2020.02.07TRAVEL
ရေတံခွန်များရဲ့ နတ်သမီး (သို့) ဘန့်ဘွေးကျင်း (ခေါ်) နမ့်တန်းရေတံခွန် 🌿

View point
ကဲ ဒီတစ်ခေါက်တွေ Facebook မှာ ဘန့်ဘွေးကျင်းကိ်ု ဂျင်းတေရော မဂျင်းတေရော ပြောနေကြလို့ ကြာတယ်ကွာ ဆိုပီး ကိုယ်တိုင်သွားပလိုက်တယ် 😬
အရင်ဆုံးပြောချင်တာက အခုရေးမယ့်အကြောင်းအရာတွေက ကိုယ်တိုင်ကြုံတွေ့လာရတာတွေကိုပဲ ချရေးလိုက်တာပါ လူအချင်းချင်းတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှုလေးတွေတော့ ရှိမှာပေါ့နော်✌️
တကယ် သဘာဝကိုချစ်မြတ်နိုးတဲ့လူမှ သွားပါ
ဘန့်ဘွေးကျင်း Guide ကတော့ ကိုနေထွန်းဆိုတဲ့ အကိုနဲ့ ချိတ်လိုက်ပါတယ် တစ်ယောက်ကို ၃သောင်းခွဲပဲ နေ့လည်စာလဲပါတယ် အကြို အပို့ကားလဲပါတယ်
ရေသန့် Royal D အဲ့ဒါတွေလဲပါတယ် 🤗

Nay Tun Trekking Guide
09403763243
09776230923
naytunoom@gmail.com
ttps://www.facebook.com/100013365877490/posts/530330120755846/
ရန်ကုန် – ပြင်ဦးလွင် – နောင်ချို
—————————————-
ရန်ကုန်ကထွက်လာပီး မနက်ပြင်အစောကြီး မေမြို့ကိ်ုရောက်တော့ ဟိုတည် early check in ဝင် ရေမိုးချိူး အဝတ်စားလဲပီး ဘန့်ဘွေးကျင်း guide က မနက် ၈နာရီလောက် ဟိုတယ်ကိုလာခေါ်တယ်
ပီးတော့ သူတို့ ကားနဲ့ပဲ ထွက်လာပီး လမ်းမှာတွေ့တဲ့ဆိုင်ဝင်ပြီး မနက်စာဆင်းစားတယ်. မနက်စာစားပြီးရင် ကိူယ်တွေမှာ လက်အိတ် ခြေအိတ်မေ့လာတော့ အဲ့ဒါတွေ ဝင်ဝယ်ကြတယ်. လက်အိတ်တစ်စုံ ၅၀ဝပဲ
ဝယ်သွားဖို့တော့ မမေ့နဲ့နော် ဟိုရောက်မှ ဂွိနေမယ် 😛
မနက်၉နာရီလောက်မှာ နောင်ချိ်ုကိုခရီးဆက်ပါပြီ
ပြင်ဦးလွင်- မိုးကုတ်လမ်းပိုင်း ကနေ၂၄ မိုင်လောက်မှာလွယ်လိပ်ရွာဆိုတဲ့ ရွာကိ်ုရောက်ပါတယ် အဲ့ကနေမှ
သပြေဒိုးရွာကိုထပ်ရောက်ပီးရင် ၁၁ နာရီလောက်မှာ ရေအားလျှပ်စစ် စီမံကိန်းရှိတဲ့နေရာကိုရောက်ပါတယ်
လမ်းတစ်လျှောက်လုံး တစ်ဖက်စီမှာ နေကြာရိုင်းတွေပွင့်နေပြီး အရမ်းကိုလှပါတယ်😍😍😍
ရေအားလျှပ်စစ်စီမံကိန်းနားရောက်ပီဆိုရင်
စီးလာတဲ့ကားတွေကို အဲ့မှာထားပြီး ကျောပိုးအိတ်
လေးကိုယ်စီလွယ်ကာ ရေတံခွန်နားကိုရောက်ဖို့
ဆိုင်ကယ် ကယ်ရီစီးရပါတယ် တစ်ယောက်ကို ၂၀ဝ၀ကျပ်ပါ . ၄ဘီးကားကြီးတွေလဲရှိပါတယ်
ဆိုင်ကယ်က ပိုအဆင်ပြေပါတယ် 😬 အရင်ကတော့ ၄၅မိနစ်လောက် လမ်းလျှောက်ရတယ်တဲ့ တော်သေးတာပေါ့ ဆိုင်ကယ်တွေရှိနေလို့
၁၅မိနစ်လောက် စိ်ုက်ခင်းတွေကိုဖြတ်ပီး ဆိုင်ကယ်စီး
ပြီးရင်တော့ ဟော ရောက်ပါပြီ ဘန့်ဘွေးကျင်းဆိုတဲ့ ရေတံခွန်ကြီးကို သာသာယာယာရှိတုန်းပဲ🤩
ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၂၅၀ဝလောက်ကနေ စီးကျနေတဲ့ ရေတံခွန်ရှိရာ တောင်ထိပ် View point ကနေ မြင်ရတဲ့ ရှမ်းတောင်တန်းတွေရယ် ဆည်တော်ကြီးဆည်ရဲ့ အလှရယ် တစ်ဝကြီး ကြည့် ဓာတ်ပုံတွေရိုက်ကြတာပေါ့.
ပီးရင် Ko Nay Tun (Trekking Guide) စီစဉ်လာတဲ့ စကောထမင်း နေ့လည်စာကို စားကြတယ်ပေါ့ 😁
၅ယောက်စာတဝိုင်းစီ စီစဉ်ပေးထားတယ် ဟင်းတွေကတော့ အစုံပဲ ဗိုက်လဲဝတယ် ပုံမှာသာကြည့်လိုက်










