bnr_tob_1

2019.10.09FOOD

ရှမ်း‌အငွေ့အသက်လေးများနဲ့ လွယ်ဆမ်ဆစ်

ရန်ကုန်လို နေရာမျိုးမှာ ရှမ်းပြည်ရဲ့ အငွေ့အသက်ကို ခံစားရဖို့ရာ ဘယ်လွယ်မလဲနော် စိတ်မပူပါနဲ့ ဒီဆိုင်လေးကတော့ ပေးစွမ်းနိုင်တယ်

ရှမ်းပြည်ရဲ့ အငွေ့အသက်တွေ ခံစားဖို့ရာ အိမ်ကအစ ခြေတန်ရှည် အောက်က အကာမပါ အပြင်ကို လှေကားထုတ်ထားတဲ့ ပုံစံပေါ့

Decoration လေးတွေလည်း သုံးထားတာ တော်တော်ကောင်းတယ် အဝေးကလှမ်းကြည့်ကတည်းက ထိုင်ချင်စရာပါ အပေါ်အောက် နှစ်ထပ်ရှိပြီး ရှမ်းအစားအစာနဲ့ ယိုးဒယားအစားအစာတွေ ရပါတယ်

သန့်ရှင်းမှုနဲ့ ၀န်ဆောင်မှုတွေက ပြောစရာ မလိုအောင်ပါပဲ ရန်ကုန်မှာ ဒီလို ရှမ်းပြည်ပုံစံနဲ့ ရှမ်းအရသာစစ်စစ်စားချင်သူတွေအတွက်ကတော့ နေရာကောင်းလေးတစ်ခုဖြစ်မှာ အသေအချာပါပဲ

၀န်ဆောင်မှုကောင်းသလို ဈေးနှုန်းသင့်ပြီး အရသာကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ပါ

ဘာတွေစားခဲ့လဲဆိုတော့

ငါးအုန်း 5000
Loi Sam Sip ထမင်းသုပ် 5000
၀က်သားချဉ် 2500
ကြက်ခြေထောက် ချဉ်စော်ခါးသီးဟင်းရည် 5000
ဆန်ချိုအေး 2000

ဆန်ချိုအေးနဲ့ တော်တော်လိုက်ဖက်ပါတယ်

ဆိုင် အနေအထား တစ်ချက်ရှိုး

ငါးအုန်း

အသားတုံးတော်တော်ကြီးပြီး ၂ယောက်ကို တော်တော်စားလိုက်ရတယ်

ထမင်းသုပ်

ထမင်းသုပ်ကတော့ ပဲပုပ်နဲ့ နယ်ထားပြီး ဘေးမှာ ကြက်သားကြော်၊ ကြက်ဉကြော်၊ တို့ဟူးကြော်၊ မြေပဲစံ၊ ရှမ်းချဉ်၊ တို့စရာအသီးလေးတွေနဲ့ အရသာကောင်းပေမဲ့ စာခဲ့တုန်းကတော့ နည်းနည်းလေးပါတယ်

၀က်သားချဉ်

ပါးစပ်ထဲ စွဲကျန်နေစေမယ့် အရသာကတော့ ၀က်သားချဉ်လို့ ပြောပါရစေ

ချဉ်စော်ခါးသီးဟင်းရည်

ချဉ်စော်ခါးသီးဟင်းရည်ကတော့ သောက်‌အကောင်းဆုံးပဲ

ဆန်ချိုအေး

ဆန်ချိုအေးကောင်းကောင်း‌သောက်မယ်ဆို ဒီမှာ‌လာသောက်လိုက်ပါ တခြားသောက်စရာတွေလည်းရလို့ မိတ်ဆွေ‌တွေနဲ့ chillရင်လည်း မိုက်မယ်ထင်တယ်

😱

ကောင်တာ
စားစရာတွေနဲ့ အမှတ်တရ ပစ္စည်းလေးတွေလည်း ၀ယ်သွားလို့ရသေးတယ်

ဆိုင်လိပ်စာလေးကတော့

“ Loi Sam Sip”

09 – 420495527

7 :00Am 10 : 30Pm

Address : No (31), Shin Saw Pu Road, Sanchaung TSP, Yangon, Myanmar.

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img