2020.06.30FOOD
ရန်ကုန်မြို့တွင်းမှာတင် စိမ်းစိုတဲ့တောအုပ်လေးထဲ ရောက်သွားသလိုခံစားရမယ် chill လို့ကောင်းတဲ့ နေရာလေး Leaf Cafe & Plants

ချစ်ရသူတွေအားလုံးဘဲ ပျော်ရွှင်စရာတနင်္ဂနွေနေ့လေးပါ
ဒီနေ့ ဖြူစင်က ဘယ်လိုရာသီဥတုမျိုး နဲ့ မဆို လိုက်ဖက်
ပြီး chill လို့ကောင်းတဲ့ နေရာလေး တစ်ခုကို မျှဝေပေးမယ်နော်
အခုလို မိုးအေးအေးလေးနဲ့ဆိုလည်း တမျိုးလေးလိုက်ဖက်နေပြန်ရော၊ ကော်ဖီဆိုင်လေး ဆိုပေမယ့် ကော်ဖီ အပြင် တခြားသော Light food၊ Snacks and drinks လေးတွေ ရွေးချယ်စရာလေးတွေ ရှိပါတယ်။ ဈေးနှုန်းလေးတွေလည်း သင့်တင့်ပါတယ်
🦋ဖြူစင်တို့ စားခဲ့တာက Sweet Potato Toast ရယ်
Honey Lemon Tea ရယ် Mocha ရယ်ပါ
အားလုံးပေါင်းကို ၈၀ဝ၀/-ကျပါတယ်။

ထူးခြားပြီး စားလို့ကောင်းတာလေးက Sweet Potato Toast လေးပါ။ဖြူစင်တို့ ပုံမှန် စားနေကျ ကန်စွန်းဥ ကို အပြားလေးလှီးပြီး Toast လုပ်ထားတဲ့ အပေါ်မှာ Peanut Butter လေးသုတ်ထားတယ်။ ပြီးမှ အပေါ်က ငှက်ပျောသီးအဝိုင်းလေးတွေ အလှဆင်ထားတာပါ။ ရိုးရှင်းသော ပေါင်းစပ်မှုလေး က တမျိုး ထူးခြားမှုလေး ဖြစ်စေတာပါ။

အခုလို New Normal ကာလမျိုးမှာ အပန်းဖြေ လို့ ကောင်းတဲ့ နေရာလေးပါ၊ စားပွဲတစ်ခုနဲ့ တစ်ခုကြားမှာတော့ အကာလေးတွေ ချပေးထားတယ် အကွာအဝေးလည်း အတော်သင့်ခြားပြီးသားဆိုတော့ အဆင်ပြေတယ်၊ ဒီကာလမို့လို့ ဆိုင်မှာ အချိန်အရမ်းကြာမြင့်စွာ မထိုင်ဖို့တော့ စာကပ်ထားပါတယ်။ ပုံမှန်အားဖြင့်တော့
အေးဆေးစာထိုင်ဖတ်မလား
သူငယ်ချင်း နဲ့ ဘဲ date မလား
စုံတွဲလေးတွေ Ro မလား
အပင်ချစ်သူလေးတွေ အတွက်ကတော့ ပြော
စရာ မလိုအောင် ပြင်ဆင်ထားပုံလေးက စိမ်းစိုလှပလွန်းလို့ အရမ်းသဘောကျမိပါတယ်

ဓါတ်ပုံလှလှလေးတွေလည်း ရိုက်ပြီး အပင်လေးတွေ ချစ်ရင် တခါတည်း ဝယ်လို့ရလို့ အဲ့စိတ်ကူးလေးကို သဘော ကျမိပါတယ် ။ Indoor plant လေးတွေ တော်တော်များများ ရှိပါတယ် အိုးလှလှလေးတွေ နဲ့ပါ တခါတည်း တွဲဝယ် လို့ ရတယ်။ အပင်လေးတွေ လက်ဆောင်ပေးချင်တဲ့သူတွေ အတွက်ဆိုရင်လည်း သူတို့ packaging လေးက ချစ်စရာလေး
ဖြူစင်လည်း သူငယ်ချင်းတယောက်က ခေါ်လာပေးလို့ ဒီဆိုင်လေးကို ရောက်ဖြစ်ခဲ့တာပါ။ ဖြူစင် အကြိုက် ဆုံးက တော့ အပင်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ အလှဆင် ထားတာလေးပါ။ပန်းခြံလေးထဲ ရောက်သွားသလိုလေး စိတ်ကြည်လင်ပြီး ခံစားမှု ကောင်းစေလို့ ဒီနေရာလေးကို Green Haven လေးလို့ တင်စားချင် ပါတယ်

ဆိုင်လေးက 2019 October လောက်က စဖွင့်တာပါ နာမည်လေးက – Leaf Cafe & Plants
လိပ်စာ – အမှတ်(၁၆) ရှင်စောပုလမ်း၊ စမ်းချောင်း
မြေနီကုန်း City Mart အနောက်ဘက်ကနေ ဝင်ရင် ကပ်
လျှက် လမ်းလေးထဲမှာပါ။ စမ်းချောင်းနား အနီးတဝိုက် ဆို လမ်းလျှောက်လာလည်း အဆင်ပြေတယ်။
FYI: ဖုန်းနဲ့ အပျော် ရိုက်တာကတော့ အချိန်မရွေး အဆင်ပြေပြီး Weekend သွားဖြစ်လို့ Camera နဲ့ ရိုက်
မယ့် သူများကတော့ ကြိုတင် ချိန်းဆိုပေးဖို့ request လုပ်ထားပါတယ်။
တစ်ခါလောက်တော့ အရောက်သွားသင့်တဲ့ နေရာလေးမို့ အဲ့နေရာလေးကို သွားဖြစ်ရင် ဖြူစင့်လိုမျိုး အားလုံးလည်း စိတ်ကြည်နူး ပျော်ရွှင်မှုလေးတွေ ခံစားရပါစေလို့ ဆန္ဒပြုရင်း Have a wonderful Sunday to you all ပါနော်
ချစ်ခြင်းများစွာဖြင့် မျှဝေရင်း
Dream with Gloria 🦋
By : Dream with Gloria
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