2019.11.25FOOD
Organic ပစ္စည်းစစ်စစ်တွေနဲ့ ချက်ပြုတ်ထားလို့ အရမ်းနာမည်ကြီးနေတဲ့ Little Boss

သင်သာ Social Media ကို တွင်တွင်ကျယ်ကျယ်အသုံးပြုသူဆိုရင် Little Boss ဆိုင်ကို မသိစရာအကြောင်းမရှိဘူးလို့ထင်တယ်။ မသိခဲ့ရင်လည်း ကျွန်တော်တို့ အခုအချိန်ကနေ စပြီး သင့်ကို သွားရေကျလောက်အောင် ရှင်းပြပေးသွားမှာဖြစ်လို့ လိုက်ပါကြည့်ရှုပေးပါအုံး။
Little Boss မှာ ဘယ်လိုအစားအသောက်တွေကို အဓိကထားပြီးရောင်းချပေးသလဲဆိုရင် ဖက်ထုတ်နဲ့ တရုတ်ခေါက်ဆွဲ အစရှိတဲ့ အမျိုးအစား (၂)မျိုးကို အဓိက ထားပြီးရောင်းပေးပါတယ်။
အမျိုးအစား (၂)မျိုးကိုမှ ဟင်းအမည်များများစားစားနဲ့ ရွေးချယ်စရာတွေရှိတယ်လို့ပြောရမယ်။ တစ်ခုရှိတာက သူတို့မှာပေးတဲ့ အချဉ်ရည်ကို သိပ်မကြိုက်ကြဘူးလို့ကြားတယ်။ ကျွန်တော်ကတော့ food blogger တစ်ယောက် အကြံပေးတဲ့အတိုင်း ရှာလကာရည်နဲ့ ဂျင်းကို တွဲပြီး အချဉ်စပ်လိုက်တာ လွှတ်ကို စားကောင်းတော့တာပဲဗျာ။ ကဲ…ဒီလိုဆိုတော့ ကျွန်တော်စားခဲ့တဲ့ အစားအသောက်တွေကို တစ်မျိုးချင်းစီ ရှင်းပြပါမယ်။
(၁) ဖက်ထုပ်ကြော်

ဒီ ဖက်ထုပ်ကြော်မှာ Menu (3) မျိုးရှိပါတယ်။ (House Special/ Signature/ နှစ်မျိုးစပ် ဖက်ထုပ်ကြော်) ရယ်ဆိုပြီး (၃)မျိုးရှိပါတယ်။ ကျွန်တော်ကတော့ Signature ဖက်ထုပ်ကြော် မှာခဲ့ပါတယ်။ ဒီဖက်ထုပ်ကြော်ကို စားလိုက်တာနဲ့ ကျွန်တော် ပြောပြချင်တာကတော့ လုံး၀ ကို ဂျင်းထည့်ခံလိုက်ရပါပြီ။ ကျွန်တော်တို့ စားဖူးတဲ့ ဖက်ထုပ်တွေက အရွက်တွေချည်းပါပဲ။ သူကတော့ ဖက်ထုပ်အရွက် ကအစ အရမ်းအရသာရှိပြီး အထဲမှာလည်း အသားတွေ နင့်နေအောင် ပါ၀င်ပါတယ်။

ရှာလကာရည်ကို ဂျင်းနဲ့ တွဲပြီး အချဉ်စပ်လိုက်ပါ။ ပိုပြီး စားကောင်းပါလိမ့်မယ်။
အကြီးကြီးတွေလည်း မဟုတ်သလို သေးသေးလေးတွေလည်း မဟုတ်ပါဘူး။ အလတ်အနေအထားမှာရှိပါတယ်။ ဖက်ထုပ် ၁၆ ခုပါ၀င်ပြီး တန်ဖိုးက ၃၅၀၀ ကျပ်ပါ။
(၂) ရောင်စုံဖက်ထုပ်ပေါင်း

