bnr_tob_1

2020.10.08ENTERTAINMENT

Lovecraft country

F movie ပရိသတ်ကြီးအတွက် သြဂုတ်လ ၁၆ရက် ကမှ ပူပူနွေးနွေးထွက်ထားတဲ့ series တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Strange things တို့လို မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်တဲ့ပုံစံကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ဒီ series လေးကို ကြည့်ဖို့ ညွှန်းချင်ပါတယ်။

Lovecraft Country က Matt Ruff ရဲ့ နာမည်တူစာအုပ်ကို အခြေခံထားပြီး Misha Green က ဖန်တီးထားတဲ့ Drama Horror series တစ်ခုဖြစ်ပါတယ်။ Mokneypaw Production, Bad Robot Production နဲ့ WB Television တို့က ပေါင်းပြီး ထုတ်လုပ်ထားတာဖြစ်ပြီ HBO Max မှာ တစ်ပတ်တစ်ပိုင်း ပြသသွားမှာဖြစ်ပါတယ်။ Executive Producer တွေအနေနဲ့က Jordan Peele, Misha Green, J. J. Abrams နဲ့ Ben Stephenson တို့ပါဝင်လာကြမှာဖြစ်ပါတယ်။ ( Jordan Peele ဆိုတာကတော့ Get out, Us တို့ရဲ့ဖန်တီးရှင်ပဲဖြစ်ပါတယ် ။ နောက်နှစ်ကျရင် Candy man ဆိုတဲ့ horror ကားလေး ရုံတင်ဖို့လည်း ရှိနေပါတယ်)

ဇာတ်လမ်းအကျဉ်း

1950တွေမှာ ဇာတ်အိမ်တည်ထားပြီး လူမည်းဖြစ်တဲ့ Atticus Black တစ်ယောက် သူ့အဖေပျောက်သွားလို့ သူ့သူငယ်ချင်း Letitia , သူ့ဦးလေး George တို့နဲ့အတူ Lovecraft Country မှာ သွားရှာရင်း လူမျိုးရေးခွဲခြားတဲ့ လူဖြူ တွေရဲ့ အန္တရာယ်နဲ့ Lovecraft စာအုပ်တွေထဲက ဒဏ္ဍာရီလာ အကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့အကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။ ( ပထမဆုံးအပိုင်းမှာတင် သုံးပြသွားတဲ့ Visual effect က အလန်းကြီးပါ)

P.s Horror Thriller သမားတွေအတွက် မကြည့်မဖြစ် ကြည့်သင့်တဲ့ series ပါတယ်။
အခြား Series တွေနဲ့မတူပဲ တစ်ပိုင်းချင်းစီရဲ့အဆုံးမှာ Credit Scene လန်းလန်းလေးတွေ ထည့်ပေးထားလို့ အဆုံးထိကြည့်ဖို့တော့လိုပါလိမ့်မယ်။

Rating – IMDB : 7.5/10 | RT : 100% | TV Time : 4.9/5

Fmovie Application Play Store Download Link

Fmovie Application Direct Download link

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img