fb_icon

bnr_tob_1

2019.12.24FEATURE

ခရစ်စမတ်အားလပ်ရက်မှာ ဘယ်လိုအနားယူကြမလဲ

            ခရစ်စမတ်အားလပ်ရက်တွေ လာပါပြီ။ ပိတ်ရက်ရှည်မှာ တချို့က မိသားစု၊သူငယ်ချင်းများနဲ့ အပန်းဖြေ ခရီးတွေ ထွက်ကြပါတယ်။ တချို့ကတော့ ဘယ်ခရီးမှမသွားပဲ အိမ်မှာပဲ အနားယူကြပါတယ်။ Yangon Style ပရိသတ်ကြီးကရော ခရစ်စမတ်ပိတ်ရက်မှာ ဘယ်လိုတွေ အနားယူကြမှာလဲ။

            ဒီတခါမှာတော့ လူထူတာ၊ဆူညံတာတွေမကြိုက်လို့ ပွဲလမ်းသဘင်တွေ၊ခရီးတွေ မသွားပဲ ကိုယ့်အိမ်မှာပဲ အနားယူကြမယ့် ရန်ကုန်သူ၊ရန်ကုန်သားတွေအတွက် စိတ်ကူးကောင်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါ ကတော့ မရှုပ်ထွေးပါဘူး။ အိမ်မှာ မိသားစုနဲ့ စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်စားသောက်ပြီး ရုပ်ရှင်ကား ကောင်းလေးတွေ ရွေးချယ်ကြည့်ရှူကြမယ်ပေါ့။ စာရေးသူလည်း ခရစ်စမတ်အားလပ်ရက်ကို မိသားစုနဲ့ အိမ်မှာပဲ အနားယူမှာ ဖြစ်ပါတယ်။ စိတ်ကူးထားတာကတော့ မိသားစုတွေနဲ့မာလာရှမ်းကော လုပ်စားမယ်။ ဆိုင် အရသာ နဲ့ အိမ်လက်ရာလေးတော့ကွာမှာပေါ့နော်။

            အိမ်မှာပဲ မာလာရှမ်းကောကို အရသာရှိအောင် လုပ်ဖို့က သိပ်မခက်ပါဘူးနော်။ ပထမဆုံး လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူရမှာပါ။ မာလာရှမ်းကော အနှစ်ထုတ်၊ ပန်းဂေါ်ဖီအစိမ်း၊ မုန်လာထုပ်၊ ကြာစွယ်၊ ပြောင်းဖူး၊ အပ်မှိုနဲ့ တခြား ကြိုက်နှစ်သက်ရာအသီးအရွက်တွေ ဝယ်ယူရပါမယ်။ အသားကို မိမိကြိုက်နှစ်သက်တဲ့ ဝက်သား၊ကြက် သား၊ပုစွန်၊ကြက်အူချောင်း အစရှိသလို စိတ်တိုင်းကျ ဝယ်ယူလိုက်ပါ၊ မာလာခေါက်ဆွဲကတော့ မမေ့မလျော့ ဝယ် ယူရမယ့် ပစ္စည်းပေါ့နော်။

            အရင်ဆုံး ဟင်းသီးဟင်းရွက်များကို ရေစင်အောင်ဆေးပြီး ရေပွက်ပွက်ဆူတဲ့ အိုးထဲမှာ ၂မိနစ်ခန့် ပြုတ်လိုက်ပါ။ နောက် အသားများကို အနေတော်လှီးပြီး အပေါ့အငန်အရသာ စိမ့်ဝင်အောင် နယ်ပြီးတဲ့အခါ အနည်းငယ်ခြောက်သွားအောင် ဒယ်အိုးပူပေါ်တွင် လှိမ့်ပါ။ ပြီးတဲ့အခါ ခေါက်ဆွဲကို အပျော့အမာ အနေတော် ဖြစ်အောင် ခဏပြုတ်လိုက်ပါ။

            အားလုံးအဆင်သင့် ဖြစ်သွားချိန်တွင်အနည်းငယ်ထောင်းထားသော ကြက်သွန်ဖြူ၊ဂျင်းတို့နဲ့ မာ လာရှမ်းကော အနှစ်တို့ကို ရောပြီး ဆီနည်း နည်းနှင့် ဆီသတ်လိုက်ပါ။ ပြီးလျင် အသား၊အသီးအရွက်များနဲ့ ခေါက်ဆွဲတို့ကို သမအောင်ရောနယ်ပြီး မြေပဲနှင့်နှမ်းတို့ကြိုက်နှစ်သက်ပါက အပေါ်မှ ဖြူးပေးလိုက်ပါ။ ဆိုင် တွေမှာလို မာလာရှမ်းကော အရသာ စစ်စစ်မရနိုင်ပေမယ့် အိမ်လက်ရာ စားကောင်းလှတဲ့ မာလာရှမ်းကော ကို စိတ်တိုင်းကျ စားနိုင်မှာပဲ ဖြစ်ပါတယ်။

            မိသားစုတွေနဲ့အတူ တီဗွီရှေ့မှာ မာလာရှမ်းကောပွဲကြီးနဲ့ ခရစ်စမတ်အားလပ်ရက်က အဓိပ္ပါယ်တွေ ရှိ သွားပါလိ့မ်မယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img