fb_icon

bnr_tob_1

2019.10.10TRAVEL

ဖယ်ခုံအင်းထဲက သီးသန့်အနားယူအပန်းဖြေစရာကျွန်းလေး လွယ်ပန်းစုံ🏕🏕🏕

ရှေ့က reception လေးတဲ့

ဒီတစ်ခါတော့ နေရာအသစ်လေးတစ်ခုကို သွားပီးစပ်စုခဲ့ပါတယ်။ အင်းဆိုရင် အကုန်လုံးက အင်းလေးကို ပိုသိကြတာများပါတယ်။ အင်းလေးနဲ့ တစ်ဆက်တည်း ဖယ်ခုံအင်းကိုတော့ လူသိနဲနဲ နည်းပါတယ်။
အင်းလေးလိုပဲ ဖယ်ခုံအင်းထဲမှာ စက်လှေတွေစီးလို့ရတယ်။ ရွာတွေကို ပတ်ကြည့်လို့ရတယ်။အင်းလေး၊ စံကားအင်း စတဲ့နေရာတွေကိုုလဲ လှေစီးပြီး သွားလို့ရတယ်လေ။

သဒ္ဓါသွားခဲ့တာက ဖယ်ခုံအင်းထဲက လွယ်ပန်းစုံဆိုတဲ့ CBT အခြေပြုအနားယူအပန်းဖြေစရာအိမ်လေးနဲ့ ကျွန်းလေးပေါ့။ လွယ်ပန်းစုံကျွန်းပေါ်မှာတော့ လွယ်ပန်းစုံရွာလေးရှိတယ်။ ဖယ်ခုံအင်းထဲကနေ မိနစ် ၂၀ လောက်စက်လှေစီးသွားရင် အဲ့ကျွန်းကိုရောက်တယ်။ စက်လှေကလဲ တစ်စီးကို ၂သောင်းဝန်းကျင်ပေးရပါတယ်။ ဖယ်ခုံမြို့ပေါ်ကနေလဲ ကျွန်းကိုလှမ်းမြင်နေရတယ်။

ကျွန်းကိုရောက်တာနဲ့ ဝန်ထမ်းတွေ လာကြိုကြတယ်။ ပီးရင် သူတို့ဆောက်ထားတဲ့ အိမ်လေးတွေမှာတည်းလို့ရတယ်။ ဟိုတယ်လို့ ဘာလို့မသုံးတာလဲဆိုရင် သန့်စင်ခန်းတွေကတွဲလျက်မပါပဲ အိပ်ဖို့လောက်ပဲ ဝါးအိမ်လေးတွေက်ု ချစ်စရာကောင်းအောင်ဆောက်ထားတာ။ ခုလက်ရှိအချိန်မှာ လွယ်ပန်းစုံ CBT မှာက အိမ်လေးလုံးပဲရှိသေးတယ်။ လူအများကြီးသွားလို့မရသေးဘူး။ Camping လုပ်မယ်ဆိုရင်တော့အဆင်ပြေတယ်။ သူတို့တွေ စီစဉ်ပေးပါတယ်တဲ့။

ကျွန်းပေါ်မှာ သီးသန့်အနားယူချင်တဲ့လူတွေ၊ အလုပ်တွေ Stress တွေများလို့ မြို့ပြရဲ့အဝေးကနေ ပြေးထွက်ချင်တဲ့လူတွေအတွက်တော့ တကယ်ကိုနားအေးပါးအေး အနားယူလို့ရမယ် သီးသန့်ကျွန်းလေးပေါ့။
ကျွန်းပေါ်တက်လိုက်တာနဲ့ ပန်းနှမ်းခင်းကြီးက ဆီးကြိုနေတာနော်😻😻 အိမ်လေးတွေကလဲ တစ်အိမ်ကို ၃သောင်းဝန်းကျင်ပဲရှိတော့ အဆင်ပြေပါတယ်။ စားသောက်စရာတွေလဲ Reception မှာပဲမှာလို့ရတယ်။ မီးကလဲ တစ်နေကုန်ရတယ်ဆိုတော့ အိုကေပီလေ။ မြို့ကြီးပြကြီးက Hotel တွေလို wifi တွေ bar တွေတော့ မရှိဘူးပေါ့နော်။

ကျွန်းပေါ်မှာဘာ Activity တွေရှိလဲ?🏕
•••••••••••••••••••••••••••••••••••
🏕 ကနူးလှေတွေစီးလို့ရမယ်။
🏕 ရေငုပ်လို့ရမယ်။
🏕 ကျွန်းပေါ်မှာ Trekking လျှောက်လို့ရတယ်။
🏕 စက်ဘီးတွေလဲစီးလို့ရတယ် ( တစ်နာရီ ၅ဝဝဝကျပ်)
🏕 လွယ်ပန်းစုံရွာထဲက မြုံးလုပ်တဲ့အိမ်၊ ပရဆေးလုပ်တဲ့အိမ်၊ အရက်ချက်တဲ့အိမ်တွေကိုသွားပြီးလေ့လာလို့ရတယ်။
🏕 ညဖက်ဆို ကိုယ့်အဖွဲ့လိုက် ရှမ်းရိုးရာအကတွေနဲ့၊ မီးပုံပွဲကို ကြည့်ရှုခံစားလို့ရအောင်လဲစီစဉ်ပေးပါသေးတယ်တဲ့❤️