အမှန်တော့ ဒီဆိုင်မှာ ဖက်ထုပ်ပေါင်း (၆)မျိုးရှိပါတယ်။ ကျွန်တော်တို့ little boss ဆိုင်ကို Social Media ပေါ်မှာ စတင်မြင်တွေ့ခဲ့ရတဲ့အချိန်မှာ အဆိုပါရောင်စုံဖက်ထုပ်ပေါင်းတွေကို အနှံ့မြင်တွေ့ခဲ့ရတာပါ။ အဲ့ဒီတော့ ရောင်စုံဖက်ထုပ်ပေါင်းကို မြည်းစမ်းဖို့အတွက် အသင့်အနေအထားနဲ့ ရှိနေပါတယ်။
သူ့မှာတော့ ဖက်ထုပ် ၅မျိုးကိုမှ စုစုပေါင်း ၁၀ခုပါ၀င်ပါတယ်။ Charcoal/Original/ပုဇွန်/မျှစ်ချဉ်/ခုချိုင် ဆိုပြီး အမျိုးအစား (၅)မျိုးပါ၀င်ပါတယ်။ စားကောင်းပါတယ်။ ရှာလကာရည်အမည်းနဲ့ စားပါ။ တန်ဖိုးကတော့ (၃၀၀၀) ကျပ်ပါ။
(၃) တရုတ်လက်လုပ်ခေါက်ဆွဲ

ဒီ တရုတ်လက်လုပ်ခေါက်ဆွဲမှာ ကိုယ်ကြိုက်တဲ့ ခေါက်ဆွဲအသားကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ Charcoal/မြေစာဥ/ကြက်ဥ/မုန်လာဥနီ/ဟင်းသီးဟင်းရွက်ခေါက်ဆွဲ ဆိုပြီး ခေါက်ဆွဲ(၅)မျိုးရွေးချယ်လို့ရပါတယ်။

ကျွန်တော်ကတော့ ၀က်နံရိုးခေါက်ဆွဲကို ရွေးခဲ့ပါတယ်။
ဒီနေရာကနေ စပြီး ၀က်နံရိုးအကြောင်းပြောပါတော့မယ်။ အမှန်တော့ ဒီအကြောင်းကိုပြောချင်လို့ ကို စောင့်နေတာပါ။ ၀က်နံရိုးဆိုတာ လွှတ်ကို အရသာရှိပါတယ်။ ၀က်နံရိုးရဲ့ နူးညံ့မှုက အရိုးအထိကို နူးညံ့နေပါတယ်။ ခေါက်ဆွဲအရည်ရဲ့အရသာက ၀က်နံရိုးအထိကို အရသာ၀င်ပါတယ်။ အရမ်းအရသာရှိပါတယ်။ ၀က်နံရိုးတစ်တုံး တစ်တုံးကို လည်း ဟဲဗီးကြီးတွေပါ။ Little Boss မှာ စားလို့အကောင်းဆုံးပါပဲ။
ခေါက်ဆွဲကတော့ ပျော့ပါတယ်။ တော်တော်များများသိပ်မကြိုက်ကြပါဘူး။ ဟင်းရည်ကတော့ တကယ့်ကို တရုတ်အရသာ စီချွမ်အရသာ အစစ်ကို ရပါတယ်။
(၄) ကြက်ခြေထောက်ပေါင်း

၀က်နံရိုးခေါက်ဆွဲပြီးရင် အကြိုက်ဆုံးပါပဲ။ သူ့မှာ ကြက်ခြေထောက် (၅)ခုပါ ပါတယ်။ ဟင်းရည်ရဲ့အရသာဟာ ကြက်ခြေထောက်အထဲအထိကို ၀င်ပါတယ်။ စာဖိုမှုးရဲ့ ကျွမ်းကျင်မှုကတော့ ကျွန်တော်တို့ပြသချရလောက်ပါတယ်။ တန်ဖိုးကတော့ ၂၅၀၀ ကျပ်ပါ။ Little Boss ကို ရောက်ရင် မဖြစ်မနေစားဖို့အတွက် အကြံပေးလိုက်ပါတယ်။



တစ်ခုပြောချင်တာက ဒီဆိုင်မှာ အချိုမှုန်လုံး၀ သုံးထားခြင်းမရှိပါဘူး။ ဒါကြောင့်အရသာက ပေါ့ကောင်းပေါ့နေပါလိမ့်မယ်။အချဉ်ရည်လေးနဲ့ ဖြည့်စွက်ပြီး စားသောက်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင်။
By : Theingi Kyaw
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အသားအရေအတွက် လက်နက်ကောင်းတစ်လက် (The Body Shop – Serum)
-
SOCIAL
ကပ်ရောဂါနှင့် တိုက်ပွဲများကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် အချိန်တစ်နှစ်ရွှေ့ဆိုင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