bnr_tob_1

2020.06.15TRAVEL

အရိုင်းဆန်တဲ့အလှနဲ့ နတ်ကျောက်ကမ်းခြေ (ကျောက်ဖြူ)

ဒါကအမုန်းတရားကင်းမဲ့ဇုန်ရှေ့ကခုန်လေးမှာ တစ်ယောက်တည်းဆွေး

နတ်ကျောက်ကမ်းခြေလို့ပြောလိုက်တော့ ရန်ကုန်ကလူတော်တော်များနဲ့ စိမ်းနေလိမ့်မယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ် နတ်ကျောက်ကမ်းခြေဆိုတာ ရခိုင်ပြည်နယ်တောင်ဘက်ပိုင်း ကျောက်ဖြူမြို့မှာရှိတဲ့ ကမ်းခြေလေးတစ်ခုပါ​။ နတ်ကျောက်ကမ်းခြေဆိုတာ နတ်ကျောက်တောင်နဲ့ ကမ်းခြေ အတူယှဉ်တွဲရှိတဲ့နေရာလေးပေါ့။ ကျောက်ဖြူမှာဆိုရင်တော့ ဘယ်သူ့ကိုမေးမေး မသိတဲ့လူမရှိသလောက် နာမည်ကြီးတဲ့နေရာလေးတစ်ခုပါ။

ရှေ့ကနတ်ကျောက်ကြီးပေါ့၊ အဲ့နတ်ကျောက်က လှိုင်းလာပုတ်တဲ့အချိန်က အလှဆုံးပဲ

နတ်ကျောက်ကမ်းခြေ (နတ်ကျောက်တောင်) ကတော့ ကျောက်ဖြူမြို့လေးရဲ့ အပြင်ဖက်မှာတည်ရှိပါတယ်။ ကျောက်ဖြူမြို့အထွက် ကမ်းနားလမ်းတစ်လျှောက်လာပြီးရင် ကျောက်တစ်လုံးဘုရားရှိပါတယ်။ ကျောက်တစ်လုံးတောင်မှာ ဂူပေါက်များစွာနဲ့ တည်ထားတဲ့ဘုရားပေါ့။ လမ်းတစ်ဖက်ခြမ်းမှာတော့ နတ်ကျောက်ကို တစ်ဝုန်းဝုန်းလာရိုက်နေတဲ့ လှိုင်းလုံးကြီးတွေနဲ့ နတ်ကျောက်ကမ်းခြေလေးပေါ့….

နတ်ကျောက်ပေါ်မှာလုပ်ထားတဲ့ ပုခက်လေး
ပုခက်လာဆင်ပေးထားတဲ့လူကိုလဲ ကျေးဇူးတင်ပါတယ်နော်
အပေါ်စီးကနေကြည့်လို့ရတယ်

နတ်ကျောက်ကမ်းခြေကိုတစ်ချို့က နတ်ကြီးတယ်လို့လဲပြောတာကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့ TD လဲသေချာမသိဘူး။ အဲ့ဒီ နတ်ကျောက်တောင်အပေါ်မှာ ပုခက်လေးတွေလုပ်ထားတော့ အမလေး ဘာပြောကောင်းမလဲ လတ်ဆက်တဲ့ပင်လယ်လေတစ်ဖြူးဖြူးနဲ့ ဇိမ်ကျနေရောပဲလေ

အရင်တုန်းကဆို အဲ့ဒီနတ်ကျောက်နားမှာ ဘာဆိုင်မှ ထွေထွေထူးထူးမရှိဘူး။ အခုဆိုရင် အမုန်းတရားကင်းမဲ့ဇုန်ဆိုပြီး Beach Side Restaurant ကြီးနဲ့ နတ်ကျောက်ဖက်ကို မျက်နှာမူထားတဲ့ ဟိုတယ်ကြီးတစ်ခုလည်း ဆောက်ထားပြီးပါပြီ။ အဲ့ဒီဟိုတယ် ဖွင့်ရင်တော့ အပေါ်ထပ် နတ်ကျောက်မြင်ရတဲ့ View မှာ ရအောင်သွားတည်းဦးမှာပါ။ မျက်လုံးထဲတင် တော်တော်လှနေပါပြီ။ တည်းပြီးရင် Review လေးလည်း ပြန်ရေးပေးမယ်နော်။

နတ်ကျောက်တောင်ပေါ်တက်ပြီး အပေါ်စီးကနေ ပင်လယ်အလှကိုခံစားလို့ရသလို ကျောက်တောင်တစ်ဖက်မှာရှိတဲ့ ကမ်းခြေကိုလည်း ကျောက်တောင်ပေါ်ကရော တောင်အောက်ကပါ သွားလို့ရပါသေးတယ်။ ပြီးတော့ရှိသေးတယ် နတ်ကျောက်ရဲ့အလှကို ရေကျချိန်မှာ နတ်ကျောက်အောက်ကဂူထဲလည်းဝင်လို့ရသေးတယ်လေ ရေအတက်အကျအချိန်ကိုတော့ စောင့်ရတာပေါ့နော်….

