bnr_tob_1

2020.10.22TRAVEL

ကျောက်ဖြူမှာ ဒီလိုလှတဲ့ကျွန်းတွေအများကြီးရှိသတဲ့ (ကျွန်းယဉ်)

😁ဘယ်အသားရောင်ခံနိုင်မှာလဲနော့်

ကျွန်းယဉ်လို့ပြောလိုက်တာနဲ့ Vlog ကြည့်ပြီးတဲ့လူတွေကတော့ မစိမ်းလောက်ဘူးလို့ထင်ပါတယ်။ မကြည့်ရသေးရင်လည်းအောက်မှာ Link ထည့်ပေးထားတယ်နော်။ ဒါက TD ရေးတဲ့အထဲမှာ ကျောက်ဖြူက တတိယမြောက်ကျွန်းလေးပေါ့။ အရင်က စွန်ပန်းချိုင်ကျွန်း၊ ဝက်ကျွိန် စတဲ့ကျွန်းတွေရေးထားတာရှိပါတယ်​။ အခုကျွန်းယဉ်ဆိုတာ ကျောက်ဖြူမြို့လေးကနေ ၁ နာရီခွဲကျော်ကျော် လောက်သွားရင် ရောက်တဲ့ကျွန်းလေးတစ်ခုပါ။ ကျွန်းပေါ်မှာလူလည်းမရှိတဲ့အတွက် အေးဆေးသွားချင်တဲ့သူတွေအတွက်ကတော့ အရမ်းသဘောကျစရာပါ​။ ကျွန်းယဉ်လို့ ဘာလို့နာမည်ထည့်ထားလဲတော့ TD လည်းမသိပါဘူး။

ကျွန်းယဉ်ကိုဘယ်လိုလူတွေပိုသွားသင့်လဲ?

•••••••••••••••••••••••••••••••••••••••• ပျော်ပွဲစားသွားမယ့်လူတွေအတွက်သင့်တော်မယ်လို့ထင်ပါတယ်​​။ သူငယ်ချင်းတွေအဖွဲ့လောက် စားဖွယ်သောက်ရာ အပြည့်အစုံနဲ့ဆို အတော်ပျော်စရာကောင်းမှာပါ။ ဓာတ်ပုံရိုက်စရာနေရာတွေကလည်းများပါတယ်။ ကျွန်းမှာလည်း ဆောက်ထားတဲ့အိမ်တစ်အိမ်ရှိပါတယ် ဘယ်သူ့အိမ်လဲတော့ မသိပါဘူး။ လူမရှိတော့ တက်ကြည့်ခဲ့ပါသေးတယ် ။ Tent ရှိတဲ့သူတွေ Tent ယူသွားပြီးအေးဆေး Chill လို့ရပါတယ်။ နေ့ခင်းဘက်တော့ တအားနေပူလို့ပါ​။ ကျောက်ဆောင်တွေအရမ်းလှပြီး Island Hopping တောင်လုပ်လို့ရပါတယ်။ အော် ပြီးတော့ ကျွန်းပေါ်မှာဂုံးရှာလို့ရပါသေးတယ်။ ကျွန်းယဉ်ရဲ့ဘေးပတ်ချာလည်မှာလည်း တခြားကျွန်းတွေအများကြီးရှိတာကြောင့် အချိန်ရရင် Island Hopping တောင်လုပ်လို့ရပါတယ်။ ညနေခင်းဆို အရမ်းနေလို့ကောင်းပါတယ် သောက်စရာလေးပါလာရင်ပေါ့ ( ရေပြောပါတယ် )

ကိုယ့်ပါကို setting ချပြီးရိုက်ထားတာ
ဒီလိုခရုလေးတွေပေါမှပေါ
ကမ်းခြေမှာသောက်တဲ့ကော်ဖီ
တစ်လျှောက်လုံးသွားလို့ရတယ်

အစားအသောက်တွေတော့ အကုန်ထည့်သွားပါ။ ကျွန်းက Virgin Island ဖြစ်တဲ့အတွက် သဲသောက်ပြင်၊ ကျောက်ဆောင်နဲ့ ဆားငံရေတွေကလွဲပြီး စားစရာမရှိပါဘူး​နော်။ ကျွန်းယဉ်ကိုဘယ်လိုသွားရမလဲ ?

