bnr_tob_1

2020.11.23TRAVEL

တစ်သတ်မှာတစ်ခါထွက်ဖူးသင့်တဲ့ သူငယ်ချင်းများနှင့် Beach picnic

😍😍ရှယ်ပဲ

Travel Blogger တစ်ယောက် ကမ်းရိုးတန်းဒေသဖြစ်တဲ့ ဇာတိမြေကျောက်ဖြူမြို့လေးမှာ ပိတ်မိနေတော့ အဆိုးထဲကအကောင်းလို့ပြောရမှာပေါ့နော်။ ဒီ Blogလေးက ကမ်းခြေကိုလွမ်းနေတဲ့သူတွေအတွက် ကမ်းခြေအလွမ်းပြေမယ်လို့လည်းထင်ပါတယ်။ သဒ္ဓါတို့တွေ ပြည်တွင်း၊ ပြည်ပကနေရာမျိုးစုံကို ခရီးတွေထွက်လေ့ရှိကြတယ်မလား။ အလုပ်ကိစ္စသော်လည်းကောင်း၊အပျော်ခရီးသော်လည်းကောင်းပေါ့။ အဲ့လိုမျိုးခရီးတွေထဲမှာမှ တစ်သတ်မှာတစ်ခါလောက်တော့ သွားသင့်တဲ့ ခရီးတစ်ခုကို သဒ္ဓါအကြံပေးပရစေ။ အဲ့ဒါကတော့ Beach Picnic ပါ။ အခုတည်းက သူငယ်ချင်းတွေစုပြီး Covid ပြီးတာနဲ့ Beach Picnic ထွက်ဖို့ တိုင်ပင်ထားလိုက်ကြတော့နော်။

အဲ့လိုရဖို့ ၂ နာရီလောက်ကြိိုးစားလိုက်ရတယ်
ကျောက်ဖြူသူအချောလေးတွေ
အဖွဲ့လိုက် ဒိုးပြီ

ဘာလို့ Beach Picnic ထွက်သင့်လည်းလို့မေးရင် အရမ်းပျော်စရာကောင်းလို့ပါလို့ပဲ ဖြေချင်ပါတယ်။(၁) သူငယ်ချင်းတွေ စုဖြစ်တယ်။(၂) တစ်ယောက်နဲ့တစ်ယောက်ပိုပြီး နွေးထွေးလာမယ်။(၃) အချင်းချင်းပိုပြီးရိုင်းပင်းကူညီတတ်လာတယ်။(၄) အချက်ပြုတ် စကေးတွေလည်းပြလို့ရမယ်။(၅)သူများတွေမနာလိုဖြစ်ရလောက်အောင် အဖွဲ့လိုက် ဓာတ်ပုံတွေရမယ်။(၆) ဘယ်ချိန်ပြန်တွေးတွေး ကြည်နူးရမယ့် အမှတ်တရကောင်းတွေ ကျန်ရှိမယ်။ကဲ အဲ့လောက်ဆို သွားသင့်တယ်လို့မထင်ဘူးလား။ ကိုယ်တိုင်သွားရင်တော့ ဒီထက်ပျော်ဖို့ကောင်းတာကို ခံစားရမယ်လို့ အာမခံပါတယ်။ သဒ္ဓါတို့ Beach Picnic ထွက်ဖြစ်ခဲ့ပုံကတော့ ဒီလိုပါ။

စုံပလုံစိ
BBQ အတွက်ပြင်ဆင်
ပျော်စရာကြီး

Covid ကြောင့် Stay Home နေရတာလည်းကြာပီ။ ခြေရှည်လွန်းတဲ့ မိသဒ္ဓါကပဲ စပြီးဦးဆောင်ဖြစ်တာပေါ့နော်။ အဲ့လိုနဲ့ ကျောက်ဖြူကသူငယ်ချင်းတွေအားလုံးစုလိုက်တယ်။ BBQ လုပ်ဖို့အတွက်မနက်အစောကြီး ကိုယ်တိုင်စျေးသွားပြီး အသားတွေသွားဝယ်တယ်။ ပီးရင် သူငယ်ချင်းတွေစုပြီး Picnic သွားဖို့ပြင်ဆင်ကြတယ်။ မနက်တစ်ပိုင်းလုံးကတော့ ပြင်ဆင်လိုက် ခွီလိုက်နဲ့ပဲ အချိန်တွေကုန်ကြတာပေါ့။ ၁၀ နာရီသွားဖို့စီစဉ်လိုက်တာ ၁၂ နာရီကျော်မှ သွားရတယ်လေ။ အကုန်အလွဲလွဲအချော်ချော်ဇာတ်လမ်း စပါပြီ။ ကျောက်ဖြူမြို့မှာ နတ်ကျောက်ကမ်းခြေဆိုတာရှိတယ်။ သဒ္ဓါ Page မှာတစ်ခေါက်ရေးဖူးတော့ ဖတ်ချင်ရင် Page မှာရှာဖတ်လို့ရတယ်နော်။ အဲ့ကမ်းခြေမှာ အမုန်းတရားကင်းမဲ့ဇုန်ဆိုပြီး Chill လို့ကောင်းတဲ့နေရာတစ်ခုရှိတယ်လေ။ အရင်ကတော့ စားသောက်ဆိုင် အခုပိတ်ထားပေမယ့် သွားထိုင်လို့ရတယ်။ သဒ္ဓါတို့အဖွဲ့ Picnic လုပ်မယ့်နေရာကို အဲ့ဒီမှာပဲရွေးလိုက်တယ်။ ကဲအဲ့လိုနဲ့ ဆိုင်ကယ် ကိုယ်စီနဲ့စထွက်ပါတယ်။ စထွက်တာနဲ့ မေ့လာခဲ့တာက မီးဖိုပါ BBQ လုပ်မယ့်သူတွေ မီးဖိုကျန်ခဲ့တာ ဘယ်သူမှ သတိမရကြပါဘူးနော်။ တစ်ခေါက်ပြန်ယူရပါသေးတယ်။ ကမ်းခြေရောက်တော့ ထပ်လွဲပါတယ်။ မီးသွေးကော မီးခြစ်ကော တစ်ယောက်မှပါမလာကြပါဘူး။ အဲ့တော့ အနီးအနားမှာ မီးသွေးလိူက်ရှာရပါသေးတယ်။ ထပ်လွဲပါသေးတယ်ရှင်