သဘာဝ Infinity Pool များရှိရာသို့
——————————————-
စားသောက်ပြီး သာသာယာယာပဲ ရေတံခွန်အောက်ကို စဆင်းပီလေ 😛 ၁၀ မိနစ်လောက် ပြောင်းခင်းတွေကြားကနေ အေးဆေးလေး သွားရုံပဲ ပျော်နေတုန်း 🙄 ပြောင်းခင်းတွေလဲဆုံးရော အဆင်းကြီးပဲတစ်လိုင်း အဗမ်းချားက အဲ့မှာစတာပဲ 😂
လုံးဝအဆင်းကြီးပဲနော် ဒူးပါချောင်တယ် သေချာသတိထားပီး ဘေးက ကျောက်အမာတွေကို ကိုင်ဆင်းဖို့မမေ့ပါနဲ့ အပင်တွေ့တိုင်းလဲမကိုင်ပါနဲ့ ကြည့်လိုက်ရင်သာ အပင်ကြီးမလို့ ကိုင်ထားတယ် တချို့အပင်တေက နုနုလေးမလို့ .
ကြမ်းတဲ့နေရာတွေရောက်ရင်တော့ ဘေးနားမှာ ကြိုးတွေ ဝါးတန်းတွေ သေသေချာချာ ခိုင်အောင် လုပ်ပေးထားပါတယ် ခြေထောက်မှာ အာရုံစိုက်ထားပြီး သတိနဲ့သွားရင်တော့ ဘာမှမဖြစ်ပါဘူး. တစ်ချို့နေရာတွေမှာ ခြေတစ်ဖက်စာ ချဖို့နေရာပဲရှိတယ်. ဘေးမှာချောက်ကြီးနဲ့ တဖက်က ကျောက်သားကိုလက်နဲ့ ကိုင်ထားရတယ် လက်အိတ်မပါရင် အဆင်မပြေပါဘူးနော်
လမ်းမှာ ပြန်တက်လာတဲ့ လူတွေကလဲ အဆင်းသမားကို ဦးစားပေး အားပေးစကားတွေပြောကြရင်းပေါ့ ကျန်းမာရေးကောင်းဖို့တော့လိုမယ် ခြေတွေလက်တွေ အကုန်သန်မာမှရမယ် ပျော့တိပျော့ဖက်လူတွေဆို သွားလို့အဆင်မပြေဘူး ကိ်ုယ်တွေကတော့ လမ်းမှာ နားရင်း ဓာတ်ပုံတွေတောင်ရိုက်လာခဲ့သေးတယ်
စွန့်စားပြီးသွားရတာကြိုက်တဲ့ Adventure ကိုကို မမ တွေအတွက်တော့ လုံးဝအကြိုက်တွေ့မယ့် ခရီးပါပဲ






Crd Ko Nay Tun

ပုံမှန်ဆို မိနစ်၄၀လောက်ပဲဆင်းရတာတဲ့ ကိုယ်တွေကတော့ ၁ နာရီကျော်လောက်ကြာသွားတယ် 😬
ရေတံခွန်နား နီးလာလေ ရေကျသံတွေ လူအသံတွေကြားရပြီး စိတ်လှုပ်ရှားလာလေ….
ရေတံခွန်လဲရောက်ရော အမောတွေကိုပြေရော 😍
အဲ့နားမှာရှိတဲ့ ကျိုးပဲ့နေတဲ့ ဂိလာန ဝါးကပ်တဲလေးတစ်လုံးမှာ ရေဆော့ဖို့ အင်္ကျီတွေ ဘာတွေလဲကြတယ်..
မနိုင်စိန်ဆိုတော့ အပေါ်ထိတက်တယ်လေ သူများတွေ
ရေဆော့တဲ့နေရာမှာ မနေပဲ အတက်လွန်သွားတာ လမ်းပါပိတ်သွားတယ် 😂အပေါ်များရောက်မလားလို့