ဒါက ခုနက နတ်ကျောက်ရဲ့ တစ်ဖက်ခြမ်းမှာ
အဲ့လိုခုံလေးတွေရှိတော့ ညနေခင်းဆို အေးဆေးနှပ်ပဲ ဟီး

နတ်ကျောက်ရဲ့တစ်ဖက်မှာက ကျောက်ဆောင်တွေ၊ ကျောက်တန်းတွေနဲ့ နတ်ကျောက်ကမ်းခြေရှိပါသေးတယ်။ ဒီဖက်မှာကတော့ Hotel zone နဲ့အပန်းဖြေမယ့်နေရာလေးပေါ့။ ကျောက်ဆောင်တွေရှိတဲ့ ကမ်းခြေကတော့ ရေကစားမယ်ဆို နဲနဲတော့အန္တရာယ်များမယ်ထင်ပါတယ်။ ကျောက်အငူအသေးလေးတွေ၊ ကျောက်ဆောင်အသေးလေးတွေပေါတာကြောင့် ချော်လဲတာတို့၊ လှိူင်းပုတ်မိတာတို့ဆို ထိခိုက်မှာစိုးလို့ပါ။ ဓာတ်ပုံရိုက်လို့တော့ သိပ်ကောင်းတာပေါ့… ဒီဖက်က Hotel Zone ရှိတဲ့ကမ်းစပ်မှာတော့ အေးဆေးဆော့ကစားလို့ရပါတယ်။ Hotel ကလဲ ခုံတန်းတွေလုပ်ထားပေးတော့ အေးဆေး Chill ပြီး Relax လုပ်လို့ရတယ်လေ။

ဒီဖက်အခြမ်းမှာ ရေဆော့လို့တော့အဆင်မပြေဘူး

ကျောက်ဖြူကဒေသခံတွေလည်း ညနေခင်းဆို နတ်ကျောက်မှာ အနားလာယူကြတာမျိုးတွေ့ရပါတယ်။ ညနေခင်း နေဝင်ချိန်မှာ နတ်ကျောက်ကို ပင်လယ်လှိုင်းလုံးကြီးတွေ ရိုက်ခက်နေတဲ့ပုံက မျက်လုံးထဲကကိုမထွက်တော့ဘူးလေ။ ပုဇွန်ဆီရောင်သမ်းနေတဲ့ကောင်းကင်အောက်မှာ ဝိုင် (သို့) အုန်းရည်လေးတစ်ခွက်နဲ့ ဘဝရဲ့အရသာကိုခံစားရင်း တွေးမိတွေးရာလေးတွေနဲ့ ခေတ္တနိဗ္ဗာန်ပေါ့…

​ကမ်းခြေကလည်း လူအရမ်းမရှုပ်ပဲ သန့်ရှင်းနေတော့ ငွေဆောင်တို့ ချောင်းသာတို့ဆိုတာ ကိုယ့်အတွေးထဲ မတိုးတော့ဘူးလေ…. ရေကစားတဲ့လူ၊ လမ်းလာလျှောက်တဲ့လူ၊ Relax လာလုပ်တဲ့လူနဲ့ အမုန်းတရားကင်းမဲ့ဇုန်မှာ အဆင်ကိုပြေနေရောပေါ့….

အလယ်မှာနတ်ကျောက် တစ်ဖက်နဲ့တစ်ဖက် ကမ်းခြေကမတူဘူးလေ
အမုန်းတရားကင်းမဲ့ဇုန်ထဲမှာ ဒီလိုနေရာလေးတွေလည်းရှိတယ်
သာသာယာယာပဲ
နေ့လည်ဆို အမိုးအောက်ထိုင် အုန်းရည်လေးသောက်
ဒီလိုခုံတန်းလေးတွေရှိတယ်လေ
ညနေဆို လှနေရော
သန့်ရှင်းပြီး အရိုင်းဆန်တဲ့ ကမ်းခြေ
နေဝင်ချိန်လေးကိုသိပ်ကြိုက်တာ
နတ်ကျောက်နဲ့ နေဝင်ချိန်
ဒါရေကျတဲ့အချိန် ခုနကနတ်ကျောက်တောင်အောက်ကဂူထဲကိုဝင်ထားတာ
ချစ်ရတဲ့သူသာပါရင် ဘဝကြီးဟာပြီးပြည့်စုံပီပေါ့
နတ်ကျောက်က လူမျက်နှာပုံကျောက်တုံးတွေ
ဒါက အဆစ်ထည့်ပေးထားတာ ကျောက်ဖြူ View point
view point အပေါ်ထပ်မှာ
ဂျပန်မဆိပ်လို့ခေါ်တယ် TD အတွက်တော့ ကျောက်ဖြူမှာ အဆွဲဆောင်နိုင်ဆုံးနေရာလေးပဲ။ နွားလှည်းဂါရီကြီးတွေနဲ့ ပင်လယ်မှာစောင့်နေတဲ့ လှေငယ်လေးတွေဆီသွားရတာ အဲ့လိုလေးတကယ်မြင်ချင်ရင် ကျောက်ဖြူမြို့ကိုသာ လာခဲ့လိုက်တော့
ငြိမ်းချမ်းလှပတဲ့ ကျောက်ဖြူမြို့လေးကို အလည်လာဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင့်