ကျွန်းပေါ်မှာဘာတွေမလုပ်သင့်ဘူးလဲ? 🏕💭
••••••••••••••••••••••••••••••••••••
✖️ အမှိုက်လုံးဝမပစ်ချပါနဲ့။
✖️ညဖက်တွေဆို ဝန်ထမ်းတွေမပါပဲ တစ်ယောက်ထဲ လျှောက်မသွားပါနဲ့။ ကျွန်းကခုမှအရိုင်းဆန်သေးတော့ မမြင်ရတဲ့ အင်းဆက်တွေရှိနိုင်လို့ပါတဲ့။ သွားချင်ရင် သူတို့လိုက်ပို့ပါတယ်။

အကြံပြုချင်တာကတော့ 🔻

☑️ နောက်ထပ် အိမ်လေးတွေဆောက်ပေးမယ်ဆိုရင်တော့ပိုအဆင်ပြေပါတယ်
☑️ ရေချိုးခန်း၊ အိမ်သာကို ဘန်ဂလိုလေးမှာပဲ တွဲလျက်လုပ်ပေးစေချင်ပါတယ်။

လွယ်ပန်းစုံကို ဘယ်လိုသွားမလဲ?
••••••••••••••••••••••••••••••
သဒ္ဓါတို့က ပင်လောင်းကနေ ကိုယ့်ကားနဲ့ကို ဖယ်ခုံကိုသွားတာပါ။ ရန်ကုန် – ပင်လောင်းကားစီးပြီးတော့လဲ ကားငှားပြီး သွားလို့ရပါတယ်။
ဖယ်ခုံရောက်ရင် Bamboo House ဆိုတဲ့ဆိုင်ကနေ လှေစစီးရတာပါ။ ကားသမားတိုင်း Bamboo House Restaurant ကိုသိပါတယ်တဲ့။ စက်လှေကအဲ့ဆိုင်မှာ ကပ်လို့ပါ။ ညအိပ်မယ်ဆိုရင် CBT ကို Booking ယူရပါတယ်။ အိမ် လေးအိမ်ပဲရှိလို့ပါ။ ဖုန်းနံပါတ်ကိုအောက်ဆုံးမှာထည့်ပေးထားမယ်နော်။

နောက်တစ်ခုစိတ်ဝင်စားစရာသိလာတာကတော့ လွယ်ပန်းစုံကျွန်းရဲ့ နောက်တဖက်မှာ စကွယ်မြို့ဟောင်းဆိုတာရှိတယ်တဲ့။ သူကရေအောက်ထဲမြှုပ်သွားတဲ့ မြို့ဟောင်းလို့ပြောတယ်။ ဆလုံလူမျိုးတွေလာပြီး ရေငုပ်ကြည့်ကြဖူးတယ်တဲ့။ စေတီပုထိုးအပျက်တွေနဲ့ အိမ်အပျက်တွေရေအောက်ထဲမှာတွေ့ရပါတယ်တဲ့။ ဒါပေမယ့် ရေငုပ်အရမ်းကျွမ်းကျင်တဲ့လူမှသာ ဒါကိုလေ့လာလို့ရမှာဆိုတော့ ခုလက်ရှိတော့ တိမ်မြှုပ်နေဆဲပေါ့။ သဒ္ဓါတို့လဲ လေ့လာချင်ပေမယ့် တစ်ခြားနိုင်ငံတွေလိုမဖွံ့ဖြိုးသေးတော့ ကိုယ်တိုင်လေ့လာခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ကြားရတာနဲ့တင် ရေအောက်ထဲက စကွယ် မြို့ဟောင်းကို သွားလေ့လာကြည့်ချင်နေပါပြီ။

Reception ကနေလှမ်းရိုက်ထားတာ
ကဲ view မှာမေ့မျော
ကျွန်းပေါ်ရောက်တာနဲ့ ပန်းနှမ်းခင်ကြီးက ကြိုနေတာ
😻😻😻
နောက်မှာ ပြောင်းခင်း
ဘန်ဂလိုလေးတွေနားမှာ နောက်ကိုဆက်သွားရင် ရွာရောက်တယ်
အဲ့ ၄ လုံးပဲရှိသေးတယ်
ဒါက ထမင်းစားတဲ့နေရာ
ဝင်ဝင်ချင်း
ဒီနေရာလေးမှာ ဘန်ဂလိုလေးဆို ဘလောက်ကောင်းလိုက်မလဲ
Reception မှာတောင်နေချင်တယ် 😁
ဖယ်ခုံအင်း
ဘန်ဂလိုလေးတွေ
တစ်ခုနဲ့တခုကတော့ကပ်လျက်ပဲ
၃ ယောက်ခန်းရှိတယ်
စက်ဘီးငှားပီးရွာပတ်လို့ရတယ်
ထမင်းစားတဲ့နေရာ
လှေနဲ့ဒီလိုရောက်😊 —
လှေပေါ်ကနေမြင်ရတာ
ဖယ်ခုံအင်းထဲလှေစီးမယ်
အင်းလေးထက်ကျယ်တယ် ဖယ်ခုံအင်းက
ဒါက Bamboo House ကနေထိုင်ဆွေးနေတာ
လွယ်ပန်းစုံမှာ
ဒါက ဖယ်ခုံမြို့က bamboo House Restaurant
အဆုံးထိဖတ်ပေးလို့ အားလူံးကိုကျေးဇူးတင်ပါတယ်ရှင့် 🙏🏻❤️
Instagram မှာလဲ Follow လုပ်ထားပြီး ပုံတွေဝင်ကြည့်လို့ရတယ်နော်😻😊

အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့် 🙏🏻🙏🏻🙏🏻
အားလုံးပဲ ဘေးအန္တရယ်ကင်းပီး သာယာပျော်ရွှင်စွာနဲ့ ခရီးသွားနိုင်ကြပါစေရှင်❤️❤️❤️

#TDTravelNotes #LwalPanSone #CommunityBaseTourism #CBTVillage
#Phekon #ShanState #Myanmar

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img