••••••••••••••••••••••••••••••••

TD ပုံရဲ့အောက်ဆုံးမှာ ကျွန်းရှိတဲ့နေရာကို Map လေးနဲ့ပြပေးထားပါတယ်။ ကျောက်ဖြူကနေလာမယ်ဆိုရင် နည်းနည်းဝေးပါတယ်။ တန်းခါးရိုးတောင်တန်းကြားကဝင်လာရပါတယ်။ TD ကရွာကနေသွားတာဆိုတော့ မိနစ် ၄၀ လောက်ပဲကြာပါတယ်။ လာမယ်ဆိုရင် Life Jacket တော့ဝတ်လာပါနော်။ ရေလမ်းခရီးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဝတ်လာတာပိုအဆင်ပြေပါတယ်။ လှိုင်းတော့မကြီးပါဘူး။ ရန်ကုန်ကလူတွေလာလည်ချင်ရင်တော့ Covid ပြီးအောင်စောင့်ပါ ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ်။ ရန်ကုန် – ကျောက်ဖြူ လေယာဉ် (သို့) ကားစီးလာပြီး ကျောက်ဖြူကနေ စက်လှေငှားသွားလို့ရပါတယ်။ အဓိကလာမယ့်သူတွေကိုပြောချင်တာက Suncream များများလိမ်းလာပါ​။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ TDဆိုပဲအများလွန်ပြီး ခြေထောက်တွေ လက်တွေနေလောင်တာ ရစရာမရှိဖြစ်သွားတယ်။

မဲတူးနေပီ
ကျွန်းမျက်နှာစာ
ဟိုးမှာမြင်နေရတာတွေလည်းကျွန်းတွေပဲ
လှေပေါ်မှာ တစ်ဖြတ်

ပြီးတော့ ကျွန်းယဉ်နားမှာ တခြားကျွန်းတွေအပြင် ဖောင်သာဝတောင် ဆိုပြီး ကျွန်းတစ်ကျွန်းရှိပါသေးတယ်။ အဲ့ကျွန်းမှာက ကျောက်တောင်ပေါ်အထိ တက်လို့ရပြီး လင်းနို့ကြီးတွေအများကြီးရှိပါတယ်။ အဖွဲ့တောင့်ရင်တော့ အပြန်ဝင်လည်ကြပေါ့ အရေးကြီးဆုံးမှာချင်တာ တစ်ခုရှိပါတယ်။ ပါးစပ်စည်းစောင့်ဖို့ပါပဲ။ ကျွန်းယဉ်က နတ်ကြီးတယ် ရခိုင်လိုပြောရမယ်ဆိုရင်တော့ အချင်းမမှားရဘူးလို့ပြောကြပါတယ်။ ပေါက်ကရတွေပြောလို့မရပါဘူး။ နာမည်ခေါ်ရင်မထူးရဘူးလို့လဲပြောပါတယ်။ ကျွန်းစောင့်နတ်တွေရှိတယ်လို့ပြောကြပါတယ်။ အဲ့ဒါကိုတော့ လူတိုင်း ထပ်ခါထပ်ခါမှာလိုက်ပါတယ်။ နောက်ဆုံးမှာချင်တာကပေါ့ အမှိုက်တွေမပစ်ခဲ့ပါနဲ့နော်။ ကျွန်းလေးက သန့်ရှင်းပြီး လှနေတာကို သင်တို့ရဲ့အမှိုက်တွေကြောင့် အကြည်းမတန်ပါစေနဲ့။

