bnr_tob_1

2021.02.10SOCIAL

နေပြည်တော်ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲသဖြင့် ၂၀ဦးခန့် ဒဏ်ရာရ

နေပြည်တော်တွင် ဆန္ဒပြနေသော ပြည်သူများကိုဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက သေနတ်ဖြင့်စတင်ပစ်ခတ်၍ လူစုခွဲနေစဉ်

 နေပြည်တော်တွင် ဖေဖော်ဝါရီ ၉ရက်က တပ် မတော်အာဏသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြသူအင်အား တစ်သိန်းနီးပါးထိပါဝင်လာကာ ရဲတပ်ဖွဲ့က သေနတ် နှင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့၍ နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ် ဒဏ်ရာရရှိခဲ့သူ ၂ဝဦးထက်မနည်းရှိခဲ့သည်။

ဒဏ်ရာရရှိသူများသည် ရေဖျန်းစက်ဖြင့်ထိုးခံရမှုနှင့် သေနတ်ကျည်ဖြင့်ပစ်ခတ် ခံရ၍ ဒဏ်ရာရရှိသူများဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ဒဏ်ရာရရှိသူများကိုကူညီပေးနေ သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အတည်ပြုပြောကြားသည်။

ယမန်နေ့က နေပြည်တော် တွင် တပ်မတော်အာဏသိမ်းဆန့် ကျင်မှုကို နံနက် ၉နာရီတွင်စတင် ခဲ့ပြီး ဆရာ၊ဆရာမများနှင့်ရှေ့နေ များလည်း အများအပြားပါဝင်ခဲ့ သည်။ လူစုခွဲရန်သတိပေးသော် လည်း ဆန္ဒပြသူအင်အားများလာ သည့် နေ့လယ် ၁၁ နာရီအချိန် တွင် ရဲတပ်ဖွဲ့သည် လူစုကွဲစေရန် ရေဖျန်းစက်ယာဉ်များဖြင့် စတင် ထိုးခဲ့ပြီး သေနတ်ကျည်ဖြင့် အ ကြမ်းဖက်ဖြိုခွင်းခဲ့သည်။ သို့ သော်လည်း ဆန္ဒပြပြည်သူများမှာ ခေတ္တသာလူစုကွဲခဲ့ပြီး လူအင် အားအများအပြားဖြင့် ဆက်လက် ဆန္ဒပြခဲ့ကြပြီး ညနေ ၆နာရီ ကျော်မှသာ တဖြည်းဖြည်းလူစု ကွဲခဲ့ကြသည်။

ရဲအရာရှိတစ်ဦး ပြည်သူနှင့်စတင် ပူးပေါင်း

တပ်မတော်အာဏသိမ်းမှု ကိုဆန့်ကျင်သော နေပြည်တော် ဆန္ဒပြပွဲတွင် ရဲအရာရှိတစ်ဦးဖြစ် သော ရဲအုပ်ခွန်အောင်ကိုကိုသည် ယူနီဖောင်းအပြည့်အစုံဝတ်ကာ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည် သူများနှင့် ဖေဖော်ဝါရီ ၉ရက် နေ့လယ်ပိုင်းတွင် ပူးပေါင်းခဲ့ သည်။

ယင်းရဲအရာရှိသည် ကြွေး ကြော်သံ၊ အာဏာရှင်မင်းအောင် လှိုင်ဖြုတ်ချရေးအတွက် ရဲအုပ် ခွန်အောင်ကိုကိုသန္နိဋ္ဌာန်၊ အာ ဏာရှင်မင်းအောင်လှိုင် ဖြုတ်ချ ရေးအတွက် ရဲအုပ်ခွန်အောင်ကို ကို ရည်ရွယ်ချက်ဟုဆိုသော စာ ရွက်များကို ပြည်သူအချို့ထံဝေငှ ခဲ့သည်။

ပြည်သူများလိုလားသော ရွေးကောက်ပွဲအနိုင်ရ NLD ကို အမြန်ဆုံးအစိုးရအဖွဲ့ဖွဲ့စည်းနိုင် ရန် တပ်မတော်မှ (ကူညီပေးရန်၊ ကူညီပေးရန်)၊ ပြည်သူများကိုယ် စားတပ်မတော်ကို ချစ်ခင်သူများ ဦးဆောင်၍ စစ်အာဏရှင်မင်း အောင်လှိုင်ကို ဖမ်းဆီးပေးရေး (ဒို့အရေး၊ဒို့အရေး) စသည့် ကြွေး ကြော်သံများ ပါရှိသည်။