စားဖို့ ဇွန်းတွေ တူတွေပါမလာတဲ့အပြင် လေအရမ်းတိုက်လို့ မီးစွဲဖို့အရေး ၂ နာရီလောက်ကြာသွားပါတယ်။ မိသဒ္ဓါတို့ တလွဲစိန်အဖွဲ့ရဲ့ BBQ လေးဟာဆိုရင်ဖြင့် ၁၂ နာရီကစလုပ်လိုက်တာ ၃ နာရီမှာစကင်ရပါတယ်။

ရှင်တို့က ယောက်ကျားလေးတွေပဲ
မသိဘူး စားမယ်
ကြက် ဝက် ပုဇွန် အစုံ
ကင်မယ်
အချောလေးအဖွဲ့
ဓာတ်ပုံပတ်ရိုက်လို့ရသေးတယ်
အပေါ်စီးကနေမြင်ရမယ့် နတ်ကျောက်ကမ်းခြေ

မီးဖိုလည်း ယောက်ကျားလေးတွေလုပ် မီးသွေးရှာလည်း ယောက်ကျားလေးတွေခိုင်းပေါ့နော်။ မိန်းကလေးတွေကတော့ ရှယ်သာယာတာနော်။selfie လေးဆွဲလိုက် ဓာတ်ပုံလေးရိုက်လိုက်နဲ့ပေါ့။ BBQ လေးနဲ့ဆိုလိုက်ဖက်တဲ့အရာသိတယ်မလား

ကော်ဖီနဲ့တော့ တွဲမစားသင့်ဘူးနော်

စားပြီးရင် ကမ်းခြေမှာ ဓာတ်ပုံဆင်းရိုက်
အဆွေးတစ်လိုင်းကလဲရှိသေး
Quality Time ဆိုတာ ဒါမျိုးလား

အဲ့လိုနဲ့ ကင်လိုက်စားလိုက် ဓာတ်ပုံရိုက်လိုက်။ရေထဲပြေးဆင်းလိုက် အတော်လေးကို ပျော်စရာကောင်းပါတယ်။ ရန်ကုန်ကသူငယ်ချင်းတွေကိုလည်း ထပ်ခေါ်လာဥိီးမှာပါ။ လုံးဝနောင်တမရစေရပါဘူး။ Beach မှာကိုယ်တွေအဖွဲ့ပဲရှိတော့ ဂစ်တာတီး သီချင်းတွေဆို သဲသောင်မှာ ပြေးလိုက် လွှားလိုက် ပျော်စရာကြီးပေါ့။ Vlog လည်းတင်ထားတာမို့ အောက်မှာ Link ချပေးထားတယ်နော်။ ကျောက်ဖြူသူလေးတွေ ဘယ်လောက် ချောလည်း ကြည့်လို့ရတယ်

တလွဲစိန်အဖွဲ့
အဲ့လိုသူငယ်ချင်းကောင်းမျိုးလိုအပ်တယ်နော်
ဂယက်မအဖွဲ့
Funny postတွေရိုက်ပစ်
ကဲ ညနေစောင်း ပြန်ပီ

အဲ့ဒါကြောင့် တစ်သတ်မှာတစ်ခါလောက်တော့ သူငယ်ချင်းတွေနဲ့ Beach Picnic သွားဖို့အကြံပေးလိုက်ရပါတယ်နော်။ နောက်ထပ် ကမ်းခြေတွေ ကျွန်းတွေအကြောင်း သိချင်ရင် Page လေးကို Follow လုပ်ထားပေးကြပါဦးနော်။ ရန်ကုန်မပြန်ရမချင်း ဆက်တိုက်သွားပြီး တင်ပေးမယ်နော်

Beach Picnic Vlog Link

•••••••••••••••••••••••

https://www.facebook.com/100044179011909/posts/220716119411020/?vh=e&extid=0&d=n

အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ Instagram မှာလည်း Follow လုပ်ထားလို့ရပါတယ်။

https://instagram.com/aye_thader_hlaing?igshid=qrtnlmctvcjh#TDsTravelNotes#Beachpicnic#Kyaukphyu

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img