ကျောက်ဆောင်အကြီးကြီးတွေရှိတယ်
အပြင်မှာတော်တော်လှ
ဟိုးဘက်က ဂုံးရှာလို့ရတဲ့နေရာ
ကျွန်းမှာတွေ့တဲ့အိမ်
ပဲပေးပရစေ
ရိုက်တာအတော်ဖြူသွားတယ်
ညနေခင်းဆို ရေဆော့လို့ကောင်းတယ်
ဒါကတော့ VSCo filter လေးတွေနဲ့ ကွီးယားဆန်ဆန်
ကျွန်းကအပင်တွေနဲ့ ကွီးယားဆန်ဆန်
တိမ်တွေသိပ်လှတယ်

TD တို့ကျောက်ဖြူမှာ အဲ့လိုကျွန်းတွေ ၇၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။ နာမည်အကြီးဆုံးကတော့ Snorkeling ပါလုပ်လို့ရတဲ့ ဆိတ်ကျွန်းပါ။ ရာသီဥတုအခြေနေကောင်းရင် သွားဖို့လုပ်ထားပါတယ်။ ခုတော့ လက်လှမ်းမီသလောက် ကျွန်းတွေသွားပြီး Vlog လေးတွေရေ Blog တွေပါလုပ်ပေးပါ့မယ်နော်။ ကျောက်ဖြူမြို့လေး Covid ကင်းစင်သွားရင် တခါလောက်လာလည်ဖို့ဖိတ်ခေါ်ပါတယ်။

ပို့စ်ပေးဖို့ အပင်တွေကလဲအသင့်ရှိတော့
Pinterest ကပုံတွေလို
သယ်လာရတာမလွယ်ဘူးနော်
စက်လှေပေါ်ပါလာတဲ့ ဂုံးရှာတဲ့သူတွေ
လင်းနို့တွေရှိတဲ့ကျွန်း အပေါ်ထိတက်လို့ရတယ်
ပျော်တာနော် ပါးစပ်တောင်မစိဘူး
ရိုက်ချင်လို့ကိုတမင်ယူသွားတာ

ကျောက်ဖြူမြို့လေးရဲ့အလှတွေက လာလည်တဲ့သူတွေကို ဘယ်တော့မှစိတ်မပျက်စေရပါဘူးနော်။အခုလည်းအားလုံးပဲ Covid ရောဂါကို အတူတကွတွန်းလှန်ရင်း လွတ်လွတ်လပ်လပ်နဲ့ ခရီးတွေအမြန်ဆုံးသွားလို့ရမယ့်နေ့ကိုစောင့်ရအောင်နော်။ အဆုံးထိဖတ်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ ဓာတ်ပုံရိုက်ကောင်းကောင်းရိုက်ပေးမယ့်သူမပါလို့ တစ်ချို့ပုံလေးတွေတော့ သည်းခံကြည့်ပေးနော်။ နောက်ထပ် ကျွန်းတွေ ကျောက်ဖြူမြို့လေးရဲ့အလှအပတွေသိချင်တယ်ဆိုရင်တော့ Page လေးကို Like & Follow လုပ်ထားဖို့မမေ့ကြနဲ့ဦးနော်။

တော်တော်လှတာနော်
ဟိုးမှာ ဂုံးရှာနေတာလူသေးသေးလေးတွေ့လား
ပြေးနေလိုက်
နေပူလွန်းလို့ နေရိပ်တဲ့နေရာလိုက်ရှာရင်း
ဒါမျိုးလဲရိုက်လို့ရ
အမှန်တော့ TD ဘဝကဒီလိုပါ
ကျွန်းကအကြီးကြီးပဲ
ကိုရီးယားကားထဲကလို
ကျောက်နံရံအမြင့်ကြီးတွေရှိတယ်
အဆွေးတစ်လိုင်းတွေလဲ ထိုင်ဆွေးလို့ရတယ်
အဆုံးထိဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်

ဒါကတော့ ကျွန်းယဉ် Vlog linkပါ

••••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/1160378227691779/?vh=e&extid=0&d=n

Instagram –

https://instagram.com/aye_thader_hlaing?igshid=1w6k7gm4t7x68#TDsTravelNotes#KyunYinIsland#VirginIsland#Allaboutrakhine#KyaukPhyu

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img