အဲ့လဲ့ သဘာဝ infinity pool ဆိုတာကြီးကို
ရောက်ခဲ့ပြီလေ ကိုယ်လဲ ဘယ်ရမလဲ သင်ဇာဝင့်ကျော်ရိုက်ထားတဲ့ ပုံတွေကြည့်ထားတာလေ
သင်ဇာဝင့်ကျော်ဆန်ပလိုက်တယ် 😝 ပါလာတဲ့ Guide အကိုက သင်ဇာ့ကိုသူရိုက်ပေးထားတဲ့ ရိုက်ပေးမယ်ဆိုတော့လဲ 😁 ရေကတော့ အေးစိမ့်နေတာပဲ ကြောက်တာတွေ ညောင်းတာတွေ မသိဘူး သွား…🤭 သဘာဝအလှအပတွေက ဆွဲဆောင်ပလိုက်ပီလေ ❤️
ရေအဝဆော့ပီးတော့ ခုနက အိုနာကျိူးကန်းဖြစ်နေတဲ့ 😖ဝါးတဲလေးမှာပဲလစောင်တွေဘာတွေကာပြီး
အဝတ်စားလဲ ပြန်တက်ဖို့ လုပ်ကြတာပေါ့

ကျေးဇူးတင်ပါတယ်
ဘန့်ဘွေးကျင်းအပြန်လမ်း
ဘန့်ဘွေးကျင်းရဲ့ထူးခြားချက်က အသွားလမ်းက အဆင်းဖြစ်ပြီး အပြန်လမ်းက အတက်ဖြစ်တယ်. အဆင်းကကြာပြီး အတက်က မြန်တယ်. အတက်သမားက အဆင်းသမားကို ဦးစားပေးရတယ် ✌️
သဒ္ဓါ့အတွက်တော့ တော်တော်ခက်သွားတယ်
၂ ရက်လောက် အိပ်ရေးမဝထားတော့ မျက်စိတွေပြာပြီးဘာမှမမြင်ရတော့ဘူး ရေလဲချိုးထားတာကိုး…
Guide မှာပါလာတဲ့ Royal D တွေ ၂ ဘူးလောက်သောက်လိုက်မှ အဆင်ပြေသွားတယ် သွေးပေါင်တွေကျပြီး သကြားဓာတ်တွေ ကုန်သွားတာ
အဲ့တချက်တော့ အရမ်းဂရုစိုက်ဖို့လိုပါတယ် အိပ်ရေးဝဝအိပ်ထားမှ သွားပါ. ကိုယ်တွေ့မလို့ပါ ✌️
အတက်လမ်းကတော့ ဘယ်မှကြည့်မနေနဲ့ ခုနကအပြန်လမ်းအတိုင်းပဲ တက်ပါလေတော့ ခြေတလှမ်းစာပဲကြည့် ဘေးနားက ကျောက်နံရံတွေကိုသေချာ ကိုင်ပြီး
သတိနဲ့တက် သိပ်မကြာပါဘူး အပေါ်က ပြောင်းခင်းတွေဆီ ရောက်သွားပါတယ် လူကတော့ ဒေါင်ချာစိုင်း😖
အလာလမ်းအတိုင်း ပြောင်းခင်းတွေကို ဖြတ်ပြီး view point ကိုပြန်သွားရတာပေါ့ View point ပြန်ရောက်တော့ ကိုယ်ဆင်းခဲ့တဲ့ ရေတံခွန်ကြီးကို ကြည့်ပြီး နင်လားဟဲ့ဘန့်ဘွေးကျင်း 🤨 I can do it 💪🏻💪🏻💪🏻
ပီးတော့ ဆိုင်ကယ် ၂၀ဝ၀ နဲ့ပြန်စီး ကားတွေရှိတဲ့ ရေအားလျှပ်စစ်စက်ရုံရှိရာကိုပြန်လာပြီး ပျော်ရွှင် ပင်ပန်းစွာနဲ့ ပြင်ဦးလွင်ကိုပြန်ခဲ့ကြပါတယ်
ညနေ ၄နာရီလောက်မှာ ဟိုတယ်ကိုပြန်ရောက်ပါတယ် ဘာမှမစားနိုင်တော့ဘူး ရေချိုး ဆေးလိမ်း ဆေးသောက်ပီး တန်းအိပ်တော့တာပဲ 😹
ခရီးလမ်းကြောင်း
ရန်ကုန်ကနေ ည၈ နာရီခွဲ စေတမန် VIP Expressနဲ့ ပြင်ဦးလွင်ကို အရင်ဆုံးထွက်လာတယ်
မနက် ၆ခွဲလောက် ပြင်ဦးလွင်ကို ရောက်တယ်
