန်းမှတ်တိုင်အနောက်မှာ မှန်တံခါးနဲ့ မာလာရှမ်းကောပုံတစ်ပုံချိတ်ဆွဲထားမှာဖြစ်ပြီး အဆိုပါ ဆိုင်ဟာ ၀တုတ်ကြီးမာလာရှမ်းကောဆိုင်ပဲဖြစ်ပါတယ်။

ရုံးဆင်းချိန်တွေနဲ့ ပိတ်ရက်တွေဆိုရင်တော့ လူအပြည့်ဖြစ်နေတယ်လို့မြင်ရမှာပါ..။ ဒါပေမယ့် စိတ်မပူပါနဲ့..အတွင်းပိုင်းမှာ အခန်းတစ်ခန်းရှိပါသေးတယ်။ လူပြည့်တယ်လို့မြင်ရလည်းရဲရဲတင်းတင်းသာ ၀င်သွားလိုက်ပါ။

ကဲ…ဆိုင်ထဲကို ရောက်သွားပြီဆိုတာနဲ့ စားဖို့သောက်ဖို့ ဘာတွေရွေးချယ်စရာရှိသလဲပြောပြပါမယ်။ မာလာရှမ်းကောဆိုင်ဖြစ်လို့ မာလာရှမ်းကော စားဖို့သွားကြမှာဖြစ်ပါတယ်၊ သူ့မှာ တစ်ခြား Menu သေးသေးလေးတွေလည်းရှိပါသေးတယ်။ ကျွန်မအနေနဲ့ မာလာရှမ်းကောပဲ စားခဲ့တာဖြစ်လို့ မာလာရှမ်းကောအကြောင်းကိုပဲ ပြောပြပေးပါမယ်။

၀တုတ်ကြီးဟာ Set တွေကိုပဲရောင်းပေးပါတယ်။ ထပ်ထည့်ပေးဖို့ရာအတွက် အမယ်တွေကို သပ်သပ်လုပ်ပေးထားခြင်းမရှိပါဘူး။ များများစားစား စားချင်တဲ့သူတွေအဖို့တော့ နည်းနည်းစိတ်ခုစရာပေါ့..။ ဒါပေမယ့်လည်း သူ့ရဲ့ SET က လောက်လောက်ငင စားရတဲ့အတွက် အထွေအထူး အထွန့်တက်စရာမရှိပါဘူး။

Set မှာမှ Couple Set နဲ့ Single Set ဆိုပြီး ၂မျိုးရှိပါတယ်။ Single Set ကတော့ ၅ထောင်ကျပ်ပါ။ မာလာရှမ်းကော တစ်ပွဲ ပါ၀င်ပါတယ်။ Couple Set ကတော့ မာလာရှမ်းကောတစ်ပွဲ + ထမင်း ၂လုံး + 

အအေး(၂)ခွက်ပါ၀င်ပါတယ်။ တန်ဖိုးကတော့ ၇၉၀၀ ကျပ်ပါ။ (စျေးနှုန်း ၅ရာ၀န်းကျင်လောက်တော့ အပြောင်းအလဲရှိပါမယ်။) Single နဲ့ Couple Set တို့ကွဲပြားချက်က အများကြီးတော့မရှိပါဘူး။ မာလာရှမ်းကော အရသာနဲ့ ပမာဏ ပြောင်းလဲခြင်းမရှိပါဘူး အအေးနဲ့ ထမင်းပိုသွားတာပဲရှိပါတယ်။ အအေးမှာတော့ တစ်ခွက် ၁၅၀၀တန် ၂ခွက်ပါ၀င်ပါတယ်။ အခုတော့ တစ်ခွက် ၁၈၀၀ တန် Bubble Tea ၂ ခွက်လက်ဆောင်ပေးတယ်လို့ဆိုပါတယ်။

ကျွန်မတို့က တော့ ဘယ်နှစ်ယောက်ပဲသွားသွား Single Set ပဲစားပါတယ်။ Single Set ကို ခေါက်ဆွဲ (၅ရာ) ဖိုး ထပ်ထည့်ခိုင်းတယ်၊ ပြီးတော့ အသား ဘာညာ Add in ထပ်ထည့်လို့လည်းရပါတယ် ၁ထောင်ကျပ်ထပ်ပေးရပါမယ်တဲ့..၊

ကျွန်မတို့ကတော့ မာလာရှမ်းကော (၅၀၀၀ ကျပ်) + ထမင်း ၂လုံး (၁၀၀၀ ကျပ်) + ခေါက်ဆွဲ ထပ်ထည့် (၅၀၀ကျပ်) နဲ့ စုစုပေါင်း ၆၅၀၀ကျပ်နဲ့ ၂ယောက်ကို ဗိုက်တင်းအောင်စားရပါတယ်။

မာလာရှမ်းကောမှာ ကြက်၊ ၀က် နဲ့ ပင်လယ်စာဆိုပြီး (၃)မျိုးရှိပါတယ်။ ဘာနဲ့ပဲယူယူ ၅၀၀၀ ကျပ်ပါ။ ကျွန်မတို့ကတော့ ၀က် နဲ့ပဲ စားပါတယ်။ ဒီနေရာ ပြောစရာရှိတာက သူ့ရဲ့ အသားထည့်ပေးပုံထည့်ပေးနည်းပါ။ လက်သန်းခွံလောက်သေးသေးလေးတွေထည့်ပေးတာမျိုးမဟုတ်ဘဲ အသားကို အပြားလိုက်ထည့်ပေးတာကြောင့် စားရတဲ့သူက အရမ်းအားရပြီး အရသာရှိပါတယ်။ ပြီးတော့ သူ့ရဲ့ အရသာက မြန်မာပါးစပ်နဲ့ လုံး၀အကိုက်ပါပဲ။ မထုံလွန်းမစပ်လွန်း မွှေးမွှေးလေးနဲ့ မို့လို့ စားရတဲ့သူ အရမ်းစိတ်ချမ်းသာရပါကြောင်းပြောကြားလိုပါတယ်။ သင်တို့အနေနဲ့လည်း မြေနီကုန်းရောက်တဲ့အခါ ၀တုတ်ကြီးမာလာရှမ်းကောကို မဖြစ်မနေ စားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img