2019.06.06TECH
MWC 2019 မတိုင်မီ LG Q60 ၊ LG K50 နှင့် LG K40 တို့ကို ကြေညာလာ

LG ဟာ လာမယ့် MWC 2019 ပွဲမှာ LG G8 ThinQ နှင့် LG V50 ThinQ 5G စမတ်ဖုန်းတို့ကို ကြေညာသွားပါမယ်။ LG ဟာ ယင်းဖုန်းများကို မကြေညာခင်မှာ အလယ်အလတ်တန်း စမတ်ဖုန်းသစ် 3 မျိုးတို့ကို ကြေညာလာပါတယ်။ LG Q60 ၊ LG K50 နှင့် LG K40 တို့ ဖြစ်ပါတယ်။
(1). LG Q60
LG Q60 မှာ ထူးခြားလာတာကတော့ ကင်မရာပိုင်း ဖြစ်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံး ပါ၀င်လာပါမယ်။ အဓိကကင်မရာဆင်ဆာက 16MP ဖြစ်ပြီး ကျန်ကင်မရာနှစ်လုံးက 5MP Ultra-Wide Angle Lens နှင့် 2MP Depth Sensor ဖြစ်ပါတယ်။ အလယ်အလတ်တန်း စမတ်ဖုန်းဖြစ်တာနဲ့အညီ ကင်မရာအမြင့်စား မသုံးလာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
Q60 မှာ မျက်နှာပြင် 6.26 လက်မ 19:5:9 Aspect Ratio FullView Display ၊ Waterdrop Notch သုံးထားပါတယ်။ ဒီဖုန်းက Waterdrop Notch သုံးထားတဲ့ ပထမဆုံး LG စမတ်ဖုန်း ဖြစ်ပါတယ်။ Notch အတွင်းမှာ ရှေ့ကင်မရာ 13MP ပါ၀င်ပါတယ်။ HD+ ရုပ်ထွက် သုံးထားပါတယ်။ 2.0GHz Octa-core Processor နှင့် အထိုင်ချထားပါတယ်။ Chipset အမည်ကိုတော့ မပြောကြားထားပါဘူး။ RAM 3GB နှင့် Storage 64GB ပါ၀င်ပါတယ်။ micro SD မှ ထပ်တိုးလို့ ရပါမယ်။
ကျောဘက်မှာ လက်ဗွေရာစနစ်ပါ၀င်ပြီး ဘက်ထရီ 3500 mAh ပါ၀င်ပါတယ်။
(2). LG K50
LG K50 က Q60 နှင့် မျက်နှာပြင်နှင့် ရုပ်ထွက် အတူတူဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းကိုလည်း Octa-core Processor နှင့်ပဲ ပါ၀ါထောက်ပံ့ထားပါတယ်။ RAM 3GB နှင့် Storage 32GB ပါ၀င်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးပဲပါ၀င်ကာ 13MP + 2MP ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်ကင်မရာနှစ်လုံးအောက်မှာ ထည့်သွင်းထားပါတယ်။
ရှေ့ကင်မရာ 13MP နှင့် ဘက်ထရီ 3500 mAh ပါ၀င်ပါတယ်။
(3). LG K40
LG K40 မှာ မျက်နှာပြင် 5.7 လက်မ HD+ FulView Display သုံးထားပါတယ်။ Notch မပါ၀င်ပါဘူး။ ကျောဘက်ကင်မရာ 16MP တစ်လုံးတည်းပဲပါ၀င်ပြီး ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ ကင်မရာနှစ်ဖက်စလုံးအတွက် LED Flash ထောက်ပံ့ထားပါတယ်။
2.0GHz Octa-core Processor ၊ RAM 2GB နှင့် အထိုင်ချထားပြီး Storage 32GB ပါ၀င်ပါတယ်။ ဘက်ထရီ 3000 mAh ပဲ ပါ၀င်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။
ဖုန်းသုံးမျိုးလုံးမှာ DTS:X 3D Surround အသံထောက်ပံ့ထားပြီး Google Assistant အတွက် ခလုတ်ပါ၀င်ပါတယ်။ MIL-STD 810G ထောက်ခံချက် ရရှိထားပါတယ်။ စျေးနှုန်းနှင့် ဘယ်တော့ရောင်းချမယ်ဆိုတာ မကြေညာသေးပါဘူး။
လာမယ့် MWC 2019 မှာ ကြေညာလာဖို့ ရှိပါတယ်။
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.