fb_icon

bnr_tob_1

2019.07.30ENTERTAINMENT

မဟာမိုဘိုင်းအက်ပလီကေးရှင်းမှ မြန်မာရုပ်ရှင်များကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုကိုမိတ်ဆက်

မဟာမိုဘိုင်းအက်ပလီကေးရှင်း မှတစ်ဆင့် မြန်မာရုပ်ရှင်များ ကြည့်ရှုရန်အတွက် နေ့စဉ်သုံး၊ အပတ်စဉ်သုံး၊ လစဉ်သုံး စာရင်းသွင်း ဝန်ဆောင်မှုကို MPT ကမိတ်ဆက်လိုက်ပါတယ်။

MPT အသုံးပြုသူတွေအနေနဲ့ တစ်ရက်မှာ ၉၉ ကျပ်၊ တစ်ပတ်မှာ ၅၄၉ ကျပ်၊ တစ်လမှာ ၁,၉၉၉ ကျပ်နှုန်းနဲ့ အကန့်အသတ်မရှိ ခံစားကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မဟာမိုဘိုင်း အက်ပလီကေးရှင်းကို download ရယူပြီးပါက MPT ဖုန်းနံပါတ်၊ အီးမေလ်အကောင့်၊ Facebook အကောင့်တို့ဖြင့် စာရင်းသွင်း ရန်လိုအပ်မယ်လို့ သိရပါတယ်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “မဟာမိုဘိုင်း အက်ပလီကေးရှင်းနဲ့ကျွန်တော်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့နေရာမှာ ယခင်အချိန်တွေက ရုပ်ရှင်ကားတွေနဲ့ ဒီနေ့ခေတ်လူငယ်တွေကြား ကွာဟနေတဲ့ ကွာဟချက်တွေကို နီးကပ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါက ဒီဂျစ်တယ် ခေတ်မတိုင်က လုံးဝမရှိခဲ့တဲ့ အရာပါ။ အခုအချိန်မှာ မျိုးဆက်သစ်တွေအနေနဲ့ မဟာမိုဘိုင်းအက်ပလီကေးရှင်း ကိုသုံးပြီး ရုပ်ရှင်တွေထဲမှာ ထင်ဟပ်နေခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ အမွေအနှစ်၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေကို ပိုမိုနားလည်တန်ဖိုး ထားလာကြပါပြီ။ MPT အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို မြန်မာလူမျိုးတွေရဲ့ လက်ထဲကို အရောက် ပို့ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့် 3G နဲ့ 4G/LTE+ ကွန်ရက်တွေ ကတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နေရာဒေသအသီးသီးကို ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

-အောင်သူ

Credit : www.internetjournal.media

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img