bnr_tob_1

2020.05.14SOCIAL

ညမထွက်ရအမိန့် အချိန် ၂နာရီလျှော့ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်

စမ်းချောင်းမြို့နယ်တွင် ညမထွက်ရအမိန့်ကို ကားဖြင့်လိုက်လံကြေညာနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

By သတင်းအဖွဲ့

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်ကို မေလ ၁၅ရက်မှစ၍ အ ချိန်ပြောင်းလဲ၍ ဖြေလျှော့ပေးရန် COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၁၃ ရက် စွဲဖြင့် ညွှန်ကြားစာထုတ်ပြန် သည်။

7Day News က ကြည့်ရှုခွင့် ရသော Coronavirus Diseace 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအ ဆင့်ဗဟိုကော်မတီက နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့အသီး သီးသို့ပေးပို့သည့်စာတွင် ‘‘COVID-19 ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ တားဆီးရေးအတွက် သက် ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အစိုးရအဖွဲ့များ အတွင်းရှိ မြို့နယ်များအား ည ၁၀ နာရီမှ နံနက် ၄နာရီအတွင်း ညမထွက်ရ Curfew အမိန့် ထုတ်ပြန်ခြင်းကို (၁၈.၄.၂၀၂၀) ရက်မှစ၍ သက် ဆိုင်ရာမြို့နယ်များအလိုက် ထုတ် ပြန်ခဲ့ပြီးဖြစ်ရာ (၁၅.၅.၂၀၂၀)ရက်မှစပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ Curfew အမိန့်အား ပြင်ဆင်ထုတ်ပြန် ရေး ဆောင်ရွက်နိုင်ပါရန် လမ်း ညွှန်မှုအရ အကြောင်းကြားပါ သည်’’ ဟု ရေးသားထားသည်။

ထိုသို့ ညွှန်ကြားစာထုတ်ပြန် မှုမှာ မှန်ကန်ကြောင်း နေပြည် တော်ကောင်စီဝင် ဦးအောင်မြင့် ထွန်းက အတည်ပြုသည်။

မန္တလေးနှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း ၎င်းတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များသို့ ဖြန့်ဝေ ထားသည့် အမိန့်စာတွင်လည်း နေ့စဉ် ည ၁၀ နာရီမှ နောက်တစ် နေ့နံနက် ၄နာရီအထိ ညမထွက် ရန် အစား ည၁၂နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရဟု ရေး သားထားပြီး ထိုအမိန့်စာကို မေလ ၁၅ရက်မှစ၍ ပြင်ဆင် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရန် အကြောင်းကြားသည်ဟု ပါရှိ သည်။

‘‘အမျိုးသားအဆင့် ဗဟို ကော်မတီရဲ့ ညွှန်ကြားမှုအရ ည မထွက်ရအမိန့်ကို ည ၁၂ နာရီ ပြောင်းသွားတယ်။ ည ၁၂ နာရီ ကနေ နံနက် ၄ နာရီအထိ’’ ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်ကပြောသည်။

ဧပြီ ၁၇ ရက်ကစတင်၍ လုံ လောက်သော အကြောင်းပြချက် မရှိဘဲ ည ၁၀ နာရီမှ နံနက်၄နာရီ အထိ နေအိမ်ပြင်ပသွားလာခြင်း မပြုရန် ထုတ်ပြန်ထားသည့် တား မြစ်အမိန့်ကို မေလ ၁၅ ရက်က စတင်၍ ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲသတ်မှတ်မည် ဖြစ်ကြောင်း ခေတ္တဝန်ကြီးချုပ်က ဆိုသည်။

Coronavirus Diseace 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအ ဆင့်ဗဟိုကော်မတီသည် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမ ထွက်ရအမိန့်ကို ဧပြီ ၁၇ ရက်မှ မေလ ၁၅ရက်အထိ ထုတ်ပြန်ခဲ့ သည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img