ရန်ကုန် – ပြင်ဦးလွင် စေတမန်Express
☎️ 09784616160, 01630680, 09784616162~4
တည်းခိုဖို့
ကိုယ်တည်းမယ့် ဟိုတယ်က လမ်းမကြီးနဲ့ နီးလို့ လမ်းထိပ်မှာချပေးတယ်. တစ်ညအိပ် ၂ ရက်လာတာဆိုတော့ မြို့ထဲနဲ့နီးနီးနားနား ဖွင့်တာလဲမကြာသေးတဲ့
WIN hotel မှာပဲတည်းလိုက်တယ် ဈေးနှုန်းလဲမဆိုးဘူး ၂သောင်းခွဲဝန်းကျင်ပဲ Breakfast လဲပါတယ် ကားစီးရတာလဲအဆင်ပြေတယ်. WIN hotel လိပ်စာကဒ် အောက်မှာ ပုံထည့်ပေးထားတယ်နော်
☎️ 0852021805, 09773377740, 09453377740, 09953377740
အစက Hironmi ကလုံးချင်းအိမ်လေးကို booking လုပ်ထားတာ ရက်ရွှေ့လိုက်လို့cancel လိုက်ရတယ် အဲ့မှာအိမ်လေးချစ်စရာလေး ရောက်ရင်တည်းကြည့်ပါ
လိုအပ်တာလေးတွေ
✔️ Backpack 🎒 ရေစိုဝတ်တွေထည့်ဖို့ ဆေးဝါးနဲ့
အသုံးဆောင်ပစ္စည်းတွေ ထည့်ဖို့
✔️ တောတွင်းစီး စစ်ဖိနပ် (သို့) တောင်တက်ဖိနပ်
✔️ တောင်တက် လက်အိတ် မပါမဖြစ်
✔️ နေကာမျက်မှန်နဲ့ရေဆော့မယ့် အင်္ကျီအပိုယူသွားပါ
✔️ ပါဝါဘန့် (ဓာတ်ပုံရိုက်တာများပီး
batteryကုန်တ်လို့ )
✔️ သက်သောင့်သက်သာဖြစ်မယ့်အဝတ်အစား
✔️ ဟန်နီးပလာစတာ (လိုရမယ်ရထည့်သွားပါ
ထိခိုက်ရှနာဖြစ်တတ်လို့)
✔️ Royal D ဓာတ်ဆားဘူး (Guideမှာလည်းပါပါ
တယ် သယ်နိုင်ရင် ထပ်သယ်သွားလို့ရပါတယ်)
🔴 အဓိ်ကအချက် ကိုယ်ခံအားရှိဖို့လိုပါတယ်
🔴 အိပ်ရေးဝဝအိပ်ထားပါ
🔴 ကျန်းမာကြံ့ခိုင်မှသွားပါ သတိထားရပါမယ်
🔴 စွန့်စားရတာကိုကြိုက်မှသွားပါ
🔴 သူငယ်ချင်းတွေစုသွားပါ ✌️
🔴 သဘာဝကိုချစ်မြတ်နိုးမှသွားပါ
(ရောက်သွားတော့မှ ဟင် ဒိီရေတံခွန်လေးကို လာလိုက်ရတယ် ဘာဖစ်တယ် ညာဖစ်တယ် ဂျင်းလို့ ပြောမှာစိုးလို့ပါ Just you & only nature ပါ)
❌❌ ❌အမှိုက်လုံးဝပစ်မချပါနဲ့❌❌❌
ကဲ Adventure ကြိုက်တဲ့လူတွေအတွက်တော့
သွားသင့်တဲ့ နေရာတခုပဲ တခြားသိချင်တာရှိရင်လဲ
Msg box ကနေလာမေးလို့လဲရပါတယ်
ကိုယ့်အတွက်တော့ သွားဖူးသမျှခရီးထဲမှာ အပင်ပန်ဆုံးခရီးစဉ်လေးပါပဲ ချင်းတောင်သွားတာတောင် အဲ့လောက်မစွန့်စားရဘူး ဟီး❤️💪🏻
အစအဆုံးစိတ်ရှည်လက်ရှည် ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ❤️
TD’s Travel Notes 📝
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