ထို့နောက် ကားပေါ်တက်၍ ဟောပြောရာတွင်လည်း ‘‘မစည်း လုံးလို့မငြိမ်းချမ်းတာ၊ တစ် ယောက်တစ်ပေါက် လုပ်ချင်နေ လို့မငြိမ်းချမ်းတာ၊ တစ်ယောက် တစ်ပေါက်ဖြစ်နေလို့ မငြိမ်းချမ်း တာ၊ ထိုင်ပေးဆိုထိုင်ပေး၊ ထပေး ဆိုထ၊ ခေါင်းဆောင်ပြောတာနား ထောင်’’စသဖြင့် ပြည်သူများကို ပြောဆိုခဲ့သည်။

ထိုသို့ရဲအရာရှိ ပါဝင်လာပြီး မကြာခင်အချိန်တွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ဆန္ဒပြသူများကိုအ ကြမ်းဖက်ခဲ့၍ ယင်းရဲအရာရှိအ ပေါ် ပြည်သူနှင့်အယောင်ဆောင် ပါဝင်ခဲ့သည်ဟု စွပ်စွဲပြောဆိုမှု များရှိခဲ့သည်။

ထိုသို့ ဝေဖန်ပြောဆိုမှုများ အပေါ်ရဲအရာရှိ၏ ဇနီးနှင့်ရဲအရာ ရှိအချို့ကငြင်းဆိုခဲ့ပြီး ရဲအရာရှိ မှာထွက်ပြေးနေ၍ ၎င်းနှင့်ခင်မင် ကြသည့် အသိုက်အဝန်းတစ်ခု တွင် ရန်ပုံငွေစတင်ကောက်ခံနေ ပြီဖြစ်ကြောင်းရဲအရာရှိနှင့် ၂၀၁၆ ခုနှစ်ကတည်းက ခင်မင်ခဲ့သည့် မိတ်ဆွေတစ်ဦးက 7DAY New သို့ အတည်ပြုပြောသည်။

ရဲအရာရှိ၏ ဇနီးဖြစ်သူ ကလည်း ‘‘အားလုံးသိတယ်၊ သူ့ စိတ်ဓာတ်၊ သူနဲ့နီးစပ်နေတဲ့သူ အားလုံးလည်းသိတယ်၊ သူကအ ရင်ကတည်းက အဲလိုမျိုး၊ စိတ် ဓာတ်ကအရမ်းကောင်းတယ်၊ ဒီ ဟာကိုသူမခံမရပ်နိုင်လို့ ပုန်ကန် တာ၊ သူမှန်တယ်ထင်တာကို သူ လုပ်တာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုသူအရမ်းချစ်တယ်၊ ကျွန်မ ထက်တောင်ပိုချစ်တယ်’’ဟု ၎င်း ကပြောသည်။

ရဲတပ်ဖွဲ့က သေနတ်ကျည်များနှင့် စတင်ပစ်ခတ်

နေ့လယ် ၁နာရီခန့်အချိန် တွင် ရဲတပ်ဖွဲ့က လူစုခွဲရန် သတိ ပေးပြောဆိုမှုများ ရှိခဲ့သော်လည်း ဆန္ဒပြသူများမှ စည်းကျော်ခြင်း မရှိဘဲ သေနတ်ကျည်များဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူများနှင့် ရော် ဘာကျည်ထိမှန်သူအချို့က ပြော သည်။

ရဲတပ်ဖွဲ့အနေဖြင့် ဆန္ဒပြပွဲ ပြည်သူများနှင့် ပူးပေါင်းလာသည့် ရဲအရာရှိကို ပြန်လည်ဖမ်းဆီးလို ခြင်းမှ စတင်၍ ရဲများမှာဆန္ဒပြသူ လူအုပ်နှင့်နီးကပ်လာခဲ့ပြီး ရေနှင့် စတင်ပက်၍ နောက်ပိုင်းတွင် သေနတ်ကျည်ဖြင့် ပစ်ခတ်ခံရ ခြင်းဖြစ်သည်။

