bnr_tob_1

2020.12.07SOCIAL

COVID ကြီးပြီးရင် လှော်ကားဉယျာဉ်သွားကြမယ်

            အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့အတူ COVID-19 ရောဂါဆိုးကြီးကို ကြံ့ကြံ့ခံကျော် ဖြတ်နေပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ဟာ COVID-19 ရဲ့ဒါဏ်ကို အလူးအလဲခံစားနေရတာ ဖြစ်ပါ တယ်။ ရန်ကုန်မြို့နေ ပြည်သူတွေက စိတ်ပင်ပန်း၊လူပင်ပန်းနဲ့ ရောဂါဆိုးကို အားတင်းတိုက်ထုတ်နေကြရပါ တယ်။ မွန်း ကြပ်နေတဲ့ မြို့နေလူထုဟာစိတ်ကို COVID-19 ပြီးရင် ဆိုတဲ့ပျော်စရာအတွေးတွေနဲ့ ဖြေသိမ့်နေရတဲ့ ကာလဖြစ်ပါ တယ်။

            စိတ်ပင်ပန်းမွန်းကြပ်နေတဲ့ Yangon Style ပရိသတ်ကြီးကို COVID-19 ရောဂါကြီးပြီးတဲ့အခါ အမြန်ဆုံး နဲ့အနီးဆုံး သွားရောက်လည်ပတ်နိုင်မယ့် သဘာဝဉယျာဉ်လေးတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါက တော့ လှော်ကားဉယျာဉ်ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့အနီးဆုံးမှာ ရှိနေတဲ့ လှော်ကားဉယျာဉ်ကို နာရီပိုင်းအတွင်း လွယ်ကူစွာ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

            လှော်ကားအမျိုးသားဉယျာဉ်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ တည်ရှိတဲ့ အမျိုးသား ဉယျာဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြောက်ဘက် -၂၂မိုင် (၃၅ ကီလိုမီတာ) အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၂ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး စင်တာကို ပထမဆုံးတည်ထောင်ခဲ့ပြီး ရန်ကုန်မြို့နေပြည်သူများနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ လူ သိများထင်ရှားတဲ့ အပန်းဖြေဉယျာဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အကျယ်အဝန်းအားဖြင့် ၁.၅၄၀ဧက (၆၂၀ ဟက်တာ; ၂.၄၁ စတုရန်းမိုင်) ကျယ်ဝန်းပါတယ်။ ၈၁၈ ဧက က တောရိုင်းတိရစ္ဆာန်ဉယျာဉ်ဖြစ်ပြီး ၆၂ ဧက (၂၅ ဟက်တာ ; ၀.၀၉၇ စတုရန်းမိုင်) ကျယ်ဝန်းသော တိရိစ္ဆာန်ဉယျာဉ်ငယ်နဲ့ ၆၆၀ဧက (၂၇၀ ဟက်တာ; ၁.၀၃ စတုရန်းမိုင် ) ကျယ်တဲ့ ကြားခံနယ်မြေတို့ ပါဝင်ပါတယ်။

            လှော်ကားကန်ရဲ့ ပတ်လည်မှာ ဒရယ်၊ ဂျီ ၊တောဝက် စတဲ့ တောရိုင်းတိရိစ္ဆာန်များပေါများတဲ့အတွက် ၁၉၅၆ခုနှစ်မှာ ဆဌမ သံဃာယနာတင်တဲ့ အထိမ်းအမှတ်နဲ့ လှော်ကားကန်ပတ်လည်ကို ဘေးမဲ့တော အဖြစ်နဲ့ စတင် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၁၉၈၁-၈၂ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးတို့ ပူး ပေါင်းပြီး သဘာဝထိန်းသိမ်းရေးနှင့် အမျိုးအသားဉယျာဉ်များ တည်ထောင်ရေးစီမံကိန်း အစီအစဉ်နဲ့ လှော် ကားသဘာဝဉယျာဉ်ကို စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်၊ စက်တင်ဘာ၊ ၃၀ရက်မှာတော့ ပြည်တွင်းပြည်ပဧည့်သည်များ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

            လှော်ကားသဘာဝဉယျာဉ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကောင်းတွေလည်း ရှိနေပါတယ်။ ရန်ကုန် မြို့တော်ရေပေးဝေတဲ့ လှော်ကားသဘာဝတောကို ထိန်းသိမ်းရန်၊ သဘာဝဉယျဉ်အတွင်းမှာ ပေါက်ရောက်နေတဲ့ သဘာဝအပင်တွေ၊ ကျက်စားနေထိုင်ကြတဲ့ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ၎င်းတို့ရဲ့ ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ် ရန်၊ ပြည်တွင်းပြည်ပဧည့်သည်တွေ သဘာဝဉယျာဉ်ကိုလေ့လာပြီး အပန်းဖြေအနားယူနိုင်ရန်၊ ထိန်းသိမ်းရေးဆိုင် ရာလုပ်ငန်းတွေကို လူအများသိရှိနားလည်ပြီး ပါဝင်ပူးပေါင်းဆောင်ရွက်ရေးအတွက် စည်းရုံးရန်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးကို အထောက်အကူပြုရန် စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ လှော်ကား သဘာဝဉယျာဉ်ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

            ယခုအချိန်မှာတော့ လှော်ကားသဘာဝဉယျာဉ်ကို COVID-19 ရောဂါကြောင့် လာရောက်လည်ပတ်ခွင့်ကို ခဏပိတ်ထားပါတယ်။ ဒါ ပေမယ့် ဉယျာဉ်ထဲက တောရိုးတိရိစ္ဆာန်လေးတွေကို အစာကျွေးခွင့်ကိုတော့ အချိန်ပိုင်း နဲ့ကန့်သတ်ပြီး ခွင့်ပြုပေးနေပါတယ်။ လှော်ကားဉယျာဉ်ရဲ့ စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်၊ လေ့လာစရာ ကောင်းတဲ့ တောရိုင်းတိရိစ္ဆာန်တွေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို လေ့လာခံစားရင်း မိသား စု၊ သူငယ်ချင်းမိတ်ဆွေတွေ COVID-19 ရောဂါကြီးပြီးဆုံးတဲ့အခါမှာ တပျော်တပါးကြီး သွားရောက်လည်ပတ်ကြဖို့ အတွက် သတင်းကောင်းလေးပါးလိုက်ချင်ပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img