bnr_tob_1

2019.12.11FOOD

ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်

နေ တစ်ယောက် ပိတ်ရက်မှာ ကော်ဖီဆိုင် အရှာထွက်ခဲ့တယ် ထွက်ရင်းပဲ ပြီးပြည့်စုံတဲ့ ဆိုင်လေးတစ်ဆိုင်ကို ရှာတွေ့ခဲ့တယ် ဆောင်းရဲ့ နေ့လည်ခင်းက ပူတယ်မလား အအေးလိုင်းဖြတ်နေတော့ နေပူရင်း ‌အေးလည်း အေးနေတာဆိုတော့ ကော်ဖီဆိုင်လေး ရေးမယ်ဆိုပြီး စဉ်းစားဖြစ်ခဲ့တာ

တွေ့ပါလေရော ဆိုင်ရှေ့ကိုရောက်တော့ ချစ်စရာလေးဗျ နေပူပူကနေ စိမ်းစိမ်းစိုစိုလေး မသိရင် ရောက်နေတာ ရန်ကုန်ရော ဟုတ်လားပေါ့ ၀င်ခဲ့ပါလေရော

ဆိုင်လေးက နှစ်ထပ်ကို လုံး၀ ချစ်စရာလေးဗျ ထိရက်စရာမရှိ အပေါ်ထပ် တက်ဖြစ်ခဲ့တယ် အပေါ်ထပ်က အလုပ်လုပ်တဲ့သူတွေ အေးအေးဆေးဆေးလုပ်လို့ရပြီး ချစ်သူတွေ Roလို့ရတဲ့နေရာလေးဗျ သူငယ်ချင်းတွေဆိုရင်‌လည်း စကားပြောပေါ့ ဒီလိုနဲ့ အစ်မတစ်ယောက် Menu လေး လာပေးတော့ ကြည့်လိုက်တော့ coffee အဓိကရပြီး ပေါ့ပေါ့ပါးပါးစားစရာလေးတွေ စုံတယ်ဗျ စုံတယ်ဆိုလို့ အစားသမားတွေ အကြိုက်တွေ့မယ့်နေရာတစ်ခုတော့ မဟုတ်ပါဘူး ကော်ဖီကောင်း‌ကောင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေ ရတဲ့ နေရာလို့ ဆိုချင်ပါတယ်

ကော်ဖီကို ဆိုင်ရဲ့ Leaf style coffee လေး မှာလိုက်တယ် Cappuccino ရယ် ပြီးတော့ အရွက်မျိုးစုံ Salad နဲ့ ကန်စွန်းဥထောပတ်မီးကင်၊ အာလူးချောင်းကြော်ပါ အစားအစာလေးတွေက ဆန်းသစ်ပြီး ကျန်းမာရေးနဲ့ အလျောက် စားသင့်တာပါပဲ ဈေးနှုန်းတွေကလည်း ဈေးချိုတဲ့အထဲမှာ ပါတယ် ၃၀၀၀ကျပ် ၀န်းကျင်ဆိုတော့ မဆိုးဘူးပြောရပါမယ်

ဆိုင်က WiFi ပေးထားပါတယ် အောက်ထပ်လည်း ထိုင်ရတာ မိုက်သလို အပေါ်မှာဆို အလုပ်လုပ်ရင်း စကားပြောရင် အေးဆေးပဲ ကိုယ် စရောက်တော့ now & ever ဇာတ်၀င်တီးလုံးလေးတွေ ကြားမိတာပါပဲ သီချင်းတွေကိုမှ အသံမပါဘဲ တီးလုံးလေးတွေကြီးပဲ တော်တော် ညိမ့်ညိမ့်ညောင်းညောင်းလေးပါ စာဖတ်မယ် လုပ်တာတောင် စာဆီစိတ်မရောက်ဖြစ်ဘူး တီးလုံးလေး နားထောင်လိုက် သီချင်းလေး စဉ်းစားလိုက် သူငယ်ချင်းနဲ့ စကားပြောလိုက်နဲ့ အချိန်ကုန်ခဲ့တယ်ဆိုရမှာပါပဲ