‘‘ပြည်သူတွေက အကုန်လုံး ငြိမ်နေကြတယ်၊ အကုန်လုံးက လည်း တက်ညီလက်ညီစည်းကမ်း ရှိစွာထိုင်နေတာ၊ တစ်ယောက်မှ ရုန်းရင်းဆန်ခတ်လည်းမဖြစ်ဘူး၊ ညီညာစွာထိုင်နေတဲ့အချိန်မှာ စ ပြီးရေနဲ့ပက်တယ်၊ ရဲသားတွေက လည်း ရှေ့ကနေကာဗာတွေနဲ့ထိုး နှက်လာတာဗျ၊ သံဆူးကြိုးတွေ ကိုင်တော့ ဒဏ်ရာတွေဖြစ်တယ်၊ မိန်းကလေး အဒေါ်ကြီးတွေက လည်း သံဆူးကြိုး အတတ်နိုင်ဆုံး ကာထားတယ်၊ နောက်ဆုံးမရတဲ့ အချိန်မှာ ရုန်းရင်ဆန်ခတ်ဖြစ်ပြီး ပြည်သူတွေကလည်း ခုခံတာတွေ ရှိတယ်၊ အနည်းအကျဉ်းပါ၊ ဘာ ထပ်ဖြစ်လာလဲဆိုတော့ ရေကား သုံးကားနဲ့ တိုက်ရိုက်ပက်တယ်၊ အဆိုးဆုံးက သေနတ်တွေနဲ့ တဲ့ ပစ်တာဘာ မိုးပေါ်ထောင်ပစ် တာမဟုတ်ဘူး၊ သေနတ်နဲ့ကို ဒဲ့ပစ်တာပါ’’ဟု ဆန္ဒပြသူပြည်သူ အမျိုးသားတစ်ဦးကပြောသည်။

ထိုသို့ပစ်ခတ်ရာတွင် ရော် ဘာကျည်ဆန်နှင့် ကျည်အစစ်နှစ် မျိုးစလုံးဖြစ်နိုင်သည်ဟု ယူဆနိုင် ကြောင်း ဆန္ဒပြပွဲတွင်ထိခိုက်ဒဏ် ရာရရှိသူများကို ကူညီပေးနေ သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး က သုံးသပ်ပြောဆိုသည်။

အသက် (၁၉) နှစ်အရွယ် အမျိုး သမီး ဦးခေါင်းသေနတ်ကျည်ထိ မှန်ပြီး အသက်အန္တရာယ် အလွန် အမင်းစိုးရိမ်ရသည့် အခြေနေ တွင်ရှိနေ

နေပြည်တော်ဆန္ဒပြပွဲကို ရဲ တပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာတွင် သေနတ်ကျည်ဆန်မှန်၍ နှစ်ဦး မှာ ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာရရှိ ခဲ့သော အမျိုးသမီးသည် အသက် အန္တရာယ် အလွန်အမင်းစိုးရိမ်ရ သည့်အခြေအနေဖြစ်ကြောင်း နေ ပြည်တော် ခုတင်တစ်ထောင်ဆေး ရုံမှ ဆရာဝန်တစ်ဦးကအတည်ပြု ပြောဆိုသည်။

ဦးခေါင်းတွင် ကျည်ထိမှန် ထားသည့် အမျိုးသမီးသည်အချိန် မရွေး အသက်အန္တရာယ်ရှိနိုင် သည့် အခြေနေတွင်ရှိနေပြီး အ သက်ရှူပြွန်တပ်ထားပြီး အသက် ရှူစက်ထည့်ပေးထားရကြောင်း ၎င်းက ရှင်းပြသည်။

‘‘အသက်အန္တရာယ်အလွန် အမင်းစိုးရိမ်ရတဲ့ အခြေနေပါ။ အချိန်မရွေး သေဆုံးသွားနိုင်ပါ တယ်’’ဟု အထက်ပါဆရာဝန်က ပြောသည်။ ယင်းအမျိုးသမီး ပစ် ခတ်ခံရသည့်ကျည်မှာ ကျည်ဆန် အစစ်ဖြစ်နိုင်သည်ဟု ယူဆထား ကြောင်း ၎င်းကဆိုသည်။

နေပြည်တော် ခုတင်တစ် ထောင်တွင် ပြင်းထန်ဒဏ်ရာရရှိ သူနှစ်ဦးရှိပြီး ကျန်တစ်ဦးမှာ ရင် ဘတ်ဒဏ်ရာရှိထား သူတစ်ဦးရှိ ကြောင်း ယင်းဆရာဝန်က ဆက် ပြောသည်။ ယင်းအမျိုးသားမှာ ခုတင်တစ်ထောင်ဆေးရုံတွင် ကုသနေဆဲဖြစ်သည်။

ဦးခေါင်းကို သေနတ်ကျည် ဖြင့်ပစ်ခတ်ခံရသူ အမျိုးသမီး သည် မမြတ်သွယ်သွယ်ခိုင် အ သက် (၁၉)နှစ်အရွယ်ရှိပြီး ၁ဝ တန်းကျောင်းသူဖြစ်ကြောင်း ဝမ်း ကွဲအစ်မဖြစ်သူကဆိုသည်။ အ သက်အန္တရာယ်စိုးရိမ်နေရဆဲဖြစ် ၍ အင်တာဗျူးဖြေဆို ရင်အင်အား မရှိသေးကြောင်း ၎င်းကဆိုသည်။