နတ်ကျောက် (ကျောက်ဖြူ)ကိုဘယ်လိုသွားမလဲ?

•••••••••••••••••••••••••••••••••••••••••••••

ရန်ကုန်ကနေ Express, Flight အကုန်ရှိပါတယ်။ Express တွေကတော့ အခုCovid ကာလအတွင်းမှာ ၃၀၀၀၀ ခန့်ရှိပြီး နေ့လည် ၂ နာရီဝန်းကျင်ကိုထွက်လေ့ရှိပါတယ်။ ရခိုင်ရိုးမကြီးကိုကျော်ဖြတ်ပြီး နောက်နေ့ မနက် ၉နာရီဝန်းကျင်ခန့်မှာ ကျောက်ဖြူမြို့လေးကိုရောက်ပါတယ်။ ကျောက်ဖြူမြို့နားနီးတာနဲ့ ကားပေါ်ကနေဆင်းချင်နေပါပြီ။

ပင်လယ်ပြင်ကြီးကိုတောက်လျှောက်မြင်လာရတာကိုး။ ကားနာမည်တွေကတော့ အောင်သစ္စာ၊ မာန်သစ္စာ၊ မျိုးဆက်သစ်၊ ရဲအောင်လံ စတဲ့ကားတွေအများကြီးရှိတာမို့ ကိုယ်ကြိုက်နှစ်သက်ရာကားကိုရွေးချယ်စီးနိုင်ပါတယ်။ လေယာဉ်ကတော့ တစ်ပတ်ကို ၅ ရက်ထွက်ပါတယ်။ ၆သောင်းကနေ ၁ သိန်းဝန်ကျင်ခန့်ရှိပါတယ်။

တည်းခိုဖို့အတွက် Hotel တွေကတော့ ကမ်းနားမှာ Palace hotel, Kyauk Phyu Hotel, ဗာရာဏသီ စတဲ့ နာမည်ကြီးဟိုတယ်တွေရှိပါတယ်။ မြို့ထဲမှာတော့ Hnin Taung Hotel ဆိုတာရှိပါတယ်။ စျေးလဲသင့်တင့်တော့ မြို့ထဲမှာတည်းခိုမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ တခြား Motel တွေ Guest House တွေလဲရှိပါသေးတယ်။

https://www.facebook.com/HOTEL-VARANATHI-1747864092118672/

https://www.facebook.com/Hnin-Taung-Hotel-1368300433289647/

https://www.facebook.com/PalaceHotelRestaurant/

(၁) ကျောက်ဖြူမြို့အကြောင်းအသေးစိတ်ဖတ်ချင်ရင်တော့ အောက်က Link မှာဝင်ဖတ်လို့ရပါတယ်

https://www.facebook.com/648027725593501/posts/839570916439180/?d=n

(၂) ကျောက်ဖြူမြို့ကနေ လှမ်းမြင်နေရတဲ့ကျွန်းလေးတစွန်ပိုင်းချိုင် အဲ့ကျွန်းအကြောင်းဖတ်ချင်ရင်တော့ အောက်က Link မှာဝင်ဖတ်လို့ရပါတယ်

https://www.facebook.com/648027725593501/posts/812996822429923?sfns=xmo

(၃) ဒါကတော့ ကျောက်ဖြူအကြောင်း MRTV-4 မင်္ဂလာပါ Morning Show မှာပြောထားတဲ့ Linkပါ.

https://www.facebook.com/648027725593501/posts/843411716055100/?vh=e&d=n

အေးချမ်းသာယာတဲ့ ကျောက်ဖြူမြို့လေးကို တစ်ခါတစ်ခေါက်တော့ အလည်လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်…. အားလုံးပဲ သာလီစွပါ

#TDsTravelNotes#NatKyaukBeach#VirginBeach#Rakhine#KyaukPhyu

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.