စာအုပ်စင်လေးလည်း ထားရှိထားပြီး စာအုပ်တစ်အုပ်ကို ဆွဲယူကြည့်လိုက်တယ် စာအုပ်လေး တစ်အုပ်ကတော့ ကမ္ဘာမြေရဲ့ တစ်နေရာတဲ့ ကိုယ်စဉ်းစားမိတာက တစ်နေရာဆိုတာ ကော်ဖီဆိုင်တွေထဲမှာ ဒီဆိုင်လေးကို ပြောလိုက်သလိုပါပဲ စာရေးသူကြည့်လိုက်တော့ စစ်ငြိမ်းတဲ့

for a beautiful place
It’s called,
“ Leaf” Cafe & Plants တဲ့

စစ်ငြိမ်း လက်မှတ်လေးထိုးထားတယ် စာရေးဆရာကိုယ်တိုင် ထားခဲ့ဟန်တူပါတယ်

ဝိတ်ချနေသူတွေအတွက်လည်း အစားအစာလေးတွေက တော်တော်အဆင်ပြေမယ်ထင်တယ် ပြီးတော့ အပေါ်ကနေ လမ်းကို ငေးပြီး ကော်ဖီသောက်လို့လည်း ရသေးတယ် ခရစ္စမတ်နားနီးတော့ ခရစ္စမတ် ပုံစံလေးတွေ ချထားတယ် တော်တော်မိုက်တာပါ မပြန်ချင်အောင်ပါပဲ အပင်လေးတွေလည်း ရောင်းတယ် ဈေးနှုန်းမေးကြည့်တော့ ၄၅၀၀ကျပ်ကနေ ၆၅၀၀၀ကျပ်လောက်ထိ အစားစားရှိပါတယ်တဲ့ အိမ်အပြန်၀ယ်သွားလို့ရသလို ကိုယ့်ရုံးခန်းလေး စိတ်ကြည်ဖို့လည်း ထားလို့ရတာပေါ့ အသေးတွေလည်း ရှိတော့တစ်နိုင် ၀ယ်ပြီး လက်ဆောင်ပေးလို့လည်း ရတာပေါ့

‌ထိုင်လို့ကောင်းသလို Instagram မှာ ပို့စ်တင်ချင်သူတွေအတွက်လည်း ဓာတ်ပုံကောင်းကောင်းလေးရမှာ အသေအချာပါပဲ ဓာတ်ပုံဆရာဖြစ်ဖြစ် ဓာတ်ပုံအရိုက်တော်တဲ့ သူငယ်ချင်းဖြစ်ဖြစ် ခေါ်သွားမှ နောင်တမရမှာနော် ချစ်သူတွေဆိုလည်း Ro ကျပေါ့ စာအေးအေးဆေးဆေးဖတ်လည်း တော်တော်အဆင်ပြေတယ် ကိုယ်ဆိုရင် စာဖတ်ဖို့ အလုပ်လုပ်ဖို့ မိတ်ဆွေတွေနဲ့ ဆုံမယ်ဆိုရင်‌ နောက်တစ်ခါ ဒီဆိုင်လေးကိုပဲ ရွေးချယ်မိမှာ

လေလေးလည်းရှည်သွားပြီ‌ဆိုတော့ ဒီလောက်ပါပဲဗျာ နောက်အပတ်တွေလည်း ဘယ်လိုမျိုးဆိုင်လေးတွေ တင်ပေးသွားမလဲဆိုတာ စောင့်ကြည့်ပေးပါဦးပြောကြားရင်း

ဆိုင်လိပ်စာလေးကတော့

“ LEAF”

cafe & plants

No. 16, Shinsawpu Pagoda St, Sanchaung

09 420037731

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img