ယင်းအမျိုးသမီးသည် နေ ပြည်တော် ဇေယျာသီရိမြို့နယ် တွင်နေထိုင်သူဖြစ်ပြီး ဖခင်မှာ သေဆုံးပြီး မိခင်နှင့်အစ်မဖြစ်သူ တို့နှင့်နေထိုင်ကြောင်း နီးစပ်သူ အချို့ကပြောသည်။

ယင်းအမျိုးသမီးကို နေပြည် တော် ခုတင်တစ်ထောင်ဆေးရုံမှ နာမည်ကြီး ခွဲစိတ်အထူးကုဆရာ ဝန် ဒေါက်တာနော်မာသေးကိုယ် တိုင်ခွဲစိတ်ပေးနေခြင်းဖြစ်သည်။

နေပြည်တော် ပြင်းထန်ဒဏ်ရာ ရရှိသူနှစ်ဦးကို စစ်ဆေးရုံလွှဲပေး ရန် ဖိအားပေးခံရဟုဆို

ပြင်းထန်ဒဏ်ရာရရှိသူလူ နာနှစ်ဦးကို တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ရန် ဖိအားပေးခံရ သော်လည်း လူနာအခြေအနေ စိုး ရိမ်ရသဖြင့် ရွှေ့ပြောင်းရန်မသင့် တော်၍ ခုတင် ၁,ဝဝဝ ဆေးရုံမှာ ပင် ဆရာဝန်ကြီးများက ဆက် လက်ကုသပေးနေသည်။

နေပြည်တော် ခုတင်၁,ဝဝဝ ဆေးရုံမှ ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများမှာ တပ် မတော်အာဏသိမ်းမှုကို ဆန့် ကျင်သော CDM ပြည်သူ့အာဏဖိ ဆန်ရေး လှုပ်ရှားမှုပြုလုပ်နေ သော်လည်း ဒဏ်ရာအပြင်းထန် ရရှိလာသော လူနာရောက်ရှိလာ သောအခါ ကုသပေးနေခြင်းဖြစ် သည်။

ဒဏ်ရာရရှိသူများကို CDM လှုပ်ရှားမှု လုပ်ဆောင်နေသည့် ဆရာဝန်များ ပြန်လည်ကုသပေး နေ၍ အာဏသိမ်းအစိုးရကဆန္ဒပြ သူများကို ထိခိုက်ဒဏ်ရာလုပ်၍ ဆရာဝန်များဆေးရုံတွင် ပြန် လည်တာဝန်ထမ်းဆောင်စေလို ၍ ဆောင်ရွက်လာနိုင်ကြောင်းကို ပြည်သူများက စိုးရိမ်ချက်ရှိသလို ၎င်းတို့အနေဖြင့် စဉ်စားချက်တစ် ခုအနေဖြင့်ရှိကြောင်း ခုတင်တစ် ထောင်မှ ဆရာဝန်တစ်ဦးကပြော သည်။

‘‘အဲဒါကို ဖြေရှင်းဖို့အလွယ် ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကတော့ ကျန်တဲ့ဝန်ကြီးဌာနတွေ CDM ပါပေးဖို့ပဲ၊ တတယ်တမ်းကျွန် တော်တို့ ကျန်းမာရေးဝန်ကြီးဌာန ဆိုတာက အစိုးရယန္တရားလည် ပတ်မှုမှာ တိုက်ရိုက်မပါဘူးလေ၊ ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှုပေးရတာ၊ ကျန်တဲ့ဝန် ကြီးဌာနတွေ အရွေ့တစ်ခုဖြစ် သွားအောင် ကျန်းမာရေးဝန်ထမ်း ကနေ ရွေ့တဲ့သဘောပဲ ကျန်တဲ့ ဝန်ကြီးဌာန ပြည်သူ့ဝန်ထမ်းတွေ က CDM မှာဝင်ကြပြီဆိုရင် ကျွန် တော်တို့က အချိန်မရွေးလုပ်ငန်း ခွင်ပြန်ဝင်ပြီး လူထုကိုကျွန်တော် တို့စောင့်ရှောက်မှုပေးဖို့ အဆင် သင့်ပဲဗျ၊ အဲအတွက်လည်း ပြင် ဆင်ထားတယ်ခင်ဗျ’’ဟု ၎င်းက ဆိုသည်။

Credit : https://7day.news/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.