2020.12.28LIFE&TREND
ဆောင်းရာသီမှာ နှုတ်ခမ်းသားတွေ စိုပြေပြီး ပန်းရောင်သန်းစေမယ့် laneige lip sleeping mask (အတုအပသတိပြုပါ)

ဆောင်းရာသီမှာ နှုတ်ခမ်းတွေခြောက်သွေ့နေတာ လူတိုင်းကြုံရတဲ့ပြသနာတစ်ခုပါပဲ။ နှုတ်ခမ်းသားတွေခြောက်သွေ့ရင်း နှုတ်ခမ်းတွေ မည်းသွားတတ်တာတွေလည်းဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်အောင် နှုတ်ခမ်းနီအဆီကို ဆိုးပေးရတဲ့အခါ ရွေးချယ်တဲ့ တံဆိပ်ကလည်း မှန်ကန်ဖို့လိုပါတယ်။ နှုတ်ခမ်းစိုပြေအောင် ဆိုးပေးရတဲ့ အဆီတွေထဲမှာ ရွေးချယ်သင့်တဲ့အမှတ်တံဆိပ်တစ်ခုတော့ laneige ရဲ့ lip sleeping mask ပဲဖြစ်ပါတယ်။

သူဟာ နှုတ်ခမ်းနီနေ့တိုင်းဆိုးတတ်တဲ့သူတွေ၊ နှုတ်ခမ်းခြောက်တဲ့သူတွေ၊ နှုတ်ခမ်းသားကွဲတတ်သူတွေ၊ နှုတ်ခမ်းသားညိုတဲ့သူတွေအတွက်တော့ မဖြစ်မနေသုံးပေးရမယ့် lip mask လေးတခုပါပဲ။

>> သူ့မှာ Vitamin C ပြည့်ဝနေတဲ့ Berry သီးလေးများပေါင်းစပ်ပါဝင်တာကြောင့် အနံ့လေးကချိုအီသင်းပျံ့နေပြီး နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်းနဲ့ ညိုမဲနေခြင်းတို့ကို ထိရောက်စွာပြုပြင်ပေးနိုင်ပါတယ်။
>> နောက်ပြီးတော့ နှုတ်ခမ်းပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကို နူးညံ့စေဖို့ ပေါင်းတင်အားဖြည့်ပေးပါတယ်။

>> ညအိပ်ယာမဝင်ခင် skin care step တွေလုပ်တဲ့အခါ lip care လေးကိုလည်း မမေ့ပါနဲ့နော်။
>> ညဘက်မအိပ်ခင် lip sleeping mask ကို နှုတ်ခမ်းပေါ်မှာလိမ်းအိပ်ပေးရုံနဲ့ မနက်ရောက်တဲ့အခါ နှုတ်ခမ်းသားလေး နူးညံ့စိုပြေပြီး ပန်းရောင်လေးသမ်းနေစေမှာဖြစ်ပါတယ်နော်။
>> Laneige lip sleeping mask လေးတစ်ဗူးဆောင်ထားရင် matte type နှုတ်ခမ်းနီတွေဆိုးလည်း ပူစရာမလိုတော့ဘူးနော်… ညဘက်ကို ဒါလေးလိမ်းပြီးအိပ်လိုက်ရုံပါပဲလို့။
>> ဗူးသေးပေမယ့် အထင်မသေးနဲ့နော်… 3g ဗူးလေးကို ၁လကျော်လောက်သုံးလို့ရပါတယ်။
(ညဘက်ပဲသုံးရမှာဖြစ်ပြီး အမျိုးသားရော၊အမျိုးသမီးရော အသုံးပြုနိုင်ပါတယ်။)

အသုံးပြုပုံ။
ညအိပ်ခါနီး မျက်နှာသစ်ပြီး skin care အဆင့်ဆင့်လိမ်းပြီးသည့်အခါ lip sleeping mask အနည်းငယ်ကို နှုတ်ခမ်းသားထဲစိမ့်ဝင်အောင်သုတ်လိမ်းပေးပါ။
မနက်ရောက်မှ ရေဆေးချပေးရုံပါပဲ။
ဒီlip sleeping mask လေး က နှုတ်ခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးလို့ ညအိပ်ခါနီး လိမ်းရင် မနက်ဆို နှုတ်ခမ်းလေးက စိုစိုအိအိ လေးနဲ့ ပန်းရောင်လေးသန်းနေပါတယ်။ ဘူးသေး(၃ဂရမ်) ဘူးကြီး(၂၀ဂရမ်) ဆိုပြီး၂မျိုးရှိကာ ဘူးသေးက ၅ထောင်ကျပ်နဲ့အထက်၊ ဘူးကြီးက ၂သောင်းခွဲ၀န်းကျင်ရှိပါတယ်။ အတုအပလည်းရှိပြီး အတုတွေက အင်မတန်မှ စျေးတန်တာကြောင့် စျေးတန်တိုင်းမ၀ယ်ဖို့ သတိထားစေချင်ပါတယ်။ အတုအစစ် ခွဲခြားပုံကိုတော့ ပုံတွေဖော်ပြထားပေးပါတယ်။ ဘူးထဲက အစစ်တွေဟာ ဘူးထဲက ခရမ် လိမ္မော်ရောင်ဖက်ကို သန်းပြီး၊ အတုကတော့ ပန်းရောင်သန်းပါတယ်။ ဒီအချက်က အဓိကပါပဲ။
ကဲ…ဒီလိုဆိုရင်တော့ အားလုံးပဲ ပန်းရောင်၀င်းပပြီး စိုပြေလင်းလက်တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။
By : Theingi Kyaw
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