fb_icon

bnr_tob_1

2019.12.16FEATURE

စာပေဟောပြောပွဲနှင့် အနုပညာဖျော်ဖြေတင်ဆက်ပွဲ

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ ဆယ့်နှစ်လရာသီရှိသည့်အနက် နတ်တော်လကို စာဆိုတော်ပွဲဟု တင်စားသတ်မှတ်ကြပေသည်။ စာဆိုတော်ပွဲ ဟုဆိုရာတွင် လူသားတိုင်းနှင့်သက်ဆိုင်သော ဘဝအတွေ့အကြုံများ၊ ဗဟုသုတများ ၊ ဒဿနစာပေများ၊ လူ့အကျိုးပြုစာပေများကို စာပေချစ်မြတ်နိုးသူများနှင့် လူသားတိုင်းအတွက် စာပေပညာရပ်ဖြင့် တစ်ဖက်တစ်လမ်းမှ အားဆေးတိုက်ကျွေးသူများကို ဂုဏ်ပြုထားခြင်း ဖြစ်ပေသည်။

နတ်တော်လသို့ ရောက်ပြီဆိုလျှင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် စာပေပညာရှင်ကြီးများကိုဖိတ်ကြားကာ စာပေဟောပြောပွဲများကို ကျင်းပလေ့ရှိပါသည်။

အဌမအကြိမ်မြောက် ရပ်ကွက်လုံးဆိုင်ရာ စာပေဟောပြောပွဲနှင့် အနုပညာဖျော်ဖြေတင်ဆက်ပွဲကို လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက် တွင် ဒီဇင်ဘာလ (၁၄)ရက် နှင့် (၁၅)ရက်တွင် ကျင်းပခဲ့ပါတယ်။

စာပေဟောပြောပွဲကို ဒီဇင်ဘာလ (၁၄)ရက်၊ ည (၇:၀၀)နာရီတွင် စတင်ကျင်းပခဲ့ပြီး စာရေးဆရာများ ဖြစ်ကြသော ဆရာမဒေါ်စန်းစန်းနွဲ့(သာယာဝတီ)၊ ဆရာသရဝဏ်(ပြည်)၊ ဆရာနေဇော်နိုင်(DVB ) တို့က အသီးသီး ဟောပြောတင်ဆက်ခဲ့ပါတယ်။

အနုပညာတင်ဆက်ပွဲကို ဒီဇင်ဘာလ (၁၅)ရက်၊ ည(၇:၀၀)နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ မြန်မာသံစဉ်များကို ချစ်မြတ်နိုးသူများအတွက် ငွေသဇင်မင်း မြန်မာမှုအပျော်တမ်း တေးဂီတအဖွဲ့နှင့် အမှတ် (၁၆)ရပ်ကွက်တို့ ပူးပေါင်း၍ စီစဉ်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဂီတနက်သန်ဦးအုန်းလွင်၊ စန္ဒယားဦးငွေစိုး၊ ထပ်ဆင့်အကယ်ဒမီ စန္ဒယားဦးတင်ဝင်းလှိုင်၊ မယ်ဒလင် တက္ကသိုလ်မောင်ဌေးအောင် တို့နှင့်အတူ ငွေသဇင်မင်း မြန်မာမှု အပျော်တမ်းတေးဂီတအဖွဲ့မှ ရန်ပိုင်စိုး၊ အရိုင်း၊ ဦးထင်လင်း၊ ဦးအောင်ရွှေ၊ ဖိုးသောကြာ၊ ဇော်မင်းထွန်း၊ ဝိုင်းလမင်းအောင်၊ မိုးထက်မြင့်၊ ညိုဝင်းဖေ၊ အောင်အေးချစ်၊ စည်သူဒေါ်ထား၊ ဒေါ်တင်လွမ်၊ သဲနုဝါ၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ပွင့်၊ ယဉ်ဝေယံထွန်း၊ ရွှေယမင်းဦး၊ ရွှေယမင်းဦး၊ ရွှန်းလဲ့အောင်၊ မေသက်ထားဆွေ၊ ခင်ပိုးပန်းချီ စတဲ့ အနုပညာရှင်များက မြန်မာသံစဉ်ကို ချစ်မြတ်နိုးသူများအတွက် မြန်မာသံစဉ်တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

စာပေဟောပြောပွဲနှင့် အနုပညာဖျော်ဖြေတင်ဆက်ပွဲ ပြုလုပ်ကျင်းပသည့် လမ်းတစ်လျှောက်တွင်လည်း မြန်မာ့ရိုးရာအစားအစာများ၊ မုန့်ပဲသရေစာများ၊ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်လေးများကိုလည်း ခင်းကျင်းရောင်းချခဲ့ပြီး လာရောက်အားပေးကြသည့် ပရိတ်သတ်များနှင့်စည်ကားခဲ့ကြောင်း သိရပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img